What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စတိုင်ကျကျနဲ့ ခရီးထွက်နိုင်ဖို့ ဘယ်လို ပြင်ဆင်ကြမလဲ

စတိုင်ကျကျနဲ့ ခရီးထွက်နိုင်ဖို့ ဘယ်လို ပြင်ဆင်ကြမလဲ google

ခရီးသွားဖို့ ဘာတွေယူသွားရမယ်၊ ဘာတွေပြင်ဆင်ရမလဲဆိုတာက တစ်ခါတစ်လေမှာ အမြဲခရီးထွက်လေ့ရှိတဲ့သူတွေထက်တောင် စိတ်ရှုပ်ဖို့ကောင်းပါတယ်။

အလှအပအတွက်ကော၊ ဖက်ရှင်အတွက်ပါ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ ဟာကွက်မရှိအောင်ပြင်ဆင်ရပြီလေ။ စိတ်အနှောက်အယှက်ဖြစ်စရာတစ်ချက်လေးပေါ်လိုက်တာနဲ့ ကိုယ့်ရဲ့ဒီခရီးပေါ်က အပျော်တွေကို ဖျက်ဆီးပစ်နိုင်လိုက်ပါတယ်။ ဒါကြောင့် လေကြောင်းနဲ့ပဲဖြစ်ဖြစ်၊ ကုန်းကြောင်းပဲဖြစ်ဖြစ်၊ ရေကြောင်းနဲ့ပဲဖြစ်ဖြစ် ခရီးသွားတဲ့အခါ ခုဖော်ပြပေးမယ့်အချက်လေးတွေက သင့်အတွက် အသုံးဝင်စေမှာပါ။

1. ကြိုတင်ပြင်ဆင်ပါ

prepare min

ကိုယ်သွားမယ့်ခရီးစဉ်နေရာ၊ အနေအထား၊ အချိန်တွေကို သိထားပြီးပြီဆိုရင် ကြိုပြီးတော့သာ ထုတ်ပိုးလိုက်ပါတော့။ ဒါသည်ကိုယ့်ရဲ့ခရီးသွားနေ့ရက်များမှာ ဘယ်လောက်ဖက်ရှင်ကျနိုင်သလဲဆိုတဲ့ လျို့ဝှက်ချက်တစ်ခုပဲဖြစ်ပါတယ်။ ဘယ်နေ့မှာဘယ်လိုလေးဝတ်၊ ဘာလေးနဲ့တွဲဖက်မလဲဆိုတာကို ကြိုတင်စိတ်ကူးယဉ်ပြီး ထည့်ပိုးရတာက ပျော်ဖို့်ကောင်းသလို ပစ္စည်းတွေလည်း မေ့မကျန်ခဲ့နိုင်တော့ဘူးလေ။

2. အတတ်နိုင်ဆုံး အရိုးရှင်းဆုံးမိတ်ကပ်ကိုသာပြင်ဆင်ပါ

natural makeup min

စတိုင်ကျကျ ခရီးသွားဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းက foundation ထူထူတွေကို ခဏထားခဲ့ပြီး moisturizer ကောင်းကောင်းလေးကိုသာ ရွေးသုံးပေးပါ။ တစ်လမ်းလုံး ခရီးသွားနေစဉ်မှာ လေအေးပေးစက်တွေနဲ့ တောက်လျှောက်နေလာခဲ့ရတဲ့အတွက် ကိုယ့်ဆင်းရမယ့် နေရာကိုရောက်တဲ့အခါ ပေါင်ဒါမှုန့်သိပ်မယ့်အစား moisturizer ကသာလျှင် သင့်အသားအရေကို ခြောက်သွေ့ ခြင်းကနေ ဝင်းဝင်းစိုစိုလေးဖြစ်အောင် လုပ်ဆောင်ပေးမှာပါ။

3. Heels တွေကို ပစ်ပယ်လိုက်စို့

shoes min

လေဆိပ်ဖက်ရှင်ဆိုပြီး ဆယ်လီမမတွေကိုကြည့် သူတို့တွေလို လေဆိပ်မှာ ဒေါက်တွေ၊ ကုတ်တွေဝတ်ဖို့ စိတ်မကူးလိုက်ပါနဲ့။ ကျွန်မတို့ဆီမှာ သူတို့လိုနောက်ကနေအထုတ်လိုက်မမယ့် ဘော်ဒီဂတ်မရှိဘူးလေ။ အဲ့အပြင် မကြာခင်မှာကိုယ်မရောက်ဖူး၊ ကိုယ့်ကိုစိတ်လှုပ်ရှားစေမယ့် အရာတွေရှိတဲ့ နေရာကို စူးစမ်းလည်ပတ်ရတော့မှာလေ။ ဒါကြောင့် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို အားအင်အပြည့် လန်းလန်းဆန်းဆန်း သက်သောင့်သက်သာရှိနေအောင် heels တွေအစား ဖိနပ်အပါးတွေကိုရွေးချယ်ထည့်သွားပါ။ shoesဆိုတာမျိုးက ခုခေတ်မှာ ပျင်းစရာကောင်းတဲ့ ဝတ်ဆင်ခြင်းမဟုတ်တော့ပါဘူး။ အပွင့်ရိုက်တွေ၊ အရောင်ဆန်းမျိုးစုံစပ်ထားတဲ့ shoes တွေက ဆိုင်တိုင်းလိုလိုမှာ ရနိုင်ပြီလေ။

4. မပါမဖြစ် ဦးထုပ်များ

hats min

လုံးဝကိုမေ့ကျန်ခဲ့လို့မဖြစ်ဘူးနော်။ ရှုခင်းကောင်းကောင်းနေရာရောက်လို့ ဓါတ်ပုံရိုက်ဖို့အတွက်သာမက တစ်လမ်းလုံး အိပ်လိုက်လာလို့ ပွနေတဲ့ သင့်ဆံပင်တွေကို သူတို့ကအကောင်းဆုံး ဖုံးကာပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် လျှာထိုးဦးထုပ်တွေကို ကပြိုက်ကရိုက်ဆောင်းမယ့်အစား ကျွန်မတို့နားမှာ သူတို့ထက် ပိုကောင်းတဲ့ ရွေးချယ်စရာတွေ ရှိသေးတယ်နော်။ ပုံမှာပြထားသလိုမျိုးပေါ့။ အမြဲတမ်း စတိုင်ကျနေမယ်။ အချိန်အကန့်အသတ်မရှိသော ဖက်ရှင် ပစ္စည်းများစာရင်းထဲမှာ သူတို့ပါတာကြောင့် တစ်လုံးလောက်တော့ ရှိထားသင့်ပါတယ်။

5. အထပ်ထပ်အလွှာလွှာပြင်ဆင်ပါ

layer min

အထပ်ထပ်အလွှာလွှာဝတ်ဆင်ခြင်းက ခရီးသွားစဉ်အချိန်များအတွက် အကောင်းဆုံး ဝတ်စားမှုများဖြစ်ပါတယ်။ တစ်လမ်းလုံးက အအေးဒဏ်တွေကိုလည်း ကာကွယ်ရာရောက်တယ်။ စတိုင်လည်းကျတယ်။ ဒါပေမယ့်လည်း ကိုယ်သွားမယ့်ခရီးက အေးတဲ့ဒေသလိုမျိုးမဟုတ်ရင် ပေါ့ပေါ့ပါးပါးဖြစ်မယ့် အပိုင်းအစမျိုးတွေကိုသာ များများစားစားထည့်သွားသင့်ပါတယ်။ ကုတ်တွေ၊ ဂျာကင်တွေက ထည့်တဲ့အခါနေရာယူတတ်တာကြောင့် အထပ်ထပ်အလွှာလွှာဝတ်ဆင်ခြင်းနည်းက အကောင်းဆုံး ခရီးသွားစတိုင်ဖြစ်ပါတယ်။ အဲ့ဒါအပြင် အဆင်တူပုံစံတူရှပ်တွေကိုမရွေးပဲ layering လုပ်ကောင်းမယ့် အထည်တွေကိုပိုယူပါ။

အတွင်းခံအဝတ်အစားတွေကို ဘယ်လို လျှော်ဖွတ် သိမ်းဆည်းသင့်သလဲ?

6. ရိုးရိုးရှင်းရှင်း များသာယူသွားပါ

simple accessories min

ကိုယ်သွားမှာက အမျိုးမင်္ဂလာဆောင်မဟုတ်ရင်တော့ ထင်းထင်းလင်းလင်း၊ ကြီးကြီးမားမား လက်ဝတ်လက်စားတွေကို သယ်မသွားပါနဲ့။ အဲ့ဒါကကိုယ့်ရဲ့လက်ဆွဲအိတ်ကိုလည်း ပိုပိုသာသာလေးပင်စေတဲ့အပြင် ဝတ်ဆင်သွားရင်လည်း လေးပင်ဒုက္ခရောက်စေပါတယ်။ နောက်တစ်ခုက ရှုပ်ရှုပ်ယှက်ယှက် ဒီဇိုင်းနဲ့ လက်ဝတ်လက်စားတွေပေါ့။ ဒါကြောင့် လက်ပတ်၊ ပုတီးလက်ကောက်လေးတွေနဲ့ ဆွဲကြိုးအရှည်တွေကိုသာ ယူသွားဝတ်သွားပါ။ သယ်ရတာလည်းလွယ် ဝတ်၊ဖြုတ်ရတာလည်းလွယ်တဲ့အပြင် ပိုတောင်ကြည့်လို့ကောင်းနေမှာပါ။ တန်ဖိုးရှိရတနာတွေအစား ကိုယ်နေ့စဉ်ဝတ်လေ့ဝတ်ထရှိတဲ့ ရတနာသေးသေးသွယ်သွယ်လေးတွေကိုသာ ယူသွားပါ။

7. ခရီးဆောင်အိတ် ပြဿနာ

trip bag min

ဖက်ရှင်ကျနစွာခရီးထွက်ခြင်းအတွက် နောက်ဆုံး အကြံပေးချင်တာကတော့ စတိုင်မိ၊ အရည်အသွေးကောင်းတဲ့ ခရီးဆောင်အိတ်တစ်လုံးကိုအသုံးပြုဖို့ပါပဲ။ အရည်အသွေးကောင်းတဲ့ ခရီးဆောင်အိတ်တစ်လုံးကို သင်ရင်းနှီးမြှပ်နှံထားသင့်ပါတယ်။ ဒါကတန်ဆာဆင်ဖို့အတွက်ရော၊ ဖက်ရှင်ကျဖို့အတွက်သာမက သူတို့ရဲ့လုပ်ဆောင်ရည်ကြောင့် ဘယ်တော့မှ သင်စိတ်ညစ်ရတော့မှာမဟုတ်ပါဘူး။

8. စွယ်စုံသုံးနိုင်တဲ့ အလှကုန်တွေကို ရွေးချယ်ပါ

makeup bag min

ခရီးထွက်တဲ့အခါ အလှအပပိုင်းဆိုင်ရာကို ပြောရမယ်ဆိုရင် သူတို့တွေကြောင့် သင့်ရဲ့ခရီးဆောင်အိတ်ကို နေရာယူဝန်မပိုမိပါစေနဲ့။ moisturizer နဲ့ foundation နှစ်ခုယူသွားမယ့်အစား tint moisturizer ကိုသာရွေးချယ်ပါ။ ပိုအဆင်ပြေအောင်လို့ SPF ပါတဲ့ tint ကိုတောင်ရွေးနိုင်သေး။ ပါးနီအတွက်ကော၊ နှုတ်ခမ်းအတွက်ပါ အဆင်ပြေပြေသုံးနိုင်တဲ့ lipbalm လေးတွေကို ယူသွားပေါ့။ ဒါမှမဟုတ် အစုံပါတဲ့ palette လေးတစ်ချပ်ကလည်းအဆင်ပြေတာပဲလေ။အချိန်ကုန်သက်သာဖို့ ရှန်ပူခြောက်တွေကလည်း သင်ယူသွားသင့်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒါတွေအားလုံးကို အိတ်ထဲထည့်တဲ့နေရာမှာ ကိုယ်လွယ်လွယ်ကူကူယူနိုင်တဲ့နေရာမှာထားပါ။ ဒါမှသာ ချက်ချင်းယူ၊ ချက်ချင်းပြင်ဆင်နိုင်မှာပေါ့။

 

Source:moda

Read 2511 times
Rate this item
(1 Vote)