What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"ရှပ်အင်္ကျီလက်ရှည်ကို စတိုင်ကျကျ ဘယ်လိုဝတ်မလဲ"

အချို့မိန်းကလေးတွေက ရှပ်အင်္ကျီလက်ရှည်တွေကို ဝတ်ရတာ သဘောကျကြပါတယ်။ ရှပ်အင်္ကျီလက်ရှည်ကိုမှ နှစ်သက်တယ်ဆိုတဲ့ ပျိုမေတို့အတွက် ရှပ်အင်္ကျီတွေကို ဘယ်လိုစတိုင်ကျကျ ဝတ်ပြီး လန်းနိုင်မလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

 

ယောက်ျားလေးတွေထက် မိန်းကလေးတွေက အဝတ်အစားဝတ်တဲ့နေရာမှာ ပိုပြီးရွေးချယ်စရာတွေများသလို ဘယ်နေရာသွားသွား လိုက်ဖက်မှုရှိအောင် ရွေးချယ်ဝတ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ အဝတ်အစားဆိုတာ ဒီအတိုင်းကြည့်လိုက်ရင် ကြည့်လှနေပေမယ့် လိုက်ဖက်တာနဲ့ တွဲဝတ်တတ်မှစတိုင်ကျပြီး စွဲဆောင်မှုရှိနေမှာပါ။

 

ဒါ့ကြောင့် ရှပ်အင်္ကျီလက်ရှည်တွေကို ဘာနဲ့တွဲဝတ်သင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

 

- ရှပ်အင်္ကျီနဲ့ မီနီစကပ်

Nos anos 2000, eu usava mini saia jeans para todos os lugares. Hoje, não escolho com frequência, mas isto não significa que desgosto dela. Afinal, é uma alternativa para quem quer deixar o short de lado.

ရှပ်အင်္ကျီဆိုရင် ဘောင်းဘီနဲ့ပဲ တွဲဝတ်ရမယ်လို့ အထင်မှားနေလေ့ရှိပါတယ်။ စကပ်နဲ့တွဲဝတ်လို့ မလိုက်ဘူးလို့လဲ ထင်ကောင်းထင်နေပါလိမ့်မယ်။ တကယ်တမ်းကျတော့ ရှပ်အင်္ကျီလက်ရှည်နဲ့မီနီစကပ်အတိုကို တွဲဝတ်လိုက်ရင် မိန်းကလေးဆန်ပြီးကောက်ကြောင်းလေးပေါ်လွင်နေမှာပါ။ ရှပ်အင်္ကျီကို စကပ်အထဲ ထည့်ဝတ်ရပါမယ်။အပြင်မှာ ထုတ်ထားရင် ခါးအလှမပေါ်တော့လို့ပါ။

 

- အောက်ခံအင်္ကျီနဲ့ တွဲဝတ်ခြင်း

StyleOnme_Check Print Everyday Collared Shirt #check #collared #shirt #koreanfashion #koreanstyle #kfashion #falltrend #dailylook

 

ရှပ်အင်္ကျီကို တစ်ထည်တည်းဝတ်တာမလုပ်ပဲ အောက်က တီရှပ်အဖြူ သို့မဟုတ် အမဲဝတ်ပြီး အပေါ်က ရှပ်အအင်္ကျီကို ထပ်ဝတ်လိုက်တာ စတိုင်ကျပါတယ်။ ဒီလိုစတိုင် ဝတ်မယ်ဆိုရင် အောက်ကဘောင်းဘီနဲ့ ပိုလိုက်ပါလိမ့်မယ်။ ရှပ်အင်္ကျီလက်ကို တံတောင်ဆစ်လောက်အထိ ခေါက်ပြီး ဝတ်တာပိုပြီးမိုက်ပါတယ်။ ခေါက်တဲ့နေရာမှာ လိပ်တင်တာမျိုးမလုပ်ပဲသေချာခေါက်ပါ။

 

- ရှပ်အင်္ကျီနဲ့ အသားကပ်ဘောင်းဘီ

#wattpad #de-todo asuntos donde tú formas parte de la famosa banda de k-pop BTS. ¡disfruten hijas de Dios! y si no pues que san Ramona las perdone uwur

 

ထုံးစံအတိုင်း ရှပ်အင်္ကျီတွေက ပွပါတယ်။ အပေါ်ကပွနေရင် အောက်ကအကျပ်လေးဝတ်လိုက်မှ ပိုလိုက်ဖက်ညီပါတယ်။ ရှပ်အင်္ကျီကို အပြင် ထုတ်ဝတ်ပြီး အောက်ကအသားကပ်ဘောင်းဘီလေး ဝတ်လိုက်ရင် ရှည်သွယ်တယ်လို့ထင်ရစေပါတယ်။

 

- ခါးတိုတီရှပ်နဲ့ စကပ်အကား

StyleOnme_Linen Tie Waist Collared Shirt #navy #linen #shirt #stylish #koreanfashion #kstyle #kfashion #springtrend #dailylook

 

အပေါ်က ခါးတိုတီရှပ်လေး ဝတ်ပြီးအောက်ကစကပ်အကားလေး ဝတ်လိုက်ပါ။ ပြီးရင် ရှပ်အင်္ကျီကို ခါးမှာ စီးလိုက်ပါ။ အရမ်းကို အချိုးကျ လှပသွားမှာပါ။ အပေါ်ကတီရှပ်ကို ပြောင်တီရှပ် ဝတ်ရင် ပိုသင့်တော်ပါတယ်။ ဒါမှ ခါးက ရှပ်အင်္ကျီ အလှပေါ်လွင်မှာ မို့လို့ပါ။

 

- ပခုံးအောက်လျှောဝတ်ခြင်း

E nada como uma bolsa de alça longa para deixar o visual mais cool, certo? Para contrapor looks mais delicados, opte por uma alça mais grossa.

 

ရှပ်အင်္ကျီကို ပခုံးအောက်လျှောဝတ်လို့လဲ ရပါတယ်။ အင်္ကျီကော်လာကို ပခုံးနားမှာထားပြီး တတိယကြယ်သီးလောက်ကနေစပြီးကြယ်သီးတပ်ပါ။ ဒီအခါမှာ ဒီဇိုင်းဆန်းတဲ့ ပခုံးပေါ်ရှပ်အင်္ကျီတစ်ထည် ရပြီပေါ့။

 

By Myanmar Textile & Garment Guide

source: jasmine

Read 1942 times
Rate this item
(1 Vote)