What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"ဂျင်းဘောင်းဘီအဟောင်းတွေကိုစကပ်အဖြစ်ဘယ်လိုပြောင်းလဲမလဲ"

ဂျင်းဘောင်းဘီအောက်ခြေတွေစုတ်ပြဲသွားလို့ပဲဖြစ်ဖြစ်အကြောင်းအမျိုးမျိုးကြောင့်ဂျင်းဘောင်းဘီ အောက်ခြေတွေပျက်စီးသွားလို့ပစ်ရတော့မယ့်ဘောင်းဘီရှည်တွေရှိရင်စကပ်အဖြစ်ပြောင်းလဲပြီး ဝတ်လို့ရတယ်ဆိုတာသိပါသလား။

ဂျင်းဘောင်းဘီအဟောင်းတွေကိုလွှင့်ပစ်စရာမလိုပဲအလွယ်တကူ စကပ်အဖြစ်ပြောင်းလဲလို့ရပါတယ်။ဝိတ်ကျသွားလို့အရင်ကဂျင်းဘောင်းဘီတွေချောင်ကုန်လို့ဝတ်မရ တော့ဘူးဆိုရင်ဒီနည်းလမ်းနဲ့စကပ်အဖြစ်ပြောင်းလဲဝတ်ဆင်လို့ရပါတယ်။ဆိုင်မှာဂျင်းစကပ်သွားဝယ် ဝတ်စရာမလိုတော့သလိုဘောင်းဘီတစ်ထည်လည်းအလဟတ်သတ်မဖြစ်တော့ဘူးပေါ့။စက်ချုပ်စက် တောင်မလိုပဲလက်ချုပ်အပ်နဲ့ချုပ်လို့လဲရပါတယ်။ တစ်ဆင့်ခြင်းစီချုပ်လုပ်နည်းကိုဖေါ်ပြထားပါတယ်။

လိုအပ်သောပစ္စည်း

- အဝတ်ချုပ်အပ်တစ်ချောင်း
- ချည်အမဲ သို့မဟုတ် ဘောင်းဘီနှင့်အရောင်တူသောချည်
- အပ်ခြည်ဖြည်တံ
- ကပ်ကြေး

၁ - ဘောင်းဘီခြေထောက်တွေကိုကိုယ်လိုချင်သလောက်အတိုအထိဖြတ်လိုက်ပါ။တစ်ဖက်နှင့် တစ်ဖက်အတိုအရှည်ညီနေပါစေ။အစလေးတွေထွက်မနေပါစေနဲ့။အနားသပ်ကိုပြန်လုံးပြီးဓါးစက် လိုက်မယ်လို့စဉ်းစားထားရင်ဓါးစက်လိုက်ရန်အတွက်အနားစအပိုချန်ပြီးညှပ်ပါ။

၂ - ဘောင်းဘီကိုပြောင်းပြန်လှန်ပြီးဘောင်းဘီဂွတစ်လျှောက်ကချုပ်ရိုးတွေကိုချုပ်ရိုးဖြည်တံနှင့် ဖြည်ပါ။အရှေ့ဘက်ကိုပြန်လှန်ပြီးထွက်နေသေးသောချုပ်ရိုးစများအားလုံးကိုရှင်းပစ်ပါ။

၃ - ထိုသို့ညှပ်ပြီးချုပ်ရိုးဖြည်ပြီးသွားလျှင်ဂွခြားထဲတွင်တြိဂံပုံနေရာအလပ်ရှိနေသည်ကိုတွေ့ရပါ လိမ့်မယ်။အဲ့ဒီ့နေရာလပ်ကိုဖြည့်ရန်ဖြတ်ထုတ်ထားသောဘောင်းဘီခြေမှအသားကိုတြိဂံပုံဖြတ်လိုက်ပါ။ ဖြတ်သည့်အခါတွင်နေရာလပ်နှင့်တိုင်းပြီးဖြတ်ရပါမည်။ချုပ်စာအနည်းငယ်ချန်ပြီးတြိဂံ၂ခုဖြတ်ပါ။

၎ - ဖြတ်ပြီးသောတြိဂံနှစ်ခုကိုနေရာလပ်တွင်ဖြည့်ရန်ဖြတ်ထားသောဘောင်းဘီကိုပြောင်းပြန်လှန် လိုက်ပါ။တြိဂံပုံအသားစကိုတင်ပြီးအပ်ဖြင့်ချုပ်ပါ။အပ်ခြည်ကိုဘောင်းဘီနှင့်အရောင်တူသို့မဟုတ် အမဲရောင် ဖြင့်ချုပ်ပါ။

၅ - အတည့်ပြန်လှန်ပြီးစကပ်အဖြစ်ဝတ်ဆင်လို့ရပါပြီ။ဒီအတိုင်းရိုးရိုးပြောင်ကြီမကြိုက်ရင်လည်း ကြိုက်နှစ်သက်ရာအလှဆင်ဒီဇိုင်းတွေကပ်ပြီးချုပ်ပြီးအလှဆင်နိုင်ပါတယ်။

source:jasmine

Read 1471 times
Rate this item
(0 votes)