What's new

×

Warning

JUser: :_load: Unable to load user with ID: 845


“ ကိုယ့်ခန္ဒာကိုယ်ကိုဘာ့ကြောင့်ချစ်သင့်သလဲ ”


ပိန်လွန်းလို့ကြည့်မလှဘူး၊အဆီတက်လာလို့ကြည့်မလှဘူး၊အရပ်ကလည်းပုလိုက်တာ၊ခြေသလုံးကြီးက တုန်နေတာဆိုပြီးကိုယ့်ကိုယ်ကိုမှန်ထဲမှာကြည့်ပြီးညှင်းဆဲနေကြသူများကိုပြောချင်တာကတော့

ကိုယ် ဘယ်လိုပုံပဲပေါက်နေနေဘယ်လိုပဲစိတ်တိုင်းမကျဖြစ်ဖြစ်ကိုယ့်ကိုကိုယ်ချစ်ပေးပါ။တစ်ချိန်လုံးစိတ်တိုင်းမကျဖြစ်စိတ်ညစ်နေရင်လူရောစိတ်ပါနွမ်းလျပြီးကျန်းမာရေးအတွက်မကောင်းပါဘူး။ ဒါ့ကြောင့်ဘာ့ကြောင့်ကိုယ့်ခန္ဒာကိုယ်ကိုအရှိအတိုင်းပဲအကောင်းမြင်ပြီးချစ်သင့်သလဲဆိုတာ ဝေမျှ လိုက်ပါတယ်။

- ခန္ဒာကိုယ်ပြောင်းလဲသွားလို့သင့်ဘဝမပြောင်းလဲသွားနိုင်

ပိန်သွားသွားဝလာလာသင့်ကိုချစ်နေသူတွေကချစ်နေဆဲပါ။ဝိတ်တွေကျသွားလို့ဆုတံဆိတ်တွေလည်း မရနိုင်ပါဘူး။သင်ဝနေတုန်းကမနှစ်သက်ပဲပိန်သွားမှနှစ်သက်မယ်ဆိုတဲ့သူတွေဟာမိတ်ဆွေစစ်ချစ်သူစစ်တွေမဟုတ်ကြပါဘူး။ကိုယ့်ကိုအရှိရှိအတိုင်းချစ်ခင်သူတွေကသာသင့်ဘဝအဖေါ်မွန်တွေပါ။

- အချိန်တွေအကျိုးရှိရှိသုံးနိုင်မယ်

ကိုယ့်ကိုယ်ကိုမှန်ထဲကြည့်စိတ်ညစ်ပြီးသာခွေယိုင်ဖြစ်နေမယ့်အစားကိုယ့်ကိုယ်ကိုချစ်ခင်ပြီးအချိန်တွေ ကိုအကျိုးရှိရှိအသုံးချလိုက်ရင်ကိုယ့်အတွက်တောင်အများကြီးအကျိုးရှိသွားမှာပါ။ကိုယ့်ကိုယ်လုံးကို စိတ်တိုင်းမကျလို့လှလှပပဝတ်လို့မရဘူးထင်ပြီးဘယ်ပွဲဘယ်လမ်းမှမသွားတာမျိုးတွေမလုပ်ပဲပျော်စရာ ရှိတာကိုကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိပျော်လိုက်ပါ။ကိုယ်စိတ်တိုင်းမကျတဲ့နေရာတွေရှိလို့အများမမြင် စေချင်ဘူးဆိုရင်အဝတ်အစားတွေကိုအသုံးပြုပြီးဖုံးကွယ်လို့ရပါတယ်။အဝတ်အစားဝတ်တတ် စားတတ်ဖို့ပဲလိုတာပါ။

- လောကစည်းစိမ်ကိုခံစားနိုင်

ဝိတ်တက်မှာကြောက်လို့ဟိုဟာမစားရဒီဟာမစားရနဲ့အစားကောင်းအသောက်ကောင်းတွေကိုအသက် ရှိနေစဉ်အခါမှာမစားသုံးမခံစားရင်နောက်မှနောင်တရရပါလိမ့်မယ်။လှဖို့ထက်ကျန်းမာပြီးပျော်ရွှင်ဖို့ ကပိုအရေးကြီးတာပါ။

- ဝိတ်နဲနဲကျတာဝိတ်နဲနဲတက်တာဘယ်သူမှသတိမထားမိ

ကိုယ်ကသာအချိန်တိုင်းပေါင်ချိန်စက်ပေါ်တက်လိုက်ဆင်းလိုက်မှန်ထဲမှာပြူးပြဲကြည့်လိုက်နဲ့မို့ဝိတ်နဲနဲ လေးတက်တာကျတာကိုသတိထားမိနေတာပါ။အခြားသူတွေကအဲ့လောက်လိုက်ကြည့်နေတာ မဟုတ်လို့သင့်ဝိတ်တက်တာကျတာကိုသတိမထားမိတာများပါတယ်။အခြားသူတွေလည်းသူ့အပူနဲ့သူ သူ့အလုပ်နဲ့သူဖြစ်လို့သင့်ကိုလိုက်ကြည့်ပြီးဝေဖန်မနေအားလို့စိတ်ညစ်နေစရာမလိုပါဘူး။

Read 1099 times
Rate this item
(0 votes)