What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တီရှပ်နဲ့ တွဲဖက်ဝတ်ဆင်လို့ရတဲ့ ဝတ်စုံ အိုင်ဒီယာ (၆)မျိုး

တီရှပ်နဲ့ တွဲဖက်ဝတ်ဆင်လို့ရတဲ့ ဝတ်စုံ အိုင်ဒီယာ (၆)မျိုး google

         ထသွားထလာအဝတ်အစားလည်း ဖြစ်ရမယ်။ ဖက်ရှင်လည်း ကျရမယ့် အဝတ်အစားရွေးပါဆိုရင် ပျိုမေတို့ဘာကို

ရွေးချယ်မလဲ? တီရှပ်လေးတွေက ဒီရည်ရွယ်ချက် ၂မျိုးလုံးအတွက် သင့်တော်ပါတယ်နော်။ တီရှပ်လေးတွေက ပျိုမေတို့ကို သက်တောင့်သက်သာရှိစေသလို ဖက်ရှင်လည်း ကျစေပါတယ်။ ပျိုမေတို့ရဲ့ အဝတ်ဗီဒိုထဲမှာ မရှိမဖြစ်အရေးပါဆုံး တစ်ခုကတော့ T-shirt လေးတွေပါ။ သင်အကြိုက်ဆုံး ဘောင်းဘီလေးနဲ့ပဲဖြစ်ဖြစ်၊ ဖန်စီစကတ်လေးတွေနဲ့ တွဲဝတ်တာပဲဖြစ်ဖြစ် တီရှပ်လေးတွေက သင့်ကို ပေါ့ပေါ့ပါးပါးနဲ့ အေးမြစေပါလိမ့်မယ်။
ဒါ့ကြောင့် ပျိုမေတို့ လေ့လာထားသင့်တဲ့ တီရှပ်ဝတ်စုံ အိုင်ဒီယာ (၆)မျိုးကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ တီရှပ်နဲ့ ဘောင်းဘီတို

        ဘောင်းဘီတိုတွေ ဝတ်တတ်တဲ့ ပျိုမေတို့ နှစ်သက်မယ့် ဖက်ရှင်လေးပါ။ ဘောင်းဘီတိုနဲ့ တီရှပ်လေးက အရိုးရှင်းဆုံးနဲ့ ခေတ်အမှီဆုံး ဖက်ရှင်လေးဖြစ်ပါတယ်။

11

 

၂။ တီရှပ်နဲ့ စကတ်

        တီရှပ်ကို ဝတ်ဆင်ဖို့ နောက်ထပ်အလွယ်ဆုံးနည်းလမ်းတစ်ခုနဲ့ ချစ်စရာကောင်းနေစေဖို့ဆိုရင် စကတ်တစ်ထည်နဲ့ တွဲဝတ်ကြည့်ပါ။ ခါးအနည်းငယ်မြင့်တဲ့ စကတ်အတိုလေးတွေက အထူးသဖြင့် အရပ်နည်းနည်းပုတဲ့ မိန်းကလေးတွေအတွက် သင့်တော်ပါတယ်။ ဖန်စီလည်း အရမ်းမဆန်လွန်းသလို သက်တောင့်သက်သာလည်း ရှိတာကြောင့် date တစ်ခုအတွက် ဝတ်ဆင်ဖို့ လုံလောက်တဲ့ dress ဖြစ်ပါတယ်။
        နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ တီရှပ်လေးကို သင့်ရဲ့ maxi စကတ်အတွင်းထည့်ပြီး ဝတ်ဆင်တာဖြစ်ပါတယ်။ ဒီဖက်ရှင်လေးနဲ့ လိုက်ဖက်အောင် ရိုးရိုး စလင်းဘတ်အိတ်လေးလွယ်ပြီး ballet ဖိနပ်အပါး သို့မဟုတ် ကြိုးသိုင်းဖိနပ်လေးနဲ့ တွဲစီးနိုင်ပါတယ်။

skirt

 

၃။ တီရှပ်နဲ့ slipdress လေးတွေ

        Slip dress က ဘယ်တော့မှ ခေတ်ရေစီးကြောင်းထဲက ထွက်မသွားတဲ့ ဒီဇိုင်းလေးတွေ ဖြစ်ပါတယ်။ ဒီဂါဝန်လေးတွေကို အပေါ်ထပ်အပါးလေးတွေနဲ့ ဝတ်ဆင်ကြတာရှိသလို ဒီလို တီရှပ်လေးတွေကို အတွင်းကခံပြီး ဝတ်ဆင်လို့လည်း ရပါတယ်။ ပေါ့ပေါ့ပါးဖြစ်နေစေဖို့ ကြိုးသိုင်းဖိနပ်အပါးလေးနဲ့ ဒီlook လေးကိုဝတ်ဆင်ကြည့်ပါ။

1

 

၎။ တီရှပ်နဲ့ culottes

        စကတ်နဲ့တူတဲ့ ဘောင်းဘီအပွ(culottes)လေးတွေက အရှည်ရှိသလို အတိုလေးတွေလည်း ရှိပါတယ်။ ဒီလိုဘောင်းဘီတွေက အလွန်သက်တောင့်သက်သာ ရှိသလို နွေရာသီနဲ့လည်း လိုက်ဖက်ပါတယ်။ သင့်အဝတ်ဗီဒိုထဲမှာ ရှိထားသင့်တဲ့ ဝတ်စုံလည်းဖြစ်ပါတယ်။ သင့်ရဲ့ထသွားထလာ Culotte လေးကို sneaker ဖိနပ်အပါးနဲ့ soft tee လေးနဲ့ တွဲစပ်နိုင်ပါတယ်။

3

 

၅။ တီရှပ်ဂါဝန်

        တီရှပ်ဂါဝန်ကို tee dress လို့လည်းခေါ်နိုင်ပါတယ်။ သူတို့က ရိုးရှင်းပြီး ဖက်ရှင်ကျတာကြောင့် ပြီးပြည့်စုံတဲ့ ဝမ်းဆက်လေးပဲဖြစ်ပါတယ်။ မနက်ခင်းမှာ သင်တန်း သို့မဟုတ် အလုပ်သွားဖို့အတွက် အဝတ်စားရွေးဖို့ အချိန်မပေးနိုင်ရင် ဒီဂါဝန်လေးတွေ ဝတ်ဆင်ကြည်ပါ။ အချိန်အများကြီးမကုန်ဘဲ ဖက်ရှင်ကျနေစေမှာပါ။

        ဒီဝတ်စုံက ၁၀မိနစ်ထဲနဲ့ အဆင်သင့်ဖြစ်နေစေမှာပါ။ ထသွားထလာ Look အတွက် cotton တီရှပ်ဂါဝန်တစ်ထည်ကို ဝတ်ဆင်မယ်ဆိုရင် သင့်ရဲ့ Body shape ကိုနည်းနည်းဖော်ပြဖို့ skinny ခါးပတ်တစ်ခုကို ပတ်ပါ။ ရိုးရှင်းတဲ့ accessories အနည်းငယ်နှင့်အတူ သင့်ရဲ့Look ကပြီးပြည့်စုံစေမှာပါ။

dress

 

၆။ တီရှပ်နဲ့ overalls

        သင်ဟာ ကိုရီးယားဖက်ရှင် ပရိတ်သတ်ကြီးတစ်ယောက်ဆိုရင် တီရှပ်အင်္ကျီနှင့်အတူ ဘောင်းဘီ အင်္ကျီတစ်ဆက်တည်းဖြစ်တဲ့ overall လေးတွေကို ကျိန်းသေချစ်မှာပါ။
ပြောင်/အစင်းတီရှပ်လေးတစ်ထည်နှင့်အတူ slim-fit overalls ကိုတွဲဖက်ခြင်းက ရိုးရိုးရှင်းရှင်းနဲ့ classic ဖြစ်တဲ့ ဒီဇိုင်းလေးပါ။

over

 

Source: Lifestyle_Myanmar

Myanmar Textile and Garment Directory

Read 3403 times
Rate this item
(1 Vote)
Tagged under