အမျိုးသမီးလေးတွေ ရဲ့ ဗီဒီထဲမှာ jean jacket လေးတထည်လောက်တာ့ရှိထားသင့်တယ်နော်။
အပေါ်ကနေ jean jacket လေးထပ်လိုက်တာကလဲ ဖက်ရှင် တခုအနေနဲ့ ပြည့်စုံသွားသလို မိုက်လဲမိုက်လှနေမယ့် ပုံစံမျိုးပါ။ ဒီ jean jacket လေးတွေ နဲ့ ဘယ်လိုတွေလန်းပြီးမိုက်နေလဲဆိုတာ ကြည့်လိုက်ပါဦး။
- ဂျင်းခါးတို jacket

Jean ပွပွကြီးကြီး ခါးတို jacket ကို အထဲ က ရင်ခံနဲ့ ဘဲ ဖြစ် ဖြစ် လက်တလုံးကြိုး နဲ့ဘဲဖြစ်ဖြစ် တွဲဝတ်လိုက်ရင် တော့ တော်တော်လေးမိုက်နေမှာပါ။ ပုံထဲမှာဆို ရင်ခံအနီလေးပေါ်မှာမှ Jean ပွပွကြီးကြီး ခါးတို jacketကို ထပ်ဝတ်ထားပြီး အောက်ကဂျင်းခပ်ပွပွ အပြဲဘောင်းဘီ လေးကို တွဲဖက်ဝတ်ဆင်ထားတာတော်တော်လေးကို မိုက်နေပါတယ်။
- ဂျင်းခါးအရှည်အနက် jacket

Jean လို့ပြောလိုက်တာနဲ့ အပြာရောင်ကို ဘဲ ပြေးမြင် တတ်ကြပါတယ်။ jean jacket အနက်ရောင်လေးကို မှ ခါးအရှည်မို့အထဲက ဘောင်းဘီအတိုနဲ့ ဘဲ ၀တ်အရှည်နဲ့ ဘဲ ၀တ်ဝတ်အဆင်ပြေပြီးလန်းနေမှာ ပါ။ဒီပုံထဲမှာတော့ ဂျင်းခါးအရှည်အနက် jacket ကို ခေါင်းလောင်းဘောင်းဘီဂျင်းနဲ့ တွဲဖက် ၀တ်ဆင်ထားတာကလဲ တမျိုး ဆန်းပြီး လှနေတာပေါ့။
- ဂျင်းအရောင်ဖျော့ jacket

ဂျင်းအရောင်ကိုမှ အရင့်မဟုတ်ဘဲ အဖျော့် အပြဲစတိုင်လေးတွေကလဲ အပေါ်ကနေ ထပ်ဝတ်ရင် မိုက်နေတဲ့ စတိုင်မျိုးဘဲပေါ့။ဒီပုံမှာတော့ ဂျင်းအရောင်ဖျော့ jacket ကို အထဲ က နက်ပြာရောင်လေး ခံဝတ်ထားပြီး လည်သာဘောင်းဘီလေးနဲ့ ဆိုတော့ အရောင်ပိုတောက်ပြီး အရိုးရှင်းဆုံးက အဆန်းဆုံးစတိုင်ဖြစ်နေတာပေါ့။
- ဂျင်းပန်းရောင် ခါးတိုjacket

ဂျင်းရောင်ေးလတွေကတော့ ပန်းရောင်ကြိုက်တတ်သူ ပျိုမေတွေအတွက် တော့ အကြိုက်တွေ့စေမယ့် jacket လေးပါဘဲ။ ဒီပုံထဲမှာတော့ ဂျင်းပန်းရောင် ခါးတိုjacket ကို အထဲ က လည်ပင်းပိတ်အင်္ကျီ အနက်ရောင်လေးခံဝတ်ထားပြီး ဂျင်းပန်းရောင် ခေါင်းလောင်းဘောင်းဘီလေးနဲ့ တွဲဝတ်ထားတာကလဲ တမျိုး လန်းနေတာပေါ့။
- ဂျင်းjacketပေါ်က စတစ်ကာ

ဂျင်းjacket ပေါ်မှာ စတစ်ကာတွေ ကပ်ထားရင် အချို့ က မ၀တ်ရဲတတ်ကြသလို အချို့ က မကြိုက်ကြပါဘူး။အမှန်တော့ အဲ့ လို စတစ်ကာလေးတွေ ကပ်ထားတဲ့ jacket တထည်ကလဲ ၀တ်လိုက်ရင် မိုက်ပြီး လူကို ထင်းနေစေမှာ ပါ။ ဒီပုံမှာတော့ စတစ်ကာတွေ ကပ်ထားတဲ့ ဂျင်းကို အထဲက အနက်ရောင်ခါးအတိုလေးနဲ့ လည်သာဘောင်းဘီအရှည် လေးနဲ့ ပုခုံးတဖက်ချ ၀တ်ထားတဲ့ စတိုင်က အရမ်းကို မိုက်ပြီး ဖက်ရှင်ကျနေတာပေါ့။
ဂျင်းလို့ပြောလိုက်တာနဲ့ အပြာရောင်ရင့်ရင့်၊အပြာရောင်နုနုတွေဘဲ မြင် တတ်ကြပါတယ်။ အမှန်တော့ ဂျင်းကို ရောင်စုံလေးတွေ ထုတ်ကြတယ်။ jacket တွေကိုလဲ ပုံစံမျိုးစုံ နဲ့ ထုတ်ကြတယ်။ အဲ့ တာကြောင့် ပျိုမေလေးတွေရဲ့ ဘီဒိုထဲမှာလဲ jean jacket လေး တထည်လောက်တော့ရှိထားသင့်တယ်နော်။





