What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Nake Jean ဇာပန္းထုိးေဘာင္းဘီ ဖက္ရွင္

Zawgyi

ႏုိင္ငံတကာ ေပါ့ပ္ဂီတစတား ရီဟာနား(Rihanna)ရဲ႕ ပင္တုိင္ ဖက္ရွင္ဒီဇုိင္းဆရာျဖစ္ၿပီး ရီဟာနားနဲ႔ အတု္ိင္အေဖာက္လည္း ညီတဲ့သူ ျဖစ္တဲ့ ဒီဇုိင္းနာ အဒမ္ ဆဲလ္မန္ (Adam Selman)က Naked Jean ကုိ ၂၀၁၇ ခုႏွစ္ ေဖေဖာ္၀ါရီလမွာ က်င္းပခဲ့တဲ့ ဖက္ရွင္႐ႈိးပြဲ တစ္ခုမွာ မိ္တ္ဆက္ပြဲထုတ္ခဲ့တယ္။

လူႀကိဳက္မ်ား စိတ္၀င္တစား ျဖစ္ခံရၿပီး ေမွ်ာ္တလင့္လင့္နဲ႔ ေစာင့္စားေနၾကခ်ိန္ ၿပီးခဲ့တဲ့ ၾသဂုတ္လကုန္ပုိင္းမွာ အင္စတာဂရမ္မွာ ဓာတ္ပုံတင္ၿပီး ဆုိင္ေတြေပၚမွာ ေရာက္ေနၿပီဆုိတာ လူသိမ်ားေစခဲ့ျပန္ပါတယ္။ ရက္ပုိင္းအၾကာမွာ Victoria’s Secret မွာ ပါ၀င္တဲ့ ေမာ္ဒယ္တစ္ဦးျဖစ္တဲ့ ဘရာဇီးသူ ဂ်ီဇီလီ အုိလီဗီယာ(Gizele Oliveira) က အဲဒီ ဇာပန္းထုိး Naked Jean နဲ႔ တီရွပ္တုိ႔ကုိ တြဲဖက္၀တ္ဆင္ၿပီး နယူးေယာက္မွာ လမ္းသလားေနတဲ့ပုံေတြ မီဒီယာမွာ ေဖာ္ျပခဲ့ၾကတယ္။

naked jeans adam selman 234026 1504034024258 image.640x0c

အေဖာ္အျပ ေရစီးေၾကာင္းထဲ ေမ်ာပါထားတဲ့ ဖက္ရွင္ျဖစ္လုိ႔ Naked Jean ကုိ ဂ်င္းေဘာင္းဘီတုိတစ္ထည္ အတြင္းမွာခံၿပီး ၀တ္ဖုိ႔ စီစဥ္ေပးထားတယ္။

Naked Jean ဖန္တီးရွင္ ဆဲလ္မန္ဟာ ေမြးခ်င္းသုံးေယာက္အနက္ အေထြးဆုံးသားျဖစ္ၿပီး ဘာသာေရးကုိင္း႐ိႈင္းတဲ့ ခရစ္ယာန္မိသားစုမွာ ေပါက္ဖြားႀကီးျပင္းခဲ့ရပါတယ္။  မိခင္ျဖစ္သူုက သူ႔ကုိ စက္ခ်ဳပ္သင္ေပးခဲ့ၿပီးတဲ့ေနာက္မွာ ဖက္ရွင္ဒီဇုိင္နာတစ္ဦးျဖစ္ဖုိ႔ အိပ္မက္စိတ္ကူးကုိ သူ စတင္ခဲ့ပါတယ္။

naked jeans adam selman 234026 1504129708827 image.640x0c

 

၂၀၀၀ ျပည့္ႏွစ္မွာ ဖက္ရွင္သင္တန္းေက်ာင္း တက္ဖုိ႔ နယူးေယာက္ၿမိဳ႕မွာ ေျပာင္းေရႊ႕ ေနထုိင္ခဲ့တယ္။ စတုိးဆုိင္တစ္ခုမွာ လက္တုိလက္ေတာင္းလုပ္ကုိင္လုိ႔ရတဲ့ ၀င္ေငြနဲ႔ ဖက္ရွင္သင္တန္းကုိ တက္ခဲ့တယ္။ ေနာက္ေတာ့ ဖက္ရွင္ေလာကမွာ အလုပ္မရတာေၾကာင့္ က်ပန္းအလုပ္ေတြ လုပ္ကုိင္ခဲ့တာ ၃ ႏွစ္ၾကာတယ္။ ‘‘ကၽြန္ေတာ္ ဒီလုိပဲ က်ပန္း လက္တုိလက္ေတာင္း အလုပ္ေတြ ဆက္လုပ္ေနမွာလား။ ဒီဇုိင္းနာ လုပ္မွာလား ဆုိတာကုိ ျပတ္ျပတ္သားသား ဆုံးျဖတ္ရမယ့္အျဖစ္ကုိ ေရာက္ရွိသြားတယ္’’လုိ႔ သူက ေျပာျပပါတယ္။

naked jeans adam selman 234026 1504034129198 image.640x0crehanan

                                                                                           အဒမ္ ဆဲလ္မန္ရဲက လက္ရာမြန္ ဖက္ရွင္၀တ္စုံ ဆင္ျမန္းသည့္ ရီဟာနား

 

ဖက္ရွင္ဒီဇုိင္း ခ်ဳပ္လုပ္တဲ့ အလုပ္ကုိ မရမေန ရွာေဖြခ့ဲၿပီး ႐ုိးရာ၀တ္စုံေတြ လုပ္ကုိင္တဲ့ ဒီဇုိင္းနာ ဇဲဒီ (Zaldy ) ဆီမွာ အလုပ္ရတယ္။ သူခ်ဳပ္တဲ့ လက္ရာက ေသသပ္ေကာင္းမြန္လွတာမုိ႔ နာမည္ရလာတယ္။ အနားလုံးတာ၊ အနားကြပ္တာ၊ ေခါက္ခ်ဳပ္တာေတြမွာ လက္ရာေသသပ္တယ္။ ေနာက္ေတာ့ ေပါ့ပ္စတား ရီဟာနားနဲ႔ ခ်ိတ္ဆက္မိသြားတယ္။ ရီဟာနားရဲ႕ ပင္တုိင္ဖက္ရွင္ဒီဇုိင္းနာ ျဖစ္လာခဲ့တယ္။ ရီဟာနားကလည္း ဆဲလ္မန္ရဲ႕ ဖက္ရွင္အသစ္ေတြ ကုိယ္ေပၚတင္ၿပီး ပရိသတ္ေရွ႕ေမွာက္ ပြဲထုတ္ေပးလုိ႔ ဆဲလ္မန္ဟာ လူသိမ်ားတဲ့ ဒီဇုိင္းနာအျဖစ္ကုိ ေရာက္ရွိသြားတယ္။ ယခုႏွစ္မွာေတာ့ သူက ကုိယ္ပုိင္ လုပ္ငန္းတစ္ခု ထူေထာင္လုိက္ၿပီး Mister Selman လုိ႔ အမည္ေပးထားတယ္။ အဲဒီ အမည္အမွတ္တံဆိပ္ျဖင့္ ဖက္ရွင္ထည္ေတြကုိ ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။

Unicode

Nake Jean ဇာပန်းထိုးဘောင်းဘီ ဖက်ရှင်

========================

နိုင်ငံတကာ ပေါ့ပ်ဂီတစတား ရီဟာနား(Rihanna)ရဲ့ ပင်တိုင် ဖက်ရှင်ဒီဇိုင်းဆရာဖြစ်ပြီး ရီဟာနားနဲ့ အတို်င်အဖောက်လည်း ညီတဲ့သူ ဖြစ်တဲ့ ဒီဇိုင်းနာ အဒမ် ဆဲလ်မန် (Adam Selman)က Naked Jean ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ ဖက်ရှင်ရှိုးပွဲ တစ်ခုမှာ မိ်တ်ဆက်ပွဲထုတ်ခဲ့တယ်။ လူကြိုက်များ စိတ်ဝင်တစား ဖြစ်ခံရပြီး မျှော်တလင့်လင့်နဲ့ စောင့်စားနကြေချိန် ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းမှာ အင်စတာဂရမ်မှာ ဓာတ်ပုံတင်ပြီး ဆိုင်တွေပေါ်မှာ ရောက်နပြေီဆိုတာ လူသိများစေခဲ့ပြန်ပါတယ်။ ရက်ပိုင်းအကြာမှာ Victoria’s Secret မှာ ပါဝင်တဲ့ မော်ဒယ်တစ်ဦးဖြစ်တဲ့ ဘရာဇီးသူ ဂျီဇီလီ အိုလီဗီယာ(Gizele Oliveira) က အဲဒီ ဇာပန်းထိုး Naked Jean နဲ့ တီရှပ်တို့ကို တွဲဖက်ဝတ်ဆင်ပြီး နယူးယောက်မှာ လမ်းသလားနေတဲ့ပုံတွေ မီဒီယာမှာ ဖော်ပြခဲ့ကြတယ်။

အဖော်အပြ ရေစီးကြောင်းထဲ မျောပါထားတဲ့ ဖက်ရှင်ဖြစ်လို့ Naked Jean ကို ဂျင်းဘောင်းဘီတိုတစ်ထည် အတွင်းမှာခံပြီး ဝတ်ဖို့ စီစဉ်ပေးထားတယ်။

Naked Jean ဖန်တီးရှင် ဆဲလ်မန်ဟာ မွေးချင်းသုံးယောက်အနက် အထွေးဆုံးသားဖြစ်ပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ ခရစ်ယာန်မိသားစုမှာ ပေါက်ဖွားကြီးပြင်းခဲ့ရပါတယ်။ မိခင်ဖြစ်သုူက သူ့ကို စက်ချုပ်သင်ပေးခဲ့ပြီးတဲ့နောက်မှာ ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်ဖို့ အိပ်မက်စိတ်ကူးကို သူ စတင်ခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ ဖက်ရှင်သင်တန်းကျောင်း တက်ဖို့ နယူးယောက်မြို့မှာ ပြောင်းရွှေ့ နေထိုင်ခဲ့တယ်။ စတိုးဆိုင်တစ်ခုမှာ လက်တိုလက်တောင်းလုပ်ကိုင်လို့ရတဲ့ ဝင်ငွေနဲ့ ဖက်ရှင်သင်တန်းကို တက်ခဲ့တယ်။ နောက်တော့ ဖက်ရှင်လောကမှာ အလုပ်မရတာကြောင့် ကျပန်းအလုပ်တွေ လုပ်ကိုင်ခဲ့တာ ၃ နှစ်ကြာတယ်။ ‘‘ကျွန်တော် ဒီလိုပဲ ကျပန်း လက်တိုလက်တောင်း အလုပ်တွေ ဆက်လုပ်နေမှာလား။ ဒီဇိုင်းနာ လုပ်မှာလား ဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့်အဖြစ်ကို ရောက်ရှိသွားတယ်’’လို့ သူက ပြောပြပါတယ်။

ဖက်ရှင်ဒီဇိုင်း ချုပ်လုပ်တဲ့ အလုပ်ကို မရမနေ ရှာဖွေခဲ့ပြီး ရိုးရာဝတ်စုံတွေ လုပ်ကိုင်တဲ့ ဒီဇိုင်းနာ ဇဲဒီ (Zaldy ) ဆီမှာ အလုပ်ရတယ်။ သူချုပ်တဲ့ လက်ရာက သေသပ်ကောင်းမွန်လှတာမို့ နာမည်ရလာတယ်။ အနားလုံးတာ၊ အနားကွပ်တာ၊ ခေါက်ချုပ်တာတွေမှာ လက်ရာသေသပ်တယ်။ နောက်တော့ ပေါ့ပ်စတား ရီဟာနားနဲ့ ချိတ်ဆက်မိသွားတယ်။ ရီဟာနားရဲ့ ပင်တိုင်ဖက်ရှင်ဒီဇိုင်းနာ ဖြစ်လာခဲ့တယ်။ ရီဟာနားကလည်း ဆဲလ်မန်ရဲ့ ဖက်ရှင်အသစ်တွေ ကိုယ်ပေါ်တင်ပြီး ပရိသတ်ရှေ့မှောက် ပွဲထုတ်ပေးလို့ ဆဲလ်မန်ဟာ လူသိများတဲ့ ဒီဇိုင်းနာအဖြစ်ကို ရောက်ရှိသွားတယ်။ ယခုနှစ်မှာတော့ သူက ကိုယ်ပိုင် လုပ်ငန်းတစ်ခု ထူထောင်လိုက်ပြီး Mister Selman လို့ အမည်ပေးထားတယ်။ အဲဒီ အမည်အမှတ်တံဆိပ်ဖြင့် ဖက်ရှင်ထည်တွေကို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Read 1502 times
Rate this item
(0 votes)