What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Little Fresh Meat 小鲜肉 vs Brands

Zaw+Uni လူမႈကြန္ရက္ Weibo မွာ like လုပ္တဲ့သူ ၅ သန္း၊ မန္႔တဲ့သူ ၂ သန္း၊ ရွယ္တဲ့သူ ၁ သန္း ရွိတယ္။


အဲဒါက ၂ဝ၁၇ ခုႏွစ္ ေအာက္တုိဘာလ ၈ ရက္မွာ တ႐ုတ္ ဂ်ပ္စတင္ဘီဘာလုိ႔ လူသိမ်ားတဲ့ လူဟံ Luhan က ပုိ႔စ္တစ္ခု တင္လုိက္တာကုိ တုံ႔ျပန္လုိက္ၾကတာ ျဖစ္ပါတယ္။ အဲဒီပုိ႔စ္မွာ လူဟံက သူ႔ပုံနဲ႔ မင္းသမီး ဂြမ္ေရွာင္ေတာင္ (အျခားအမည္ Traey Miley)ရဲ႕ ပုံကုိ ေဘးခ်င္းယွဥ္ၿပီး ေဖာ္ျပထားတယ္။ က်ေနာ့ ခ်စ္သူမိန္းကေလးကုိ မိတ္ဆက္ေပးပါရေစလုိ႔ စာေရးထားတယ္။ သူတုိ႔ႏွစ္ဦး relationship ရွိေနတာကုိ ဝန္ခံအတည္ျပဳေပးလုိက္တာ ျဖစ္ပါတယ္။ ေနာက္ထပ္ ၅ ရက္အၾကာ မွာ လူဟံက သူ႔ပရိတ္သတ္ကုိ ေသာၾကာေန႔က် ေအးမွာမုိ႔ ေႏြးေႏြးေထြးေထြး ေနၾကဖုိ႔ ပုိ႔စ္တင္တယ္။ တုံ႔ျပန္မႈေတြ သန္းခ်ီသြားျပန္ပါတယ္။

 

Luhan Guan Xiao Tong 768x432

Hello everyone, I am introducing my girlfriend,

 

လူဟံအပါအ၀င္ ေမာ္ဒယ္ဘိြဳင္းေတြအေၾကာင္း ေဆာင္းပါး ဖတ္႐ႈရန္အတြက္ ႏွိပ္ရန္လင့္ခ္

Little Fresh Meat

 

လူဟံဟာ တ႐ုတ္ခ်ာတိတ္ ေခ်ာေခ်ာလွလွေတြကုိ လတ္ဆတ္အသားငယ္ little fresh meat (小鲜肉, xiaoxianrou) လုိ႔ တံဆိပ္ကပ္တဲ့ တပ္ဖြဲ႕ထဲမွာ ပါဝင္သူ ျဖစ္ပါတယ္။ အဲဒီတံဆိပ္ေအာက္မွာ Kris Wu, Wang Junkai, Yang Yang, Xu Weizhou, Li Yifeng စတဲ့ခ်ာတိတ္ေခ်ာခ်ာလွလွေတြလည္း ပါဝင္ပါတယ္။ လူမႈကြန္ရက္မွာ တုံ႔ျပန္အသိေပးမႈ အမ်ားဆုံးရၾကတဲ့ တ႐ုတ္စဲလီေတြ ျဖစ္ပါတယ္။ သူတုိ႔ကုိ ေၾကာ္ျငာ အတြက္ ေၾကးႀကီးႀကီးေပးၿပီး ငွားရမ္းသုံးစြဲၾကတယ္။ လူဟံပါတဲ့ ေၾကာ္ျငာေတြကုိ ေနရာတကာမွာ ေတြ႕ရတယ္။ Xiaomi စမတ္ဖုန္းေၾကာ္ျငာ၊ KFC ၾကက္ေက်ာ္ေၾကာ္ျငာေတြမွာ သူ႔ကုိ ေတြ႕ရတယ္။ သူတုိ႔ရဲ႕ ပရိသတ္ျဖစ္တဲ့ သုံးစြဲသူေတြမွာ မိန္းကေလးေတြ၊ အမ်ဳိးသမီးငယ္ေတြ အမ်ားအျပား သန္းခ်ီၿပီး ပါဝင္တယ္။ အသက္အပုိင္းအျခားက ၁၉၉ဝ ျပည့္ႏွစ္ဝန္းက်င္မွ ၂ဝဝဝ ျပည့္ႏွစ္ဝန္းက်င္အတြင္း ေမြးဖြားခဲ့သူေတြ ျဖစ္တယ္။

 

Yang Yang POST STAMP

Yang Yang ဟာ တ႐ုတ္ႏုိင္ငံ တံဆိပ္ေခါင္းမွာ ပထမဆုံး ေဖာ္ျပခံရတဲ့ စဲလီျဖစ္ပါတယ္။

 

တ႐ုတ္ ဒိတ္ဒိတ္ႀကဲ စဲလီေတြကုိ သုေတသန လုပ္ခဲ့တာမွာ လူမႈေရးနဲ႔ စီးပြားေရး ၾသဇာတိကၠိမႀကီးမားပုံက ႏုိင္ငံတကာမွာ လူသိမ်ားတဲ့ အမည္ပုိင္ရွင္ေတြ၊ ဆုရထားတဲ့ ဂီတပညာရွင္ေတြ၊ မင္းသားမင္းသမီးေတြထက္ ပုိျပင္းထန္တာကုိ ေတြ႕ရတယ္။ အထူးသျဖင့္ ဖက္ရွင္နယ္ပယ္နဲ႔ အလွကုန္နယ္ပယ္မွာ ၾသဇာတိကၠိမႀကီးမားပုံကုိ ေရာင္းအားေတြ ေန႔ခ်င္းညခ်င္း မုိးထိေအာင္ ထုိးတက္တာအရ လက္ေတြ႕သိၾကရတယ္။

သာဓကတစ္ခု တင္ျပရရင္ ျပင္သစ္ အလွကုန္ brand ျဖစ္တဲ့ L’Occitane’s က ၂ဝ၁၇ ခုႏွစ္ ေမလမွာ လူဟံနဲ႔ ေၾကာ္ျငာခဲ့တယ္။ branding agency ျဖစ္တဲ့ Creative Capital မွ စီအီးအုိနဲ႔ ထူေထာင္သူ Louis Houdart က အခုလုိ ေျပာျပခဲ့တယ္။ ‘‘လူဟံကုိ L’Occitane’s ရဲ႕ brand ambassador အျဖစ္ ခန္႔အပ္ေၾကာင္း ေၾကညာလုိက္တယ္။ စဲလီလူဟံရဲ႕ အမည္ကုိ ေဖာ္ျပထားတဲ့ လက္ေဆာင္ဘူးကုိ limited edition အျဖစ္ ခုေရ ႏွစ္ေသာင္းပဲ ကန္႔သတ္ထုတ္လုပ္တယ္။ အြန္လုိင္းမွာ ဝယ္လုိ႔ရေအာင္ စီစဥ္ေပးထားတယ္။ ေၾကညာလုိက္ၿပီး ၂ မိနစ္အတြင္းမွာ အကုန္လုံး ေရာင္းလုိက္ရတယ္’’
Louis Houdart က အခုလုိ လတ္ဆတ္အသားငယ္ little fresh meat ကုိ သုံးတဲ့အတြက္ စဲလီျဖစ္တဲ့ little fresh meat နဲ႔ brand ဘယ္ဟာက ပုိအက်ဳိးရွိမလဲဆုိတာကုိ သုံးသပ္ျပတယ္။
‘‘လူဟံျဖစ္ျဖစ္၊ တျခား ေရွာင္ရွန္႐ုိ(little fresh meat) ျဖစ္ျဖစ္ သုံးစြဲတာဟာ ခ်က္ခ်င္းလက္ငင္း လူေျပာမ်ားၿပီး သတင္းပ်ံ႕ႏွံ႔ေအာင္ လုပ္ဖုိ႔ ထိေရာက္တဲ့နည္းတစ္ခု ျဖစ္ပါတယ္။ ခ်မွတ္ထားတဲ့ စည္း႐ုံးလႈံ႕ေဆာ္ သိမ္းသြင္းမႈကုိ ေအာင္ျမင္ေစတယ္။ ဒါေပမဲ့ ေျခာက္လၾကာၿပီးခ်ိန္မွာ ဘယ္လုိေနမလဲ။ လူေတြက brand ေတြကုိပဲ မွတ္မိၾကတယ္။ အဲဒီ brand ေတြမွာ သန္မာတဲ့ပင္ကုိဂုဏ္ကုိ ရထားၿပီးၿပီ။ အစဥ္အလာ အေမြအႏွစ္ကုိလည္း ရထားၿပီးၿပီ’’
စဲလီေတြရဲ႕ သက္တမ္းက တုိေတာင္းတယ္။ လူစားထုိးၿပီး ေနရာယူသြားတာေတြ ရွိတယ္။ တစ္ေခတ္ထၿပီးရင္ အဲဒီတစ္ေခတ္ ကုန္ဆုံးသြားစၿမဲ ျဖစ္ပါတယ္။

Kris Wu

Kris Wu

Uni

Little Fresh Meat vs Brands

လူမှုကွန်ရက် Weibo မှာ like လုပ်တဲ့သူ ၅ သန်း၊ မန့်တဲ့သူ ၂ သန်း၊ ရှယ်တဲ့သူ ၁ သန်း ရှိတယ်။
အဲဒါက ၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ၈ ရက်မှာ တရုတ် ဂျပ်စတင်ဘီဘာလို့ လူသိများတဲ့ လူဟံ Luhan က ပို့စ်တစ်ခု တင်လိုက်တာကို တုံ့ပြန်လိုက်ကြတာ ဖြစ်ပါတယ်။ အဲဒီပို့စ်မှာ လူဟံက သူ့ပုံနဲ့ မင်းသမီး ဂွမ်ရှောင်တောင် (အခြားအမည် Traey Miley)ရဲ့ ပုံကို ဘေးချင်းယှဉ်ပြီး ဖော်ပြထားတယ်။ ကျနော့ ချစ်သူမိန်းကလေးကို မိတ်ဆက်ပေးပါရစေလို့ စာရေးထားတယ်။ သူတို့နှစ်ဦး relationship ရှိနေတာကို ဝန်ခံအတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ နောက်ထပ် ၅ ရက်အကြာ မှာ လူဟံက သူ့ပရိတ်သတ်ကို သောကြာနေ့ကျ အေးမှာမို့ နွေးနွေးထွေးထွေး နကြေဖို့ ပို့စ်တင်တယ်။ တုံ့ပြန်မှုတွေ သန်းချီသွားပြန်ပါတယ်။

လူဟံအပါအဝင် မော်ဒယ်ဘွိုင်းတွေအကြောင်း ဆောင်းပါး ဖတ်ရှုရန်အတွက် နှိပ်ရန်လင့်ခ်

Little Fresh Meat

လူဟံဟာ တရုတ်ချာတိတ် ချောချောလှလှတွေကို လတ်ဆတ်အသားငယ် little fresh meat (xiaoxianrou) လို့ တံဆိပ်ကပ်တဲ့ တပ်ဖွဲ့ထဲမှာ ပါဝင်သူ ဖြစ်ပါတယ်။ အဲဒီတံဆိပ်အောက်မှာ Kris Wu, Wang Junkai, Yang Yang, Xu Weizhou, Li Yifeng စတဲ့ချာတိတ်ချောချာလှလှတွေလည်း ပါဝင်ပါတယ်။ လူမှုကွန်ရက်မှာ တုံ့ပြန်အသိပေးမှု အများဆုံးရကြတဲ့ တရုတ်စဲလီတွေ ဖြစ်ပါတယ်။
သူတို့ကို ကြော်ငြာ အတွက် ကြေးကြီးကြီးပေးပြီး ငှါးရမ်းသုံးစွဲကြတယ်။ လူဟံပါတဲ့ ကြော်ငြာတွေကို နေရာတကာမှာ တွေ့ရတယ်။ Xiaomi စမတ်ဖုန်းကြော်ငြာ၊ KFC ကြက်ကျော်ကြော်ငြာတွေမှာ သူ့ကို တွေ့ရတယ်။
သူတို့ရဲ့ ပရိသတ်ဖြစ်တဲ့ သုံးစွဲသူတွေမှာ မိန်းကလေးတွေ၊ အမျိုးသမီးငယ်တွေ အများအပြား သန်းချီပြီး ပါဝင်တယ်။ အသက်အပိုင်းအခြားက ၁၉၉ဝ ပြည့်နှစ်ဝန်းကျင်မှ ၂ဝဝဝ ပြည့်နှစ်ဝန်းကျင်အတွင်း မွေးဖွားခဲ့သူတွေ ဖြစ်တယ်။

တရုတ် ဒိတ်ဒိတ်ကြဲ စဲလီတွေကို သုတေသန လုပ်ခဲ့တာမှာ လူမှုရေးနဲ့ စီးပွားရေး သြဇာတိက္ကိမကြီးမားပုံက နိုင်ငံတကာမှာ လူသိများတဲ့ အမည်ပိုင်ရှင်တွေ၊ ဆုရထားတဲ့ ဂီတပညာရှင်တွေ၊ မင်းသားမင်းသမီးတွေထက် ပိုပြင်းထန်တာကို တွေ့ရတယ်။ အထူးသဖြင့် ဖက်ရှင်နယ်ပယ်နဲ့ အလှကုန်နယ်ပယ်မှာ သြဇာတိက္ကိမကြီးမားပုံကို ရောင်းအားတွေ နေ့ချင်းညချင်း မိုးထိအောင် ထိုးတက်တာအရ လက်တွေ့သိကြရတယ်။

သာဓကတစ်ခု တင်ပြရရင် ပြင်သစ် အလှကုန် brand ဖြစ်တဲ့ L’Occitane’s က ၂ဝ၁၇ ခုနှစ် မေလမှာ လူဟံနဲ့ ကြော်ငြာခဲ့တယ်။ branding agency ဖြစ်တဲ့ Creative Capital မှ စီအီးအိုနဲ့ ထူထောင်သူ Louis Houdart က အခုလို ပြောပြခဲ့တယ်။ ‘‘လူဟံကို L’Occitane’s ရဲ့ brand ambassador အဖြစ် ခန့်အပ်ကြောင်း ကြေညာလိုက်တယ်။ စဲလီလူဟံရဲ့ အမည်ကို ဖော်ပြထားတဲ့ လက်ဆောင်ဘူးကို limited edition အဖြစ် ခုရေ နှစ်သောင်းပဲ ကန့်သတ်ထုတ်လုပ်တယ်။ အွန်လိုင်းမှာ ဝယ်လို့ရအောင် စီစဉ်ပေးထားတယ်။ ကြေညာလိုက်ပြီး ၂ မိနစ်အတွင်းမှာ အကုန်လုံး ရောင်းလိုက်ရတယ်’’
Louis Houdart က အခုလို လတ်ဆတ်အသားငယ် little fresh meat ကို သုံးတဲ့အတွက် စဲလီဖြစ်တဲ့ little fresh meat နဲ့ brand ဘယ်ဟာက ပိုအကျိုးရှိမလဲဆိုတာကို သုံးသပ်ပြတယ်။
‘‘လူဟံဖြစ်ဖြစ်၊ တခြား ရှောင်ရှန်ရို(little fresh meat) ဖြစ်ဖြစ် သုံးစွဲတာဟာ ချက်ချင်းလက်ငင်း လူပြောများပြီး သတင်းပျံ့နှံ့အောင် လုပ်ဖို့ ထိရောက်တဲ့နည်းတစ်ခု ဖြစ်ပါတယ်။ ချမှတ်ထားတဲ့ စည်းရုံးလှုံ့ဆော် သိမ်းသွင်းမှုကို အောင်မြင်စေတယ်။ ဒါပေမဲ့ ခြောက်လကြာပြီးချိန်မှာ ဘယ်လိုနေမလဲ။ လူတွေက brand တွေကိုပဲ မှတ်မိကြတယ်။ အဲဒီ brand တွေမှာ သန်မာတဲ့ပင်ကိုဂုဏ်ကို ရထားပြီးပြီ။ အစဉ်အလာ အမွေအနှစ်ကိုလည်း ရထားပြီးပြီ’’
စဲလီတွေရဲ့ သက်တမ်းက တိုတောင်းတယ်။ လူစားထိုးပြီး နေရာယူသွားတာတွေ ရှိတယ်။ တစ်ခေတ်ထပြီးရင် အဲဒီတစ်ခေတ် ကုန်ဆုံးသွားစမြဲ ဖြစ်ပါတယ်။

 

Kris Wu

Kris Wu

Read 1948 times
Rate this item
(1 Vote)