လူအများကြားမှာ ခပ်မိုက်မိုက်ဟန်ပန် ရရှိစေဖို့ styling လုပ်တဲ့အခါမှာ အောင်မြင်နေတဲ့ စူပါမော်ဒယ်တွေရဲ့ Street Styles တွေက inspiration ယူဖို့ အကောင်းဆုံးပါ။
မကြာခင် ရောက်လာတော့မယ့် ဆောင်းဦးရာသီမှာ ပေါ့ပေါ့ပါးပါးလေး အထာကျဖို့ ၀တ်စုံလေးတွေ ရှာကြည့်တော့ Cropped Sweaters လေးတွေက အသင့်တော်ဆုံးပါပဲ။
အားလုံးချစ်ကြတဲ့ Kendall Jenner တို့ Bella Hadid တို့ကလည်း ဒီ ခါးတို ဆွယ်တာ ဒီဇိုင်းလေးတွေနဲ့ အလန်းဆုံး တွေ့နေရတယ်လေ။
ညဘက် nightout မယ့် ပျိုမေတွေကတော့ Chanel Iman လိုမျိုး Cropped Sweater လေးကို high-rise jeans လေးရယ် ကြိုးရှုပ်ရှုပ် heels လေးနဲ့ တွဲဆက်ပြီး ခပ်မိုက်မိုက် စတိုင်ထုတ်လို့ ရသလို နေ့လည်ဘက် coffee date လုပ်ချင်တဲ့ ကောင်မလေးတွေကတော့ Selena Gomez လို ထပ်တွန့် စကတ် အကားလေးနဲ့ တွဲဝတ်ပြီး မိန်းမသားဆန်မှုကို အမိအရ ဖမ်းဆုပ်နိုင်တယ်လေ။
ကဲ...ဒီတော့ ယူတို့လည်း Cropped Sweater လေးတစ်ထည်တော့ အမြန်ဆုံး ပိုင်ဆိုင်ထားဖို့ လိုနေပြီနော်.....
source: posh magazine