What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဖြူရောင်အဝတ်အစားများကို အမြဲတမ်း ဖြူဆွတ်ပြီးသန့်နေစေရန်အတွက် လျှော်နည်း (၂) မျိုး

အဖြူရောင်အဝတ်အစားများကို အမြဲတမ်း ဖြူဆွတ်ပြီးသန့်နေစေရန်အတွက် လျှော်နည်း (၂) မျိုး Google

     အဖြူရောင်အဝတ်အစားတွေဆိုတာ တစ်ခါနှစ်ခါလောက် ဝတ်ပြီးရင် အရောင်ညစ်သွားတတ်လို့ တော်တော်များများက ကြိုက်ရင်တောင် ဝယ်ဖို့တော့ ရှောင်တတ်ကြပါတယ်။ ဒါပေမယ့်လည်း အခုတော့စိတ်ညစ်စရာမလိုတော့ပါဘူး။ အဖြူရောင် အဝတ်အထည်တွေကို အမြဲတမ်းသစ်လွင်ပြီးတောက်ပနေစေမယ့် လျှော်နည်းလေးတွေကို ခုပဲဖော်ပြပေးလိုက်ပါတယ်။

နည်းလမ်း (၁)

        လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆပ်ပြာမှုန့် ၃ ဇွန်း၊ အစွန်းချွတ်ဆေး ၂ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ ၁ဇွန်း၊ နေကြာဆီ ၂ ဇွန်း၊ ရေနွေးဆူဆူ ၄ ခွက် တို့ပဲ ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ပါဝင်ပစ္စည်းအားလုံးကို အိုးထဲထည့်ပြီး မွှေလိုက်ပါ။ မွှေပြီးရင်တော့ အဖြူရောင်အဝတ်အစားတွေကို ထည့်ကာ မီးအေးအေးနဲ့ အပူပေးပြီး ၁၀ မိနစ်ခန့် မွှေပေးလိုက်ပါ။ အဲ့ဒီနောက်မှာတော့ ၈ နာရီကြာအောင် စိမ်ပြီး လျှော်နေကျအတိုင်း လျှော်လိုက်ပါ။ ဖြူဖွေးတောက်ပသွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

နည်းလမ်း (၂)

        ဒီနည်းလမ်းမှာဆိုရင် ရေ ၇ ခွက်၊ Hydrogen Peroxide 3 စက်ခန့် လိုအပ်ပါတယ်။ အသုံးပြုပုံကတော့ ဒီနှစ်ခုကို ရောမွှေပြီး သင့်ရဲ့ အဖြူရောင်အဝတ်အထည်တွေကို ၁ နာရီခန့် စိမ်ထားလိုက်ပါ။ ပြီးရင်တော့ လျှော်နေကျအတိုင်း ပြန်လျှော်ပေးလိုက်ပါ။ ဖြူဖွေးသစ်လွင်သွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Source: Aunty May

Read 3395 times
Rate this item
(0 votes)
Tagged under