What's new

×

Warning

JUser: :_load: Unable to load user with ID: 845


90’s Kid တွေအရမ်းကြိုက်ခဲ့ရတဲ့ အရာတွေကဘာတွေဖြစ်မလဲ???

90’s Kid တွေအရမ်းကြိုက်ခဲ့ရတဲ့ အရာတွေကဘာတွေဖြစ်မလဲ??? google

        တန်ဖိုးဖြတ်လို့မရတဲ့ ကိုယ်တွေရဲ့ငယ်ဘဝတုန်းက အမှတ်တရလေးတွေနဲ့ အမှတ်တရပစ္စည်းလေးတွေကို ရောသင်တို့မှတ်မိကြသေးရဲ့လား။ အခုဖော်ပြပေးမယ့် trend ဖြစ်ခဲ့တဲ့အရာလေးတွေက 90’s Kid တွေအတွက်တော့ ပြန်တွေ့ရင် အမှတ်တရဖြစ်မယ့် အရာမျိုးတွေပေါ့။

ဒီတော့ 90’s Kid တွေအရမ်းကြိုက်ခဲ့ရတဲ့ အရာတွေကဘာတွေဖြစ်မလဲ???

 Bandannas

        ဒါကတော့ 90’s Kid တွေကြားထဲမှာ ခေတ်စားခဲ့တာလေးပေါ့…။ HipHop ယဉ်ကျေးမှုတွေ ထွန်းကားလာတဲ့အချိန်မှာ Bandannas တွေကလည်း 90’s Kid တွေရဲ့ခေါင်းမှာ အထာကျကျနဲ့ရောက်နေတော့တာပေါ့…။ အခုနောက်ပိုင်းမှာလည်း Bandannas တွေကခေတ်စားနေတုန်းပါပဲနော်…။ နေပူထဲသွားရတဲ့ နေ့တွေမှာလည်း Bandannas ကအသုံးဝင်တဲ့ 90’s Kid တွေရဲ့ Favorite ပေါ့။

 

maxresdefault

Ripped Jeans

        ဂျင်းဘောင်းဘီရဲ့ ဒူးခေါင်းနားလောက်မှာ စုတ်ပြဲနေတဲ့ အပြဲအပေါက်ဒီဇိုင်းတွေကလည်း 90’s Kid တွေရဲ့ အရမ်းကြိုက်ခဲ့ရတဲ့ ဖက်ရှင်တစ်ခုပါပဲ…။ လူငယ်တော်တော်များများလည်း ဝယ်ပြီးဝတ်လေ့ရှိတဲ့ ဖက်ရှင်တစ်ခုပေါ့…။ အခုနောက်ပိုင်းမှာလည်း Ripped Jeans ဖက်ရှင်တွေက ခေတ်စားနေဆဲပါပဲ။

jean

Hoop Earrings

        မိန်းကလေးတွေတော်တော်များများ သဘောကျနှစ်သက်တဲ့ နားကွင်းအကြီးကြီးတွေပေါ့…။ ဝတ်လိုက်တဲ့အခါမှာ ဖက်ရှင်ကျပြီး လှပတဲ့အပြင် ဆွဲဆောင်မှုလည်းရှိလွန်းတာကြောင့် 90’s Kid မိန်းကလေးတွေကြားမှာ နာမည်ကြီးပဲပေါ့။

 

earring

Flannel

        Flannel လို့ပြောလိုက်တာနဲ့ 90’s Kid တွေ အပျော်ဆုံးပေါ့။ ဆန်းသစ်တဲ့အကွက်ဒီဇိုင်းလေးတွေနဲ့မို့လို တော်တော်များများကြိုက်နှစ်သက်ခဲ့တဲ့ ဖက်ရှင်တစ်ခုပဲပေါ့။ ဘယ်သူနဲ့မဆိုလိုက်ဖက်ပြီး အခုချိန်ထိ လူကြိုက်များနေသေးတဲ့ ဖက်ရှင်ပေါ့။

shirt

Floral Dress

        ပန်းပွင့်ဒီဇိုင်းလေးတွေနဲ့ ဖက်ရှင်ဒီဇိုင်းတွေဆိုရင်လည်း မိန်းကလေးတွေရဲ့အကြိုက်တွေ့စေတဲ့ ဖက်ရှင်တစ်ခုပေါ့။ ဒီလို ဖက်ရှင်မျိုးက မိန်းကလေးတိုင်းမှာရှိခဲ့မယ်လို့ ထင်ပါတယ်။

floral

Source:We

Read 1255 times
Rate this item
(0 votes)
Tagged under