What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရာသီတွေ ဘယ်လိုပဲပြောင်းပါစေ ဖက်ရှင်ရေစီးမှာ စီးမျောနိုင်ဖို့

ယနေ့ခေတ်မှာတော့ အများကြားမှာ ကိုယ်ပိုင်ဖက်ရှင်နဲ့ ထူးခြားလှပနေအောင် ဝတ်ဆင်ဖို့ဆိုတာ လူတိုင်းကြိုးစားနေကြတဲ့ အရာတစ်ခုလို ဖြစ်နေပါပြီ။

ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ ဘယ်လိုဖက် ရှင်တွေက ကိုယ်နဲ့ လိုက်ဖက်အဆင်ပြေမလဲဆိုပြီး စဉ်းစားရခက်နေတာမျိုး လူတိုင်းကြုံတွေ့ရတတ် ပါတယ်။ ဒါကြောင့် စတိုင်ကျလှပအောင် ဖန်တီးတဲ့အခါ ရိုးရိုးရှင်းရှင်းနဲ့ အမှန်တကယ် အလုပ်ဖြစ်မယ့် နည်းလမ်းကို ရှာဖွေ ဝေမျှလိုက်ပါတယ်။

ခန္ဓာကိုယ်နဲ့ လိုက်ဖက်ညီအောင် ဆင်ယင်ပါ။
    အဝတ်အထည်တွေ ဝတ်တော့မယ်ဆိုရင် လူတိုင်းက ကိုယ့်ခန္ဓာကိုယ် အချိုးအစားနဲ့ ကိုက်ညီသင့်လျော်တဲ့ အဝတ်တွေကို ဝတ်ဆင်ချင်ကြတာပါ ပဲ။ သိပ်ပြီး ကြီးလွန်းတဲ့ ဒါမှမဟုတ် အရမ်းကျပ်နေတဲ့ အဝတ်တွေကို ဘယ်သူမှ မဝတ်ချင် ကြပါဘူး။ လှလှပပ ကြွကြွရွရွ ဝတ်တာပဲဖြစ်ဖြစ် သာမန်အနေ အထားအတွက် ပေါ့ပေါ့ပါးပါး ဝတ်တာပဲဖြစ်ဖြစ် တစ်နေကုန်လုံး အဆင်ပြေပြေ ဝတ်နိုင်မယ့်အရာ တွေကိုသာ ရွေးချယ်ဝတ်ဆင်ပေးပါ။

နည်းနည်းတော့ စွန့်စားကြည့်ပါ။
    အရင်က တစ်ခါမှ မဝတ်ဖူးတဲ့ စတိုင်မို့ စမ်းသပ်ဝတ်ဆင်ကြည့်ရမှာကို မကြောက်ပါနဲ့။ တစ်ခါ တစ်လေမှာတော့ ကိုယ့်အတွက် အဆင်ပြေတဲ့ အပြင် ကိုယ်တိုင်ကနှစ်သက်လို့ အမြဲရွေးချယ်မိတဲ့ ဝတ်စုံတွေက အများအမြင်မှာတော့ ကြည့်ရ အဆင်မပြေတာမျိုး ဖြစ်နေတတ်ပါတယ်။ ကြောင်ကြောင်ကျားကျားလို့ ထင်ထားတဲ့ ဝတ်စုံတွေ၊ ပေါတောတော ဝတ်စုံတွေကိုလည်း စမ်းပြီးဝတ်ကြည့်ပါ။ ဒါမှမဟုတ် မဂ္ဂဇင်းတွေထဲမှာ မြင်ဖူးထားတဲ့ ဆံပင်ပုံစံတွေအတိုင်း ပြောင်းလဲကြည့်ပေး ပါ။ တစ်သက်မှာတစ်ခါ စွန့်စားပြောင်းလဲကြည့်တာက အများကြီးထိခိုက်မှာတော့ မဟုတ်ပါဘူး။

လိုက်ဖက်တဲ့အရောင်တွေကို ရွေးချယ်ဝတ်ဆင် ပေးပါ။
    ကိုယ့်အသားအရောင်ကို မှေးမှိန်သွားစေမယ့် အရောင်တွေပါတဲ့ အဝတ်အစားမျိုးကို မဝတ် မိဖို့ အကြံပြုပါတယ်။ ကိုယ့်အသားအရေကို ပိုမို အရောင်ထွက်စေမယ့် အဝတ်အထည်ကို ဝတ်တာက အကောင်းဆုံးဖြစ်လို့ပါ။ ပြီးတော့ ဆံပင်ပုံစံနဲ့ မိတ်ကပ်ကိုလည်း ဆန့်ကျင်ဘက်တွေ မလုပ်မိဖို့လိုပါတယ်။ အရောင်တစ်မျိုးတည်းနဲ့သာ ဖန်တီးထားတဲ့ ဝတ်စုံတွေကို တစ်ခါတစ်ရံ ဝတ်ကြည့်ချင်ပေ မယ့် တစ်ခါတစ်ရံကျတော့လည်း မဝတ်ရဲဘူးဆိုတာမျိုး ဖြစ်တတ်ပါတယ်။ တကယ်တော့ ဒီလို ဝတ်စုံတွေကို ဝတ်တဲ့အခါ မှေးမှိန်နေတာမျိုး မဖြစ်တဲ့အပြင် ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုရော သွင်ပြင်တစ်ခုလုံးကိုပါ ပြီးပြည့်စုံသွားစေပါတယ်။

ကိုယ်ပိုင်စတိုင် သတ်မှတ်ထားပါ
    ကိုယ်ဝတ်ချင်တဲ့ ဖက်ရှင်တွေကို မလိုက်ဖက်မှာကြောက်တာနဲ့ဘဲ မဝတ်တော့ဘူးဆိုတာမျိုး မလုပ်သင့်ပါဘူး။  ကိုယ်အကြိုက်ဆုံး အနုပညာရှင် တွေဝတ်တာကို မြင်ဖူးပြီး သဘောကျလို့ လိုက်ဝတ်တဲ့အခါမှာလည်းသက်သောင့်သက်သာ ဖြစ်
နေသင့်ပါတယ်။ ဘယ်လိုအရာတွေက ကိုယ်အတွက် သက်သောင့်သက်သာ အဖြစ်ဆုံးလဲဆိုတာ ကိုတော့ သိထားသင့်ပါတယ်။ တကယ်တော့ ဘယ်လိုဖက်ရှင်မျိုးကို ဖန်တီးချပြချင်တယ်ဆိုတာနဲ့ အကောင်းဆုံး ကြိုးစားခဲ့တဲ့ ကိုယ့်ရဲ့ အတွေ့အကြုံကို ဘယ်လိုဖော်ပြမယ်ဆိုတာကတော့ ကိုယ်တိုင် က ဆုံးဖြတ်ရမှာပါပဲ။

ဘီရိုနဲ့အပြည့် အင်္ကျီတွေ ဝယ်ထားလိုက်ပါ။
    အဝတ်အသစ်တွေ အပြည့်နဲ့ အိတ်တွေကို သယ်ပြီး အိမ်ကို ပြန်လာရတာက ကမ္ဘာပေါ်မှာ အကောင်းဆုံး ခံစားမှုတွေထဲက တစ်ခုလို့ ပြောလို့ ရပါတယ်။ ငယ်ငယ်တုန်းက ကျောင်းကို ဝတ်စုံသစ်လေး ဝတ်သွားပြီး သူငယ်ချင်းတွေ ကို ကြွားရပြီဆို ရင်တောင် အဲဒီနေ့က နေ့ထူးနေ့မြတ်ကြီးတစ်ရက် လို့ ထင်ခဲ့သေးတာပဲလေ။ ဒါကြောင့် အဆင်ပြေ တဲ့အခါမျိုးမှာ ကိုယ်သဘောအကျဆုံး စတိုးဆိုင်တွေကိုသွားပြီးတော့ အဝတ်အစားတွေဝယ်ပြီး ဘီရိုကို ဖြည့်ထားလိုက်ပါ။ ရာသီအလိုက် ဖက်ရှင်တွေ ပြောင်းလဲသွားတာကြောင့် ကိုယ့်မှာဝယ်ထား ပြီးသား အဝတ်တွေ အများကြီးရှိနေရင် အမျိုးမျိုး တွဲစပ် ဝတ်ဆင်ပြီး ခေတ်မီနိုင်တာပေါ့။

ရာသီဥတုနဲ့ အနေအထားအလိုက် သင့်လျော်တဲ့ ဝတ်စုံတွေကို အတူထားရှိပေးပါ။
    ရာသီအမျိုးမျိုး ပြောင်းလဲနေတာကြောင့် တစ်ခါတစ်ရံမှာ အပူချိန်နဲ့ ကိုယ့်ရဲ့စတိုင်ကို ချိန် ညှိရတာ ခက်ခဲတတ်ပါတယ်။ ဆောင်းရာသီမှာ ဆွယ်တာတွေနဲ့ ဘွတ်ဖိနပ်တွေကို ဝတ်ဆင်ဖို့ အ ကောင်းဆုံးဆိုပေမယ့် နွေရာသီကို ရောက်လာပြီ
ဆိုရင် ဘောင်းဘီအတိုတွေ၊ စွပ်ကျယ်နဲ့ ခြေညှပ်ဖိနပ် အပါးလေးတွေကိုသာ ဝတ်ဆင်နိုင်ပါတော့ တယ်။ လက်တိုအင်္ကျီတွေကို ဆောင်းရာသီမှာ ဝတ်ချင်တယ်ဆိုရင်တော့ ချစ်စရာကောင်းတဲ့ ဂျာကင်လေးတွေ ဒါမှမဟုတ် ရင်ကွဲ သိုးမွေးအင်္ကျီ လေးတွေနဲ့ တွဲဖက်ပေးနိုင်ပါတယ်။ ဆောင်းရာသီ မှာ စကတ်တွေကို ဝတ်လို့ရသလို နွေရာသီဆိုပေ မယ့် ဂျင်းတွေက အဆင်ပြေတာပါပဲ။ ဘာလို့လဲ ဆိုတော့ ဂျင်းတွေနဲ့ စကတ်တွေဟာ ဘာနဲ့တွဲတွဲ မလိုက်ဖက်ဘူးဆိုတာမျိုး ရှားတဲ့အတွက်ကြောင့် ရာသီတိုင်းမှာဝတ်ဖို့ အိုကေတာကြောင့်ပါ။

Read 830 times
Rate this item
(0 votes)