What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထိပ်တန်း ကမ္ဘာ့ဖက်ရှင်မြို့တော်စာရင်း

ထိပ်တန်း ကမ္ဘာ့ဖက်ရှင်မြို့တော်စာရင်းကို Global Language Monitor မှ နှစ်စဉ် ထုတ်ပြန်ပေးတယ်။ ၂၀၁၇ ခုနှစ်အတွက် စာရင်းမှ အာရှမှ မြို့တော် သုံးခုတို့ ထိပ်တန်း(၂၀) စာရင်းမှာ ပါဝင်တယ်။

ဖက်ရှင်မြို့တော်တွေ ပေါ်ထွန်းလာခဲ့တာမြို့ ဖက်ရှင်မြို့တော် ထိပ်တန်းစာရင်းကို ၂၀၁၇ ခုနှစ်အတွက် ထုတ်ပြန်တာမှာ မြို့တော် ၆၃ ခု အထိ လေ့လာဆန်းစစ်ပေးထားတယ်။
တရုတ်နိုင်ငံရဲ့ ဟောင်ကောင်မြို့တော်က ယခင်နှစ်ကအတိုင်း အပြောင်းအလဲ မရှိ နံပါတ် ၁၂ နေရာမှာ ရှိနေပြီး သူ့အထက် နံပါတ် ၁၁ နေရာမှာတော့ စင်ကာပူနိုင်ငံ ရှိနေပါတယ်။ စင်ကာပူနိုင်ငံဟာ ၂၀၁၁ ခုနှစ်တုန်းက Top 10 စာရင်းဝင်ခဲ့ပြီး နံပါတ်(၈)နေရာမှာ ရှိနေခဲ့ဖူးပါတယ်။ နောက်တော့ Top(10) စာရင်း အပြင်ဘက်ကို ရောက်ရှိနေပြီး မနှစ်က နံပါတ်(၁၄)နေရာမှာ ရှိနေပါတယ်။
တောင်ကိုရီးယားရဲ့ ဖက်ရှင်လောကကို နိုင်ငံတကာမှာ နေရာတစ်နေရာရဖို့ အစိုးရမှ ကမကထပြုပြီး ကြိုးပမ်းပေးလျက် ရှိတာမှာ ယခုနှစ် စာရင်းမှာတော့ နံပါတ်(၁၇) နေရာကို ရောက်ရှိနေပါတယ်။ မနှစ်တုန်းက နံပါတ် (၅၆)ကနေ အခု နံပါတ်(၁၇)နေရာကို ခုန်တက်လာတာ ဖြစ်ပါတယ်။

The Global Language Monitor (GLM) ကို ၂၀၀၃ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ အိုင်စီတီအချက်အချာဖြစ်တဲ့ Silicon Valley မှာ ထူထောင်ခဲ့တယ်။ The Global Language Monitor မှ နှစ်စဉ်ထုတ်ပြန်ပေးလျက် ရှိတဲ့ The Top Global Fashion Capitals စာရင်းကို နိုင်ငံတကာ ဖက်ရှင်လောကမှ အသိအမှတ်ပြုကြပါတယ်။ ထူးခြားချက်က အနောက်တိုင်းဖက်ရှင်လောကကိုသာ အလေးထားခြင်း မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိနေတဲ့ ဖက်ရှင်လောကတွေကိုပါ စစ်တမ်းထုတ်တာ ဖြစ်ပါတယ်။ ဖက်ရှင်လောကကို ခိုင်ခိုင်မာမာ ထူထောင်ပြီးသား မြို့တွေသာမက ဖက်ရှင်လောက ပေါ်ထွန်းစ မြို့တွေကိုပါ အချက်အလက်တွေ ရယူပြီး ထည့်သွင်းစဉ်းစားပါတယ်။

fashion capital ဆိုတဲ့ ဖက်ရှင်မြို့တော်ဖြစ်ဖို့ နိုင်ငံတစ်ခုရဲ့ မြို့ကြီးတစ်ခု ဖြစ်ဖို့ လိုတယ်။ နိုင်ငံတကာ ဖက်ရှင်ရေစီးကြောင်းအပေါ် သြဇာတိက္ကမ သက်ရောက်မှု ရှိရမယ်။ ဒီဇိုင်း၊ ထုတ်လုပ်မှုတို့ လုပ်ဆောင်မှုများ ထွန်းကားရမယ့်အပြင် ဖက်ရှင်ထုတ်ကုန် လက်လီ ရောင်းချမှုမှာလည်း ထွန်းကားရပါတယ်။ ဖက်ရှင်သီတင်းပတ်ကျင်းပခြင်း၊ ဖက်ရှင်နဲ့ ပတ်သက်တဲ့ ဆုများ ပုံမှန်ချီးမြှင့်ခြင်း၊ ဖက်ရှင်နဲ့ ပတ်သက်တဲ့ ကုန်စည်ပြပွဲ ပုံမှန်ကျင်းပခြင်းတို့ ရှိရမယ့်အပြင် စီးပွားရေးအရ ထုတ်လုပ်မှုကို စီးပွားဖြစ် သိသာထင်ရှားစွာ လုပ်ကိုင်နေတဲ့ မြို့ကြီး ဖြစ်ရပါမယ်။

 

Capture

Read 826 times
Rate this item
(0 votes)