What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဖြူရောင် ရှပ်တစ်ထည်နဲ့ ခေတ်ဆန်ကြော့မော့ခြင်း

အဖြူရောင် ရှပ်တစ်ထည်နဲ့ ခေတ်ဆန်ကြော့မော့ခြင်း google

ကို့ယို့ကားယား နိုင်ပြီး သိပ်ဆန်းလွန်းတဲ့ ခေတ်ထမှုဆိုတာက တဒင်္ဂလောက်ပဲ စီးဆင်းတဲ့ ဖက်ရှင်ရေစီးကြောင်း တစ်ခုပါ။

ဘယ်သောမှ ရိုးမသွားပဲ ရာစုနှစ်နဲ့ချီ တည်မြဲပြီး လူတိုင်းကြိုက်တဲ့၊ လူတိုင်းနဲ့ လိုက်ဖက်တာကတော့ Classic Style ခပ်ရှင်းရှင်း ပုံစံတွေပါပဲ။

ရှပ်အဖြူလေးဝတ်ဆင်လိုက်ရင် ကိုယ်တိုင်ကလဲကိုယ့် ကိုယ်ကို ယုံကြည်မှုရှိသလို စမတ်ကျနေတာကို လဲ ခံစားရမှာပါ။အဖြူဆိုတာသန့် ရှင်းတဲ့ သဘောမို့ အဖြူ ၀တ်ထားရင် ပိုပြီးယုံကြည်မှုရှိစေပြီးကြာ့်ကောင်းနေတာပေါ့။

1905381737 parsnaz ir2 v

မိန်းကလေးမှမဟုတ်ဘူးယောကျာ်းလေးတွေအဖြူလေးဝတ်ထားရင် မိန်းလေးတွေကလဲ အကြိုက်တွေ့ကြပါတယ်။

ဒါကြောင့် သင့်ရဲ့ အ၀တ်ဗီဒိုထဲက ရှပ်အဖြူတစ်ထည်နဲ့ ဘယ်လို စတိုင်ကျပြီး ဆွဲဆောင်မှုရှိအောင် ၀တ်ဆင်ရမလည်းဆိုတဲ့ နည်းလမ်းအချို့ကို မျှဝေပေးချင်ပါရဲ့။

အလွယ်ဆုံး နည်းလမ်းကတော့ ရှပ်ဖြူကို ဂျင်းနဲ့ တွဲဖက်ဝတ်ဆင်ခြင်းပါပဲ။ ဂျင်းစကတ် တစ်ထည် ဒါမှမဟုတ်၊ ဘောင်းဘီနဲ့ပဲဖြစ်ဖြစ် တွဲဆက်ပြီး ခပ်ထင်းထင်း ဆွဲကြိုး မဟုတ်ရင်လည်း ခပ်ကြီးကြီး နားဆွဲလေးနဲ့ တွဲပြီး ၀တ်ဆင်လိုက်ရင် သင်ဟာ အားလုံးထဲမှာ ခပ်ရှင်းရှင်းလေးနဲ့ အထင်းဆုံး ဖြစ်နေမှာပါ။

0ba79b087c5fad7b2effde965c19a20f planets white shirts20294574 1065837070219150 6694482739629423826 n

အရောင်တောက်တောက် လက်ကိုင်ပုဝါ တစ်ထည်ကိုလည်း ဆွဲကြိုးအစား သုံးလို့ရသေးတယ်နော်။

ရှပ်ဖြူပေါ်ကနေ ခပ်မိုက်မိုက် leather jacket ဒါမှမဟုတ် ပွရောင်းရောင်း denim jacket လေး ထပ်ပြီး ရှိုးထုတ်ဖို့ သိပ်လွယ်တယ်လေ။

2017 နှစ်စလောက်က ခေတ်ထသွားတဲ့ corset belts တွေကို ခါးမှာ ပတ်ထားလိုက်ရင်လည်း မိန်းမသားဆန်မှု နယ်ပယ်ကနေ ပြေးမလွတ်နိုင်ပါဘူး။

နောက်ပြီး အရောင်စုံစုံ ဆေးရိုက်ထည်တွေနဲ့ တွဲဆင်ချင်ရင်လည်း ရပါသေးတယ်။

20246268 1065837176885806 4419640085784469625 n20292775 1065837033552487 365663865273246926 n

သိပ်ထက်မြက်တဲ့ အသွင်လေး ရချင်ရင်ပေါ့။

ဖက်ရှင်ဦးဆောင်သူ ဒီဇိုင်နာတွေကလည်း ဒီရှပ်ဖြူ ပုံစံတွေကို ပိုလို့မြင်တဲ့ အဆင့်တွေဆီ တွန်းတင်နေကြတာပါ။

သမားရိုးကျ ရှပ်ပုံစံကနေ ခွဲထွက်လို့ လက်ခေါင်းလောင်းပုံ အကျီင်္တွေ၊ off-the-shoulder စတိုင်တွေ၊ ခပ်ပွပွ boyfriend shirt ဒီဇိုင်းတွေ၊ သာမန်ထက် ပိုရှည်တဲ့ လက်ဒီဇိုင်းတွေ..အို.. အမျိုးမျိုးပါပဲ။

blue pant with white shirt20374271 1065837133552477 5287720370051904287 n

 

ဆန်းသစ်တယ် ဒါပေမဲ့လို့ Classic ဆန်တဲ့ ရှပ်တစ်ထည်ရဲ့ ဟန်ပန်တွေဆီကနေတော့ သိပ်အဝေးကြီး မသွားကြပါဘူး။

ကဲ..အဲဒီတော့ သင့်ရဲ့ ဗီဒိုထဲက ရှပ်ဖြူလေးကို သင်စိတ်ကြိုက် တွဲဆက်လို့ ၀တ်ဆင်ပြီး လမ်းမထက်တွေဆီ ပို့ဆောင်လိုက်ရအောင်......

ရှပ်အဖြူကို ဘယ်လိုတွေ ဖက်ရှင်ကျအောင်ဝတ်ဆင်ထားကြလဲဆိုတာလဲ လေံလာနိုင်ပါတယ်။

00e43a9032d15ffb3b5ba40c010c7b79 classic white shirt crisp white shirt

Read 1159 times
Rate this item
(1 Vote)