What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသက်(၂၀)ကျော် မိန်းကလေးတွေ မရှိမဖြစ် လိုအပ်တဲ့ ဝတ်စုံ (၅) စုံ

အဝတ်အစား ဝတ်တယ်ဆိုတာက ကာလံဒေသံနဲ့ လိုက်အောင်

ဝတ်တတ်ရတဲ့အပြင် အသက်အရွယ်နဲ့လည်း လိုက်ဖက်အောင် ဝတ်ဖို့ လိုပါသေးတယ်။ အသက် (၂၀) ကျော် မိန်းကလေးတစ်ယောက်အနေနဲ့ အဝတ်အစားဝတ်တဲ့အခါ အရမ်းလည်း ကလေးဆန်ဆန် မဝတ်သင့်တော့သလို အားဂျီးမားပုံလည်း ဖမ်းစရာ မလိုသေးပါဘူး။ နောက်တစ်ချက်က အဲဒီအရွယ်မှာ လုပ်ငန်းခွင်ဝင်နေကြတဲ့ အသက်အရွယ်ဖြစ်တဲ့အတွက်ကြောင့် ပေါ့ပေါ့ပါးပါး သွားစရာတွေအပြင် လုပ်ငန်းခွင်နဲ့ သက်ဆိုင်ရာ သွားစရာလာစရာ တခြားသော ပွဲနေပွဲထိုင်လေးတွေပါ သွားဖို့ လိုအပ်လာပါတယ်။ အဲဒီအခါ ကိုယ့်အသက်အရွယ်နဲ့လည်း သင့်တော် ကိုယ်သွားရမယ့် နေရာတွေနဲ့လည်း သင့်တော်စေမယ့် အဝတ်အစားလေးတွေ ရှိဖို့သင့်ပါတယ်။ အခု အက်ဒမင် ပြောပြမယ့် (၅)မျိုးလောက်ကတော့ ယောင်းတို့ ဗီရိုထဲ ရှိထားသင့်တယ်နော်။

  • Black Blazer (အမည်းရောင် ဘလေဇာကုတ်အကျီင်္)

အမည်းရောင် ဘလေဇာ ကုတ်လေးကကျောင်းကို ဝတ်သွားတာပဲဖြစ်ဖြစ် ၊ အလုပ်ခွင် ဝင်တဲ့ အချိန်မှာပဲ ဖြစ်ဖြစ် အသင့်တော်ဆုံး အဝတ်အစားလေး တစ်ခုဆိုတာတော့ ငြင်းမရပါဘူးနော်… လူကြီး ဆန်ပြီး ရင့်ကျက်တဲ့ အသွင်အပြင်လေးကို ရရှိစေတာကြောင့် ကျောင်းမှာ Presentation လုပ်ရတာမျိုး ၊ အလုပ် အင်တာဗျူး သွားတဲ့ အခါမျိုး ၊ အရေးကြီးတဲ့ အစည်းအဝေးတွေ ရှိတဲ့ အခါမျိုး တို့ မှာ အသင့် တော်ဆုံး ဝတ်စုံလေး တစ်ခုပါ… အဲ့ဒါကြောင့် တစ်ထည်လောက်တော့ ဝယ်ထားလိုက် သင့်ပါတယ်။  ချုပ်ရိုးချုပ်သား ကောင်းပြီး ကောက်ကြောင်းနဲ့ လိုက်ဖက်စေမယ့် ဘလေဇာကုတ်လေး ဖြစ်စေဖို့ ကိုတော့ တစ်ချက် သတိထားပေးလိုက်နော်။

  • White Tee (အဖြူရောင်တီရှပ်တစ်ထည်)
  • အပြင်ထွက်တဲ့အခါ ပြင်ဆင်ဖို့ အချိန်မရရင် အဖြူရောင် အကျီလေး တစ်ထည်က  ပြီးပြည့်စုံပြီး ရိုးရှင်းတဲ့ အလှ တရားကို ဆောင်ယူလာပေးနိုင်မှာပါ… ဘောင်းဘီလေး နဲ့ ပဲ တွဲဝတ်ဝတ် ၊ စကတ်လေး နဲ့ ပဲ ဝတ်ဝတ် လိုက်ဖက်စေပါတယ်။ အရမ်းကြပ်နေတာမျိုး အရမ်းချောင် နေတာမျိုး မဟုတ်ပဲကောက်ကြောင်းနဲ့ လိုက်ဖက်ပြီး သင့်တင်တဲ့ ဆိုဒ်မျိုးလေးကိုပဲ ရွေးချယ် ဝယ်ပေးနော်…
  • Classic Jeans

ဘယ်လောက်ပဲ ဖက်ရှင်ရေစီးကြောင်းမှာ အသစ်အဆန်းတွေ ပေါ်လာတယ်ပဲ ပြောပြော အခြေခံဝတ်စုံ ဖြစ်တဲ့ ဂျင်းဘောင်းဘီကတော့ ရှိကို ရှိသင့်တဲ့ အဝတ်အစားထဲမှာ ပါဝင်ပါတယ်… လိုက် ဖက်တဲ့ ဂျင်းဘောင်းဘီ တစ်ထည်က အလှတရား ဆထက်တိုးအောင် ဆောင်ရွက်ပေးနိုင်စွမ်း ရှိပါတယ်နော်… ခေတ်စားနေတဲ့ ဂျင်းဘောင်းဘီ အမျိုးအစား ဖြစ်စရာမလိုပါဘူး။ ဘယ်တော့မှ မရိုးသွားမယ့် ဂျင်းဘောင်းဘီ တစ်ထည် ကိုပဲ ရွေးဝယ်ပါ။ အရောင်မှိုင်းမှိုင်းလေးတွေ ဝယ်ယူဖို့ အက်ဒမင်ကတော့ အကြံပေးချင်ပါတယ်… အရောင်နုနုလေးတွေ ဆိုရင် အရောင်တွေ စွန်းတာ ပေတာမျိုး ဖြစ်ပြီး ကြာကြာမခံတာမျိုး နဲ့ ကြုံနိုင်လို့ ပါနော်…

  • Black Leggings

Legging ဘောင်းဘီလေးတွေကပိန်သွယ်စေအောင် လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်နော်. ပိန်သွယ်တဲ့ ပုံစံလေး ရရှိစေဖို့ အသားကပ်ဘောင်းဘီလေး တစ်ထည်လောက် ဆောင်ထားလိုက်နော်… လူငယ်ဆန်ပြီး သွက်လက်တဲ့ ပုံစံလေးလည်း ရစေတဲ့ အပြင် ဝတ်ရတာ သက်တောင့်သက်သာရှိတာ ကြောင့် အကောင်းတကာ အကောင်းဆုံး ဘောင်းဘီ ဆိုလည်း မမှားပါဘူးနော်… ။

  • Black Dress

ပွဲနေပွဲထိုင်ဆို အရိုးရှင်းဆုံးနဲ့ အလှပဆုံးက အမည်းရောင် ဝတ်စုံလေးပါ… ညစာစားပွဲသွားတာပဲ ဖြစ်ဖြစ် ၊ ပွဲတစ်ခုခု အရေးပေါ်သွားစရာရှိတာပဲ ဖြစ်ဖြစ် ရှိလာရင် ခေါင်းစားမခံဘဲ အမည်းရောင် ဝတ်စုံလေးသာ ကောက်စွပ်ပြီး သွားလိုက်ပါ။ ကောက်ကြောင်း နဲ့ လိုက်ဖက်တဲ့ အမည်းရောင်ဝတ်စုံ ကောင်းကောင်းတစ်စုံလောက်တော့ ရှိထားဖို့ လိုတာပေါ့နော်။

ဒီအဝတ်အစားလေးတွေကတော့ (၂၀)ကျော်တို့အတွက် ဝယ်ထားသင့်တာလေးပေါ့နော်။ ကျိန်းသေပေါက် ရှိထားသင့်တယ်ဆိုတာထက် အခြေအနေအချိန်အခါအလိုက် ဝတ်ဖို့ခေါင်းစားလာတဲ့အခါ ဒါလေးတွေက အသင့်တော်ဆုံးလေးတွေလို့ ဆိုလိုချင်တာပါ။  ဝယ်တဲ့အခါ… မှာတဲ့ အချက်တွေကို လည်း မမေ့နဲ့ နော်…။အချိန်တိုင်း လှပနေနိုင်ပါစေ။

source:for her myanmar

Read 1211 times
Rate this item
(1 Vote)