What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိန်းမဆန်တယ်ထင်ရပေမဲ့ ကောင်လေးတွေနဲ့လည်း ဖက်ရှင်ကျတဲ့ အဝတ်အစားအရောင် (၅)ရောင်

ဖက်ရှင်အတွဲအစပ်အကြောင်းကို ပြောတဲ့အခါမှာ အရောင်တွေအကြောင်းကို ချန်ထားခဲ့လို့ မရပါဘူး။ အရောင်တိုင်းမှာ မတူညီတဲ့ အဓိပ္ပါယ်တွေ၊ Energy တွေ ရှိပါတယ်။ ဒါကို လူတစ်ချို့က ကျား/မ ခွဲခြားပြီး ပန်းရောင်တို့၊ ခရမ်းရောင်တို့ဆို မိန်းမဆန်တဲ့ အရောင်တွေလို့ ယူဆထားကြပါတယ်။

ယောင်္ကျားလေးတွေ အဲ့လိုအရောင်ဝတ်ရင်ကို နွဲ့တယ်၊ Gay ဆန်တယ်ဆိုပြီး တွေးကြပါတယ်။ လူတိုင်းမှာ သူတို့နှစ်သက်တဲ့ အရောင်ကို စိတ်ကြိုက်ဝတ်ပိုင်ခွင့်ရှိပါတယ်။ အထူးသဖြင့် ဖက်ရှင်ပိုင်းမှာ စည်းဘောင်တွေ၊ ကန့်သတ်ချက်တွေဆိုတာ မရှိရပါဘူး။ ခေတ်မီလာတာနဲ့အမျှ Fashion Week တွေ၊ Fashion Runway တွေနဲ့ Fashionista တွေ ကိုယ်တိုင်က ခွဲခြားသတ်မှတ်ထားခြင်းမရှိတဲ့ Genderless Fashion တွေကို ပိုပြီးပွဲထုတ်လာကြပါပြီ။

အောက်မှာပြောပြပေးသွားမယ့် အရောင်တွေက မိန်းမဆန်တယ်ထင်ရပေမယ့် တကယ်တမ်းဝတ်ကြည့်ရင် ယောင်္ကျားလေးတွေနဲ့လည်း လိုက်ဖက်တာကို တွေ့ရမှာပါ။ အမြဲ အနက်၊ အဖြူ၊ မီးခိုတွေချည်း ဝတ်နေရတာ ငြီးငွေ့စရာကောင်းပါတယ်။ ဒါကြောင့် အမြင်ဆန်းပြီး အထာကျစေတဲ့ အရောင်လေးတွေကို Try ကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

(၁) Pink (ပန်းရောင်)

pink

 လူတွေတော်တော်များများက ပန်းရောင်လို့ပြောလိုက်တာနဲ့ မိန်းမဆန်လွန်းတယ်ထင်ပြီး နှာခေါင်းရှုံ့ကြတော့တာပါပဲ။ အမှန်တော့ ပန်းရောင်က ယောင်္ကျားလေးတွေအတွက်လည်း အသားဆောင်ပြီး ဖက်ရှင်ကျစေတဲ့ အရောင်ပါ။

အထူးသဖြင့် နွေရာသီဆိုတာ ပန်းရောင်ဝတ်ဖို့ အသင့်တော်ဆုံးအချိန်ပါ။

(၂) Beige (အသားရောင်/အညိုဖျော့)

Beige1

beige2

s l400

Beige အရောင်က ကောင်လေးတွေကို အဆင့်အတန်းမြင့်တဲ့အသွင် ဖြစ်စေပြီး ပွဲတက်ပဲဖြစ်ဖြစ်၊ ထသွားထလာပဲဝတ်ဝတ် အဆင်ပြေတဲ့ အရောင်ပါ။ ဘယ်ဖိနပ်မျိုးနဲ့မဆို လိုက်တဲ့ အဝတ်အစားအရောင်လည်း ဖြစ်ပါတယ်။

ငြိမ်ငြိမ်လေးနဲ့ Boyfriend Material Look မျိုး ဖြစ်ချင်တယ်ဆိုရင်တော့ အသားရောင်ကို မေ့ထားလို့မရပါဘူး။

(၃) Violet (ခရမ်းရောင်)

Violet

V1

V6

ခရမ်းရောင်က မိန်းကလေးဆန်တယ်ထင်ရပေမယ့် ယောင်္ကျားလေးတွေအတွက်လည်း တည်တည်ငြိမ်ငြိမ်ရှိပြီး Smart ကျစေမှာပါ။

ခရမ်းရောင်ကို Formal ဆန်ဆန်မဝတ်ချင်ဘူးဆိုရင် Streetstyle အနေနဲ့ဝတ်ရင်လည်း မိမိုက်နေမှာပါ။

(၄) Yellow (အဝါရောင်)

Yellow

yellow pop 06

yp

အဝါရောင်က ပျော်ရွှင်ခြင်းတွေကို သယ်ဆောင်လာပေးသလို ဝတ်တဲ့သူကိုလည်း ဆွဲဆောင်မှုရှိတဲ့အသွင်ကို ရစေတဲ့ အရောင်လို့လည်း ပြောလို့ရပါတယ်။

ယောင်္ကျားလေးတစ်ယောက်မှာ အဝါရောင် T-Shirt (သို့) Sweatshirt လေးတစ်ထည်တော့ အနည်းဆုံး ရှိထားသင့်ပါတယ်။ ရာသီဥတုပူပူ၊ အေးအေး အဝါရောင်လေးက လွင်လွင်လေးနဲ့ အထာကျနေစေမှာပါ။

(၅) Turquoise (စိမ်းပြာရောင်)

T

T1

T2

အရောင်ငြိမ်ငြိမ်လေးတွေကိုမှ ဝတ်တတ်တဲ့ ကောင်လေးတွေနဲ့ အလိုက်ဖက်ဆုံးက စိမ်းပြာရောင်လေးပါ။

သူ့ကိုတော့ Sporty ဆန်ဆန် Look လေးတွေနဲ့ ဝတ်ကြည့်ရင်လည်း ကြည့်ကောင်းပါတယ်။ သူက မျက်စိအမြင်လည်းအေးသလို ဆွဲဆောင်မှုလည်းရှိတာကိုတော့ မငြင်းနိုင်ပါဘူး။

MODA

Read 559 times
Rate this item
(0 votes)