What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိန္းမခႏၶာ ျမင္သာေစသူ

(Zaw+Uni)အဇက္ဒင္း အလုိင္းရာ ၿပီးခဲ့တဲ့ ႏုိ၀င္ဘာလ ၂၀၁၇ တုန္းက ကြယ္လြန္သြားခဲ့တယ္။

သူက ၁၉၄၀ ခုႏွစ္တုန္းက တူနီးရွားမွာ ေမြးဖြားခဲ့ၿပီး ဘ၀ေန၀င္ခ်ိန္္မွာ ေက်ာ္ၾကားတဲ့ ဖက္ရွင္ဒီဇုိင္းနာ။ အဇက္ဒင္း အလုိင္းရာ Azzedine Alaïa က ၁၉၈၂ ခုႏွစ္မွာ ‘‘ကၽြန္ေတာ့အဖုိ႔ ဖက္ရွင္ဆုိတာ ကုိယ္ခႏၶာ’’ လုိ႔ ေျပာခဲ့ဖူးတယ္။ တကယ္ပါ ဖက္ရွင္ဆုိတာ သူ႔အဖုိ႔ေတာ့ အ၀တ္အစား မဟုတ္ဘူး။ ဖက္ရွင္ဆုိတာ ၀တ္ဆင္ထားသူရဲ႕ ကုိယ္ခႏၶာ။ ေယာက္်ားမိန္းမ ခြဲျခားၿပီး ေျပာရရင္ေတာ့ မိန္းမကုိယ္ခႏၶာ။
‘‘အ၀တ္အစားေတြကုိ ကၽြန္ေတာ္ ျပဳလုပ္တယ္။ ဖက္ရွင္ကုိေတာ့ မိန္းမေတြက ျပဳလုပ္တယ္’’ လုိ႔ အလုိင္းရာက ေျပာေလ့ရွိတယ္။ ‘‘ကၽြန္ေတာ္က ဖက္ရွင္ဒီဇုိင္နာ မဟုတ္ဘူး။ ကၽြန္ေတာ္က ဖက္ရွင္တုိက္’’ လုိ႔လည္း သူက ေျပာေလ့ရွိတယ္။ သူက အ၀တ္အစားထက္ ကုိယ္ခႏၶာက ပုိအေရးပါတယ္။ အေရျပား၊ အသားစုိင္၊ ၾကြက္သား၊ အေကြးအေမာက္ေတြကသာ ဖက္ရွင္ကုိ ဖန္တီးတယ္။
သူ႔အေၾကာင္းကုိ ခ်ီးက်ဴးတဲ့စကား ေျပာၾကတာေတြ ရွိတယ္။ အ၀တ္အစား တစ္ထည္ရဲ႕ လက္ႏွစ္ဖက္ကုိ သူခ်ဳပ္ေနတာ တစ္ညကုန္ၿပီး မုိးလင္းမွ ၿပီးတဲ့အခါမ်ဳိး ရွိတယ္။ တစ္ခါမွာေတာ့ သတုိ႔သမီး၀တ္စုံကုိ သူခ်ဳပ္တာ သတုိ႔သမီးကုိယ္ေပၚမွာ တင္ၿပီး ခ်ဳပ္တယ္။ ေနရာတုိင္း ကုိယ္ခႏၶာနဲ႔ အံကုိက္ျဖစ္ေနေအာင္ တစ္ေနရာၿပီး တစ္ေနရာ သူခ်ဳပ္ေနေတာ့ အေတာ္ၾကာတယ္။ မဂၤလာပြဲကုိ အစီအစဥ္ ေနာက္က်ၿပီးမွ စၾကရတယ္။

ပ်ားသလက္အကြက္ပုံေတြ ေဖာ္တာ သူ လုိခ်င္သလုိ မရလုိ႔ အခ်ိန္အၾကာႀကီး ၾကာေနၿပီ။ လက္ေလွ်ာ့ရခါနီးက်မွ သူ နည္းသိသြားတယ္။ အဲဒီ ပ်ားသလက္အကြက္ ဖက္ရွင္ထည္ လွခ်က္က ၾသခ်ၾကရတယ္။

 

Azzedine Alaia Origami pleated skirt dress for women 432 1

 


သူက မိန္းမခႏၶာကုိယ္ကုိ ၀တ္စားဆင္ယင္ထားၿပီးခ်ိန္္မွာ ဘယ္လုိ ျမင္ေတြ႕ရသလဲဆုိတာကုိ ေတာ္လွန္ေျပာင္းလဲပစ္တဲ့သူ။ သူက ေယာက္်ားျဖစ္ေနေပမဲ့ မိန္းမခႏၶာကုိ အလြန္ အျမတ္တႏုိး ရွိတဲ့သူ။


တူနီးရွားမွာ ေမြးခဲ့ၿပီး တူနီးရွားမွာ ႀကီးျပင္းခဲ့တယ္။ ၁၀ ႏွစ္သားအရြယ္မွာ ဝမ္းဆြဲလက္သည္တစ္ဦးရဲ႕ လက္ေထာက္အကူအျဖစ္ လုပ္ကုိင္ခဲ့ၿပီး ကေလးေတြ ေမြးေပးခဲ့တယ္။ အဲဒီမွာ မိန္းမေတြရဲ႕ ခႏၶာကုိယ္ကုိ သူ အကၽြမ္းတ၀င္ ျဖစ္ခဲ့တယ္။ ေနာက္ေတာ့ သူ ျပင္သစ္ႏုိင္ငံ ပါရီၿမိဳ႕ကုိ ေရာက္သြားတယ္။ အပ္ခ်ဳပ္သည္အျဖစ္ အသက္ေမြးတယ္။ အေဖာ္အခၽြတ္ေတြ ကျပေျဖေဖ်ာ္တဲ့ စားေသာက္ဆုိင္တစ္ခုမွ ကေခ်သည္ေတြအတြက္ အ၀တ္အစားေတြကုိ သူခ်ဳပ္ေပးရတယ္။ ကေခ်သည္တစ္ဦးခ်င္းအတြက္ ကုိယ္ခႏၶာအတုိင္းအတာေတြအရ အတိအက် ခ်ဳပ္ေပးရတယ္။ ခၽြတ္ရင္းေဖာ္ရင္း ေနာက္ဆုံးမွာ မေဖာ္အပ္တဲ့ေနရာေတြကုိ သုိင္းႀကိဳးနဲ႔ အစေသးေသးတုိ႔သာ ကာေပးထားတဲ့အျဖစ္ကုိ ေရာက္တယ္။ ဒီေတာ့ ကုိယ္ခႏၶာ အခ်ဳိးအစားက စြဲမက္စရာေကာင္းေနမွ အေဖာ္အခၽြတ္ ကေခ်သည္လုပ္ခြင့္ရတယ္။ အဲဒီလုိ မိန္းမခႏၶာေတြရဲ႕ ေျပျပစ္မႈနဲ႔ သုခုမမူဟန္ကုိ သူ ေနာေၾကသြားခဲ့တယ္။


သူခ်ဳပ္တဲ့ အ၀တ္အစားေတြအတြက္ မိန္းမခႏၶာကုိယ္ပုံကုိ ခဲျခစ္ပုံၾကမ္း ေရးေနဖုိ႔ မလုိဘူး။ ပုံၾကမ္းမွာ ဖက္ရွင္ထည္ကုိ ဆြဲၾကည့္ၿပီး စဥ္းစားေနဖုိ႔ မလုိဘူး။ သူက ခ်ဳပ္တဲ့အခါ ႏွစ္စ ဆက္စပ္တဲ့ေနရာေတြကုိ သူမ်ားေတြ မထားတဲ့ေနရာေတြမွာ သူက ထားၿပီး ခ်ဳပ္တယ္။ တင္ပါးေတြ ရင္သားေတြ ရွိတဲ့ေနရာေတြမွာ ထားတယ္။ နံ႐ုိးေတြရဲ႕ ေရွ႕မွာလည္း ထားတယ္။ အဲဒါမ်ဳိးက မိန္းမခႏၶာကုိ ေနာေၾကေနမွ လုပ္ႏုိင္မယ္။ တကယ္ကုိ သေဘာေပါက္ထားမွ လုပ္ေပးႏုိင္မယ္။
သိမ္တဲ့ခါး၊ ေမာက္တဲ့ရင္၊ ဖြံ႕ထြားတဲ့ အလုံးအထည္ စတာေတြကုိ အရွိအတုိင္း ျမင္သာေအာင္ အ၀တ္အစားကုိ သူ ပုံေဖာ္တယ္။ ဘရာကုိ သူခ်ဳပ္ေပးရရင္ ရင္သားေတြကုိ ပင့္တင္ၿပီး ရင္ဘတ္အလယ္ကုိ တြန္းပုိ႔တဲ့ဘရာျဖစ္ေအာင္ ခ်ဳပ္တယ္။ ဘရာရဲ႕ အထက္မွာ ေဖာင္းၾကြတက္ေနတဲ့ ရင္သားျဖစ္ေအာင္ သူ လုပ္ေပးထားတယ္။ အဲဒီဘရာမ်ဳိးကုိ သူက စတင္ေပးခဲ့ၿပီး တျခားသူေတြ အတူယူၿပီး ခ်ဳပ္ၾကရာမွ push-up bra လုိ႔ အမည္တြင္တယ္။ ရင္သားေတြကုိ တကယ္ကုိ ပင့္တင္ေပးထားတဲ့ ဘရာပါပဲလုိ႔ေျပာၾကရတယ္။

အလုိင္းရာ အစျပဳေပးခဲ့တာ ေနာက္တစ္ခု ရွိေသးတယ္။ သူက က်ားသစ္သားေရရဲ႕ ေအာက္ခံအေရာင္၊ အစက္အေျပာက္ေတြအတိုင္း တစ္ေထရာတည္း ေဆးဆုိးပန္း႐ုိက္ထားတဲ့ အထည္သားျဖင့္ ဖက္ရွင္ထည္ေတြ ဒီဇုိင္းထုတ္ခဲ့တယ္။ ဆယ္ေက်ာ္သက္အရြယ္ ေမာ္ဒယ္ဘ၀မွာ အလုိင္းရာနဲ႔ တစ္အိမ္တည္း အတူေနခဲ့ၿပီး အလုိင္းရာကုိ ပါပါႀကီးလုိ႔ ေခၚတဲ့ ေမာ္ဒယ္ Naomi Campbell က က်ားသစ္၀တ္စုံျဖင့္ ေလွ်ာက္လမ္းမွာ ထြက္ေလွ်ာက္ျပခဲ့တာ တာ အရမ္းေအာင္ျမင္သြားျပန္တယ္။ အခုထိ က်ားသစ္အစက္အေျပာက္ ဖက္ရွင္က မတိမ္ေကာေသးဘူး။

3328

Unicode

အဇက်ဒင်း အလိုင်းရာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀၁၇ တုန်းက ကွယ်လွန်သွားခဲ့တယ်။ သူက ၁၉၄၀ ခုနှစ်တုန်းက တူနီးရှားမှာ မွေးဖွားခဲ့ပြီး ဘဝနေဝင်ချိန်မှာ ကျော်ကြားတဲ့ ဖက်ရှင်ဒီဇိုင်းနာ။ အဇက်ဒင်း အလိုင်းရာ Azzedine Alaïa က ၁၉၈၂ ခုနှစ်မှာ ‘‘ကျွန်တော့အဖို့ ဖက်ရှင်ဆိုတာ ကိုယ်ခန္ဓာ’’ လို့ ပြောခဲ့ဖူးတယ်။ တကယ်ပါ ဖက်ရှင်ဆိုတာ သူ့အဖို့တော့ အဝတ်အစား မဟုတ်ဘူး။ ဖက်ရှင်ဆိုတာ ဝတ်ဆင်ထားသူရဲ့ ကိုယ်ခန္ဓာ။ ယောက်ျားမိန်းမ ခွဲခြားပြီး ပြောရရင်တော့ မိန်းမကိုယ်ခန္ဓာ။
‘‘အဝတ်အစားတွေကို ကျွန်တော် ပြုလုပ်တယ်။ ဖက်ရှင်ကိုတော့ မိန်းမတွေက ပြုလုပ်တယ်’’ လို့ အလိုင်းရာက ပြောလေ့ရှိတယ်။ ‘‘ကျွန်တော်က ဖက်ရှင်ဒီဇိုင်နာ မဟုတ်ဘူး။ ကျွန်တော်က ဖက်ရှင်တိုက်’’ လို့လည်း သူက ပြောလေ့ရှိတယ်။ သူက အဝတ်အစားထက် ကိုယ်ခန္ဓာက ပိုအရေးပါတယ်။ အရပြေား၊ အသားစိုင်၊ ကြွက်သား၊ အကွေးအမောက်တွေကသာ ဖက်ရှင်ကို ဖန်တီးတယ်။
သူ့အကြောင်းကို ချီးကျူးတဲ့စကား ပြောကြတာတွေ ရှိတယ်။ အဝတ်အစား တစ်ထည်ရဲ့ လက်နှစ်ဖက်ကို သူချုပ်နေတာ တစ်ညကုန်ပြီး မိုးလင်းမှ ပြီးတဲ့အခါမျိုး ရှိတယ်။ တစ်ခါမှာတော့ သတို့သမီးဝတ်စုံကို သူချုပ်တာ သတို့သမီးကိုယ်ပေါ်မှာ တင်ပြီး ချုပ်တယ်။ နေရာတိုင်း ကိုယ်ခန္ဓာနဲ့ အံကိုက်ဖြစ်နေအောင် တစ်နေရာပြီး တစ်နေရာ သူချုပ်နေတော့ အတော်ကြာတယ်။ မင်္ဂလာပွဲကို အစီအစဉ် နောက်ကျပြီးမှ စကြရတယ်။

ပျားသလက်အကွက်ပုံတွေ ဖော်တာ သူ လိုချင်သလို မရလို့ အချိန်အကြာကြီး ကြာနပြေီ။ လက်လျှော့ရခါနီးကျမှ သူ နည်းသိသွားတယ်။ အဲဒီ ပျားသလက်အကွက် ဖက်ရှင်ထည် လှချက်က သြချကြရတယ်။
သူက မိန်းမခန္ဓာကိုယ်ကို ဝတ်စားဆင်ယင်ထားပြီးချိန်မှာ ဘယ်လို မြင်တွေ့ရသလဲဆိုတာကို တော်လှန်ပြောင်းလဲပစ်တဲ့သူ။ သူက ယောက်ျားဖြစ်နေပေမဲ့ မိန်းမခန္ဓာကို အလွန် အမြတ်တနိုး ရှိတဲ့သူ။


တူနီးရှားမှာ မွေးခဲ့ပြီး တူနီးရှားမှာ ကြီးပြင်းခဲ့တယ်။ ၁၀ နှစ်သားအရွယ်မှာ ဝမ်းဆွဲလက်သည်တစ်ဦးရဲ့ လက်ထောက်အကူအဖြစ် လုပ်ကိုင်ခဲ့ပြီး ကလေးတွေ မွေးပေးခဲ့တယ်။ အဲဒီမှာ မိန်းမတွေရဲ့ ခန္ဓာကိုယ်ကို သူ အကျွမ်းတဝင် ဖြစ်ခဲ့တယ်။ နောက်တော့ သူ ပြင်သစ်နိုင်ငံ ပါရီမြို့ကို ရောက်သွားတယ်။ အပ်ချုပ်သည်အဖြစ် အသက်မွေးတယ်။ အဖော်အချွတ်တွေ ကပြဖြေဖျော်တဲ့ စားသောက်ဆိုင်တစ်ခုမှ ကချေသည်တွေအတွက် အဝတ်အစားတွေကို သူချုပ်ပေးရတယ်။ ကချေသည်တစ်ဦးချင်းအတွက် ကိုယ်ခန္ဓာအတိုင်းအတာတွေအရ အတိအကျ ချုပ်ပေးရတယ်။ ချွတ်ရင်းဖော်ရင်း နောက်ဆုံးမှာ မဖော်အပ်တဲ့နေရာတွေကို သိုင်းကြိုးနဲ့ အစသေးသေးတို့သာ ကာပေးထားတဲ့အဖြစ်ကို ရောက်တယ်။ ဒီတော့ ကိုယ်ခန္ဓာ အချိုးအစားက စွဲမက်စရာကောင်းနေမှ အဖော်အချွတ် ကချေသည်လုပ်ခွင့်ရတယ်။ အဲဒီလို မိန်းမခန္ဓာတွေရဲ့ ပြပြေစ်မှုနဲ့ သုခုမမူဟန်ကို သူ နောကြေသွားခဲ့တယ်။


သူချုပ်တဲ့ အဝတ်အစားတွေအတွက် မိန်းမခန္ဓာကိုယ်ပုံကို် ခဲခြစ်ပုံကြမ်း ရေးနေဖို့ မလိုဘူး။ ပုံကြမ်းမှာ ဖက်ရှင်ထည်ကို ဆွဲကြည့်ပြီး စဉ်းစားနေဖို့ မလိုဘူး။ သူ့စိတ်ထဲမှ ပုံပေါ်နပြေီးသား။
သူက ချုပ်တဲ့အခါ နှစ်စ ဆက်စပ်တဲ့နေရာတွေကို သူများတွေ မထားတဲ့နေရာတွေမှာ သူက ထားပြီး ချုပ်တယ်။ တင်ပါးတွေ ရင်သားတွေ ရှိတဲ့နေရာတွေမှာ ထားတယ်။ နံရိုးတွေရဲ့ ရှေ့မှာလည်း ထားတယ်။ အဲဒါမျိုးက မိန်းမခန္ဓာကို နောကြေနေမှ လုပ်နိုင်မယ်။ တကယ်ကို သဘောပေါက်ထားမှ လုပ်ပေးနိုင်မယ်။
သိမ်တဲ့ခါး၊ မောက်တဲ့ရင်၊ ဖွံ့ထွားတဲ့ အလုံးအထည် စတာတွေကို အရှိအတိုင်း မြင်သာအောင် အဝတ်အစားကို သူ ပုံဖော်တယ်။ ဘရာကို သူချုပ်ပေးရရင် ရင်သားတွေကို ပင့်တင်ပြီး ရင်ဘတ်အလယ်ကို တွန်းပို့တဲ့ဘရာဖြစ်အောင် ချုပ်တယ်။ ဘရာရဲ့ အထက်မှာ ဖောင်းကြွတက်နေတဲ့ ရင်သားဖြစ်အောင် သူ လုပ်ပေးထားတယ်။ အဲဒီဘရာမျိုးကို သူက စတင်ပေးခဲ့ပြီး တခြားသူတွေ အတူယူပြီး ချုပ်ကြရာမှ push-up bra လို့ အမည်တွင်တယ်။ ရင်သားတွေကို တကယ်ကို ပင့်တင်ပေးထားတဲ့ ဘရာပါပဲလို့ပြောကြရတယ်။

အလိုင်းရာ အစပြုပေးခဲ့တာ နောက်တစ်ခု ရှိသေးတယ်။ သူက ကျားသစ်သားရေရဲ့ အောက်ခံအရောင်၊ အစက်အပြောက်တွေအတိုင်း တစ်ထေရာတည်း ဆေးဆိုးပန်းရိုက်ထားတဲ့ အထည်သားဖြင့် ဖက်ရှင်ထည်တွေ ဒီဇိုင်းထုတ်ခဲ့တယ်။ ဆယ်ကျော်သက်အရွယ် မော်ဒယ်ဘဝမှာ အလိုင်းရာနဲ့ တစ်အိမ်တည်း အတူနေခဲ့ပြီး အလိုင်းရာကို ပါပါကြီးလို့ ခေါ်တဲ့ မော်ဒယ် Naomi Campbell က ကျားသစ်ဝတ်စုံဖြင့် လျှောက်လမ်းမှာ ထွက်လျှောက်ပြခဲ့တာ တာ အရမ်းအောင်မြင်သွားပြန်တယ်။ အခုထိ ကျားသစ်အစက်အပြောက် ဖက်ရှင်က မတိမ်ကောသေးဘူး။

 

 

Read 2006 times
Rate this item
(0 votes)