What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အအိုက်သက်သာ နယူးယောက် ဖက်ရှင်

လူတွေကြားထဲ အရှက်လုံရုံလောက် ဝတ်စားပြီး သွားလာနေတာ ရှက်စရာ မဟုတ်တော့ပါဘူး။ ပူပူအိုက်အိုက် ဒုက္ခမှ သက်သာရာရဖို့ ဝတ်စားဆင်ယင်မှုတွေနဲ့ လမ်းထွက်နေကြတယ်။

အအိုက်သက်သာ လမ်းထွက်ဖက်ရှင်တွေ ဝတ်ဆင်နေကြတာမျာ နယူးယောက် မြို့သူမြို့သားတွေလည်း ပါတယ်။
တကယ်တော့ ကိုဗစ်ကြောင့် အိမ်တွင်းအောင်းနေရတဲ့ အချိန်တွေမှာ ဝတ်ကောင်းစားလှဆိုတာ ပကာသနသက်သက်ပဲလို့ အနည်းနဲ့အများ သဘောပေါက်သွားကြလို့ ဝတ်စားဆင်ယင်မှု ပုံစံတွေပြောင်းလဲကုန်တယ်။ နံငယ်ပိုင်းမျှ ဝတ်ဆင်ပြီး လမ်းပေါ်ထွက်တယ်။ မြေအောက်ရထားစီးတယ်။ ဈေးဝယ်ထွက်တယ်။ အဆင်ပြေကြတယ်။ အအိုက်သက်သာကြတယ်။
လေယာဉ်ခရီးဆိုရင်တော့ ပြဿနာ ရှိနိုင်တယ်။ တူရကီနိုင်ငံသူ Deniz Saypinar ဟာ ကြွက်သားအလှ ကစားတဲ့ အားကစားသမားတစ်ဦးဖြစ်ပြီး fitness model တစ်ဦးဖြစ်တဲ့အပြင် ဆိုရှယ်မီဒီယာမှာ influencer တစ်ဦးလည်း ဖြစ်ပါတယ်။ တက္ကဆက်ကနေ မီယာမီ သွားမယ့် လေယာဉ်ခရီးစဉ်မှာ သူက လေယာဉ်စီးဖို့လုပ်တော့ သူဝတ်စားထားတာ ဟန်မကျဘူးဆိုပြီး လေယာဉ်စီးခွင့် တားမြစ်ခံခဲ့ရတယ်။ အပေါ်ပိုင်းမှာ အားကစားဘရာကို ဝတ်ဆင်ထားတယ်။ အောက်ပိုင်းမှာ စက်ဘီးစီး ဂျင်းဘောင်းဘီတိုက တိုလွန်းနေတယ်။ အမြင်မရိုင်းအောင် ခါးမှာ အင်္ကျီဖြူတစ်ထည်ကို ကပိုကသီ ပတ်ထားပေမဲ့ မလုံလောက်ဘူးလို့ American Airlines လေကြောင်းလိုင်း ဝန်ထမ်းတွေက ယူဆတယ်။

bodybuilder-1.jpg

 

ကိုဗစ်ကြောင့် အိမ်တွင်းအောင်းခဲ့ကြရာမှ လွတ်မြောက်တဲ့အခါ အပန်းဖြေခရီး ထွက်လိုကြတယ်။ ဒါပေမဲ့ ရေခြားမြေခြား ခရီးသွားဖို့ဆိုတာ ကိုဗစ်စည်းကမ်းတွေကြောင့် မဖြစ်နိုင်လာက်အောင် ခက်ခဲနေတဲ့အပြင် ကုန်ကျစရိတ်တွေကလည်း မြင့်မားနေတယ်။ ဒီတော့ ရသေ့စိတ်ဖြေ မြို့တွင်းမှာပဲ သွားသွားလာလာ လုပ်ကြရတဲ့အခါ အပန်းဖြေစခန်းမှာ ဝတ်ဆင်ကြသလိုမျိုး ဝတ်ဆင်ပြီး အပြင်ထွက်ကြသူတွေလည်း ရှိတယ်။

 

205415359_4235882226450004_7955258184271436225_n.jpg

ကမ္ဘာကြီး ပူနွေးလာတာကြောင့် ပိုပူလာတယ်။ ပိုအိုက်လာတယ်။ ဒီတော့ အအိုက်သက်သာအောင် ဝတ်ဆင်ပြီး သက်သာရာကို ရှာကြတယ်။ အများမိုးခါးရေသောက်ကြတော့ အခုလို တိုနံ့နံ့ နံငယ်ပိုင်းမျှ ဝတ်ဆင်ပြီး အပြင်ထွက်လာတာဟာ အဆန်း ဖြစ်မနေတော့ဘူး။ အကြံတူတဲ့သူတွေ ပိုများနေပြီ။
ရှေးယခင်ကလို ထက်အောက် လုံနေအောင် ဝတ်ဆင်ထားသူတွေက လမ်းတွေပေါ်မှာ ချွေးတွေ ရွှဲနေကြတာက သနားစရာ ဖြစ်နေစေတယ်။
အခုလို ကိုယ်ခန္ဓာ ဖော်ပြမှု များပြားနေအောင် ဝတ်စားဆင်ယင်တာအတွက် ကိုယ်ခန္ဓာ လှပနေဖို့ မလိုပါဘူးလို့လည်း ခံယူထားကြတယ်။ ကိုယ်ခန္ဓာ မလှတာဟာ အပြစ်ပြောစရာ မဟုတ်ဘူး။ ခွဲခြားနှိမ့်ချ နေတာကို ဆန့်ကျင်ကြတယ်။ ဝတ်စား ဆင်ယင်ပုံနဲ့အတူ တွေးမြင်ယူဆတာတွေပါ တစ်ပါတည်း ပြောင်းလဲသွားကြတယ်။ မိန်းမသားမို့ ဗိုင်ကောင်ကျောက်ဖိ ဝတ်စားနေထိုင်ရတဲ့ အတိတ်ကို သူတို့ ထားရစ်ခဲ့ကြပြီ။

215076988_4235881283116765_2905318143581081316_n.jpg

 

217030080_4235882606449966_1583603982852069454_n.jpg

 

 

224960081_4235883699783190_1913364715682319453_n.jpg

 

226145991_4235880913116802_1559447535184910574_n.jpg

Read 855 times
Rate this item
(0 votes)