What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခါးတုတ်တဲ့သူနဲ့ ဗိုက်လေးနည်းနည်းပူနေတဲ့ ပျိုမေတွေအတွက် ဘယ်လိုဖက်ရှင်ရွေးချယ်

ခါးတုတ်တဲ့သူနဲ့ ဗိုက်လေးနည်းနည်းပူနေတဲ့ ပျိုမေတွေအတွက် ဘယ်လိုဖက်ရှင်ရွေးချယ် google

ခါးတုတ်တဲ့သူနဲ့ ဗိုက်လေးနည်းနည်းပူနေတဲ့ ပျိုမေတွေအတွက် ဘယ်လိုဖက်ရှင်ရွေးချယ်သင့်တယ် ဆိုတာလေး ရေးပေးမှာပါ။

ကျွန်မတို့မိန်းမသားတွေဟာ နည်းနည်းလေး ပြည့်လာပြီဆိုတာနဲ့ ဗိုက်နေရာက အရင်သိသာ လာတတ်ပါတယ်။

တစ်ချို့ကျတော့လည်း အလုပ်က တစ်နေကုန်ထိုင်လုပ်ရတာမျိုး ဖြစ်တာကြောင့်လည်း ပါတာပေါ့နော်။

ဒီပြသနာကို GYM ဆော့ပြီးတော့ ဖြစ်ဖြစ်၊ စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲပြီးတော့ ဖြစ်ဖြစ် ပြန်လည်ထိန်းသိမ်းနိုင်ပေမယ့် လောလောဆယ် အဝတ်အစားကို မှန်ကန်စွာရွေးချယ်ပြီးတော့လည်း ဗိုက်ပူခါးတုတ်နေတာလေးကို ဖုံးကွယ်ပစ်နိုင်ပါတယ်နော်။

ဘယ်လိုများလဲ ကြည့်လိုက်ရအောင်။

(၁) ပထမဆုံး အဝတ်အစားနဲ့ အဆင်တန်ဆာရွေးပြီဆိုတာနဲ့ ဗိုက်နေရာကို လူတွေအာရုံစိုက်ခံရမယ့် အရာမျိုးတွေ ရှောင်ကြဉ်ရွေးချယ်ရပါမယ်။

ဥပမာ ခါးပတ် ပတ်တာမျိုးတွေ/ ဗိုက်ထိရှည်တဲ့ ဆွဲကြိုး ဆွဲတာမျိုးတွေပေါ့။

ဗိုက်အစား လူတွေရဲ့အာရုံကို မျက်နှာ၊ ပခုံး၊ တင်ပါး၊ ခြေထောက် စတာတွေဆီ လွှဲနိုင်ဖို့ ကြိုးစားပြီး ရွေးချယ်ပါ။

5cd07478261c80945b269241fd8a16ef trendy plus size clothes plus size outfits

(၂) အရှုပ်အယှက်/ အတွန့်လေးတွေဆိုရင် ဗိုက်နေရာမှာ ခပ်ပါးပါးနဲ့ မပွတပွ ဒီဇိုင်းမျိုးလေးတွေ ရွေးချယ်နိုင်ပါတယ်။

(၃) oversize အကျီ၊ dress၊ ဂါဝန်၊ တီရှပ်တွေက ဗိုက်ထွက်နေတာကို ဖုံးနိုင်တာထက် ချစ်တို့ဖက်ရှင်ဂွမ်းသွားပါ လိမ့်မယ်။

ဒါကြောင့် သိပ်ပွတာထက် မပွတပွလေးတွေ ရွေးချယ်တာ ပိုကောင်းပါတယ်။

ကိုယ်ရွေးချယ်တဲ့ ဒီဇိုင်းမှန်ရင် ကိုယ့်ကိုဆက်စီကျစေတာပဲလေ။

7e50cc6fe58e055d2cd365818d84a155 fashion clothes for women plus size womens clothing9da30cc204b12c6c0b4a208c06de8359

(၄) ခန္ဓာကိုယ်အချိုးအစား မျှနေတယ်ထင်ရအောင် အပေါ်ကိုယ်ဝတ်တဲ့ top က မပွတပွလေးဆိုရင် အောက်က skinny jean တွေ၊ A- line စကတ်လေးတွေ ရွေးနိုင်ပါတယ်။

အပေါ်က နည်းနည်းကျပ်ရင်တော့ အောက်ဖက်က စကတ်က တအားမကျပ်ပဲ မပွတပွလေး ရွေးပါ။

အတွန့်အဖတ်ပါတဲ့ စကတ်မျိုးလေးတွေလည်း အဆင်ပြေပါတယ်။

(၅) ဂျင်းဘောင်းဘီကို ချက်ပြုတ်မဝတ်ပါနဲ့။

ဗိုက်သားကို အားလုံးမဟုတ်တောင် တစ်ဝင်လောက် ဖုံးနိုင်မယ့် ဘောင်းဘီမျိုးဆို ကောင်းပါတယ်။

size အရမ်းသေးသေးတာမျိုး မရွေးပါနဲ့။

ဘောင်းဘီအောက်နားကားတဲ့ Flare ဘောင်းဘီတွေလည်း ရွေးနိုင်ပါတယ်နော်။

19642246 1327343857385684 2217271920462704953 n19748852 1327344807385589 4378256854979388917 n

(၆) ကိုယ့်ခြေထောက်အလှကို လှစ်ပြချင်တယ်ဆိုရင် pencil စကတ်တွေ၊ A-line စကတ်တွေ၊ tulipစကတ်တွေ၊ အထပ်အကား ဘေးကွဲ/ရှေ့ကွဲ စတဲ့ အားလုံးအကြည့် သိမ်းပိုက်နိုင်မယ့် ဒီဇိုင်းဆန်း စကတ်မျိုးတွေ ရွေးပါ။

(၇) Maxi dress ချစ်သူတွေအတွက်တော့ တကယ် ပျော်ရွှင်စေပါလိမ့်မယ်။

Maxi ဒီဇိုင်း ဂါဝန်တွေ /dressတွေက သင့်ရဲ့ဗိုက်ကိုဖုံးပေးနိုင်ပါတယ်။

(၈) မပေါ်ထပ်တစ်ထပ် ထပ်ဝတ်ရတာကြိုက်တဲ့ သူတွေအတွက်လည်း waist coat/ blazer တွေ ထုတ်ဝတ်လိုက်ပါလို့။

19665270 1327344230718980 2922053844325373402 n

(၉)ရှောင်စေချင်တာက တီရှပ်တွေ၊ ရှပ်တွေ၊ tee တွေကို ဘောင်းဘီထဲ ထည့်ဝတ်တာမျိုးပေါ့။ ဒါဟာ ဗိုက်ကိုပိုပူသွားစေနိုင်တဲ့ ပုံစံမျိုးပါ။

ပထမဆုံးအချက်မှာလည်း ရှောင်ရန်တစ်ချို့ ရေးပေးထားပါတယ်နော်။

ကဲ ဒီလောက်ဆိုရင်တော့ ပျိုမေတွေ ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်နော်။

ကဲ ဗိုက်ကလေးပူနေတာကို ဖုံးပြီး အမိုက်စားဖက်ရှင်ရအောင် တွဲစပ်ကြည့်လိုက်ပါဦးလို့!!

source I am fashion

Read 2744 times
Rate this item
(1 Vote)