What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထာကျကျ ဝတ်စားတတ်ဖို့

ချောတယ်၊ လှတယ်၊ ချစ်စရာကောင်းတယ်ဆိုတာထက် ဘယ်လိုနေနေ အထာကျနေတယ်ဆိုတဲ့ အမျိုးသမီးတွေ သီးသန့်ရှိပါတယ်။

သူတို့ကို ဖက်ရှင်ဆရာမကြီးတွေအဖြစ် သတ်မှတ်ထားလေ့ရှိပါတယ်။ ဒီလို ဘယ်လိုနေနေ အထာကျနေ
တယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသူတွေဟာ ဖက်ရှင်အမြင်ရှိရုံတင်မကဘဲ သူတို့ရဲ့ အသွင်အပြင်ကို အများနဲ့မတူဘဲ ကွဲသွားစေမယ့် ဖက်ရှင်လှည့်ကွက်တွေကို သက်ဆိုင်ရာနေရာတွေမှာ ကောင်းကောင်း အသုံးချတတ်သူတွေ ဖြစ်နေ
တတ်ပါတယ်။ ဖက်ရှင်မှာဆရာကျဖို့ နောက်ဆုံးထွက် Trend တွေနောက်ကို အပြေးလိုက်နေဖို့ မလိုအပ်ပါဘူး။ သူ့နေရာနဲ့သူ သုံးရမယ့် ဖက်ရှင်လှည့်ကွက်လေး အချို့ကို ကြေကြေညက်ညက် သိထားရုံနဲ့လုံလောက်ပါတယ်။ 

(၁) အခြေခံဝတ်စုံနဲ့ မာစတာ အရင်ဖြစ်နေပါစေ
နောက်ဆုံးပေါ် ဒီဇိုင်းတွေကို သူများထက် ခြေတစ်လှမ်းသာအောင် တွဲဖက်ဝတ်ဆင်တတ်ရုံနဲ့ ဖက်ရှင်မှာ ဆရာကျသူ တစ်ဦးဖြစ်မလာနိုင်ပါဘူး။ အခြေခံ အဝတ်အစားတွေကို အထာကျနေအောင် ဝတ်စားတတ်ပါမှ ဖက်ရှင်မှာ မာစတာတစ်ဦးဖြစ်လာမှာပါ။ တီရှပ်ရယ်၊ ဂျင်းပန်အနက်တစ်ထည်ရယ်လောက် အခြေခံကျတဲ့ အဝတ်အစား မရှိတော့ပါဘူး။ ဒီ အခြေခံကျကျက ရိုးရှင်းလွန်းလှပါတယ်ဆိုတဲ့ တီရှပ်နဲ့ ဂျင်းပန်ကိုပဲ လေဒီရှူးတစ်ရံနဲ့ တွဲဖက်ကြည့်လိုက်ပါ။ ဒီသုံးမျိုးက ဖက်ရှင်
ကျပါတယ်ဆိုတဲ့ ဆရာမကြီးတွေ မကြာခဏထုတ်သုံးလေ့ရှိတဲ့ လက်နက်တွေဖြစ်ပါတယ်။

ff

(၂) အပွင့်၊ အကွက် နဲ့ အဆင်တွေကို မကြောက်ပါနဲ့ 
ဒေါင်လိုက်အစင်းတွေနဲ့ ဘောလုံးကွက်ကို တွဲဝတ်လို့ မရပါဘူးလို့ တစ်ဦးတစ်ယောက်က ဆိုလာရင် ဒါသူ့မှာ ဖက်ရှင်နဲ့ပတ်သက်တဲ့ သက်ဝင်ခံစားမှု မရှိလို့ပါ။ တစ်ခါတစ်ရံ ကိုယ့်မှာရှိတဲ့ ဖက်ရှင်အမြင်ကို ထုတ်ဖော်ပြသဖို့ အချို့သော ဖက်ရှင်စည်းမျဉ်းတွေကို ချိုးဖောက်သင့်ရင် ချိုးဖောက်ရပါလိမ့်မယ်။ သင်က အခုမှ အဆင်တွေ၊ အကွက်တွေပါတဲ့ အဝတ်အစားတွေကို အထက်အောက်ရောစပ်ပြီးဝတ်ဆင်ဖို့ စဉ်းစားနေသူဆိုရင် ပထမအဆင့်မှာ အပွင့်အဆင်တွေထက် အကွက်၊ အစင်း စတဲ့ အဆင်တွေကို ဦးစားပေးသင့်ပါတယ်။ အထက်အောက် အရောင်သိပ်မကွဲတဲ့ အရောင်ခပ်ရင့်ရင့် အဆင်တွေနဲ့ စပြီးတွဲဖက်ဝတ်ဆင်ကြည့်ပါ။ နောက်ပိုင်းမှာ ပိုပြီး ဆန့်ကျင်ဘက်ဖြစ်တဲ့ အဆင်တွေ၊ ပိုတောက်တဲ့ အရောင်တွေဆီ သွား နိုင်ပါပြီ။ 

f1

(၃) ဒီအတိုင်းဝတ်မလား၊ ခါးထဲထည့်ဝတ်မလား
သင့်ရဲ့ အင်္ကျီကို စကတ် ဒါမှမဟုတ် ဘောင်းဘီခါးထဲ ထည့်ဝတ်ရတာက လွယ်မလိုလိုနဲ့ ခက်တဲ့ အနုပညာတစ်ခုပါ။ ဖက်ရှင်ကျကျ ဝတ်စားတတ်တဲ့သူတွေဟာ ဒီလိုအင်္ကျီကို စကတ်၊ ဘောင်းဘီခါးထဲ ကပိုကရိုထည့်ဝတ်တဲ့ နေရာမှာ အင်မတန်တော်ကြလေ့ရှိပါတယ်။ သူတို့က ဒီနည်းလမ်းကို အရေးပေါ် စတိုင်လ်ထုတ်တဲ့ နေရာမှာသုံးလေ့ရှိပါတယ်။ အင်္ကျီကို ခါးထဲထည့်ပြီး ဝတ်လိုက်တဲ့အခါ ကိုယ်ဝတ်ထားတဲ့ ဝတ်စုံရဲ့ ဒီဇိုင်းကိုရော ကိုယ့်ရဲ့စတိုင်လ်ကိုရော လုံးဝပြောင်းလဲသွားစေပါတယ်။ အင်္ကျီတစ်ထည်လုံး မဟုတ်ဘဲ အင်္ကျီအရှေ့ပိုင်းလေး ဒါမှမဟုတ် ဘေးတစ်ခြမ်းကိုပဲ ထည့်ပြီး ဝတ်တာကလည်း Trend တစ်မျိုးပါ ။  ဒါကြောင့် အင်္ကျီတစ်ထည်ဝယ်လာပြီဆိုတိုင်း အရေးပေါ် အခြေအနေအတွက် ဒီအတိုင်းဝတ်သင့်လား၊ ခါးထဲထည့်ဝတ်ရမလားဆိုတာ မှန်ရှေ့မှာ ကျင့်ထားကြည့်ဖို့တော့လိုအပ်ပါလိမ့်မယ်။ 

f2

(၄) လက်တွေကို ခေါက်တင်လိုက်ပါ 
ဖက်ရှင်ကျကျ ဝတ်စားတတ်ဖို့ ဆိုရာမှာ တကူးတကကြီး ကြိုးစားအားထုတ်နေဖို့ မလိုတဲ့ နေရာတွေရှိပါတယ်။ ရှပ်အင်္ကျီဝတ်မယ်ဆိုရင် လက်ကိုခေါက်တင်ထားလိုက်ပါ။ ရိုးရှင်းလွန်းတဲ့ လှည့်ကွက်တစ်ခုဆိုပေမယ့် သင့်ရဲ့ အသွင်အပြင်ကိုတော့ အများကြီး ပြောင်းလဲသွားစေနိုင်ပါတယ်။ ကုတ်အင်္ကျီလိုမျိုး အပေါ်အင်္ကျီတွေဆိုရင်တော့ ခေါင်းစည်ကြိုး ခပ်ချောင်ချောင်တစ်ခုကို လက်မောင်းနားမှာစွပ်ပြီး အင်္ကျီလက်ကို ပင့်တင်ထားတာမျိုးလည်း လုပ်နိုင်ပါသေးတယ်။ 

f3

(၅) Function or Fashion
တစ်ခါတစ်လေ ဂျက်ကတ်၊ ကုတ္အက်ႌ စတဲ့ အေပၚဖံုးအက်ႌေတြကို အက်ႌလိုမဟုတ္ဘဲ ဖက္ရွင္အဆင္တန္ဆာတစ္ခုလို အသုံးပြုပါ။ ဒီနည်းလမ်းကို Function or Fashion လို့ခေါ်ပါတယ်။ အက်ႌကို အက်ႌလိုပဲ သံုးမွာလား (ဒါမှမဟုတ်) ဖက်
ရှင်တစ်ခုလိုဝတ်စားမှာလား။ သူတို့ကို ဝတ်ထားလိုက်တာထက် ပုခုံးမှာ အသာခြုံထားလိုက်တာက သင့်ကို ပိုပြီး အထာကျသွားစေနိုင်ပါတယ်။ 

f4

(၆)အထပ်ထပ်ဝတ်ပါ
အလွှာလွှာ၊ အထပ်ထပ်ဝတ်တာကလည်း နောက်ထပ် စတိုင်လ်ကျစေတဲ့ ဖက်ရှင်လှည့်ကွက် တစ်ခုပါပဲ။ ရှပ် နဲ့ စကတ်ပဲ ဝတ်မယ့်အစား အောက်မှာ ကိုယ်ကျပ်အင်္ကျီ၊ စွပ်ကျယ်၊ ကြိုးတစ်ချောင်းအင်္ကျီ တစ်ထည်ထည် ခံဝတ်ကြည့်ပါ။ ဂါဝန်တစ်ထည်အပေါ်မှာ ဂျက်ကတ်အတို ဒါမှမဟုတ် ရှပ်အင်္ကျီကို ခါးစည်းပြီး ထပ်ဝတ်တာမျိုးကလည်း သင့်ရဲ့ စတိုင်လ်ကို လုံးဝပြောင်းလဲသွားစေနိုင်ပါ တယ်။ ဂျင်းဘောင်းဘီ နဲ့ တီရှပ်ကိုပဲ အပေါ်က  ခပ်ဖားဖား အပေါ်ဖုံးတစ်ထည်နဲ့ တွဲဝတ်နိုင်ပါသေးတယ်။

f5

(၇) ကိုယ်ပိုင်စတိုင်လ် ရှိပါစေ
ဖက်ရှင်ဂိမ်းမှာ အားလုံးကို အနိုင်ယူနိုင်ဖို့ အရေးကြီးဆုံးတစ်ချက်ကတော့ သင့်မှာ “ကိုယ်ပိုင် စတိုင်လ်” တစ်မျိုးရှိနေဖို့ပဲဖြစ်ပါတယ်။ ဖက်ရှင်ကျကျ ဝတ်စားတတ်တဲ့သူဆိုတာ သေချာပေါက်ကို Trend ကိုလိုက်ပြီး ဝတ်စားတတ်ရမှာပါ။ ဒီလို ဝတ်စားတဲ့အခါမှာ အချိန်နဲ့ အမျှပြောင်းလဲနေတဲ့ Trend ထဲက ဖက်ရှင်အပိုင်းအစတွေကို ဆွဲထုတ်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင် အမှတ်အသားလိုဖြစ်နေမယ့် စတိုင်လ်တစ်မျိုးကို ဖန်တီးပြီးဝတ်ဆင်တတ်ဖို့က အဓိက အရေးကြီးတဲ့ အချက်ပါပဲ။ ကိုယ့်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို သိထားတယ်၊ ကိုယ်နဲ့ ဘယ်လိုစတိုင်လ်က လိုက်ဖက်သလဲသိထားတယ်၊ ကိုယ့်ရဲ့ အကြိုက်က ဘာလဲသိထားတယ်ဆိုရင် ကိုယ်ပိုင်စတိုင်လ်တစ်မျိုးကို ဖန်တီးဖို့ မခက်ခဲတော့ပါဘူး။ ဖက်ရှင်လှည့်ကွက်လေးတွေကို သူ့နေရာနဲ့သူသုံးပြီး အထာကျကျ ဝတ်စားတတ်သူ တစ်ဦးဖြစ်လို့ရပါပြီ။

f6

 

source:people

Read 2763 times
Rate this item
(0 votes)