What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Stella McCartney's Winter 2017 Campaign

Stella McCartney's Winter 2017 Campaign google

ဗြိတိန် ဒီဇိုင်နာ Stella McCartney ကတော့ သူမရဲ့ နောက်ဆုံးထွက် ကြော်ငြာ campaign ကနေ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၊ လေလွင့်ပစ္စည်း ပေါများလာမှုတွေကို မြင်သာအောင် မီးမှောင်းထိုး ပြသပြီး သတိပေးလိုက်ပါတယ်။

 

ဒီ campaign ကို အမျိုးသမီး ဓါတ်ပုံဆရာ တစ်ဦးဖြစ်တဲ့ Harley Weir နဲ့အတူ ဆန်းသစ်တဲ့ အနုပညာဖန်တီးမှုတွေ ချပြလေ့ရှိတဲ့ artist; Urs Fischer နဲ့ပါ လက်တွဲလို့ ရိုက်ကူးဖန်တီးထားတာပါ။ 

မော်ဒယ်တွေ ဖြစ်ကြတဲ့ Birgit Kos, Iana Godnia နဲ့ Huan Zhou တို့ကို အမှိုက်သရိုက်တွေ ပြည့်နက်နေတဲ့ နေရာမှာ လုံးဝ အမိုက်စား ဖက်ရှင်တွေနဲ့ တွေ့ရပါတယ်။

ဒီဇိုင်နာ အနေနဲ့ ဒီကြော်ငြာကို ရိုက်ကူးရတဲ့ ရည်ရွယ်ချက်ကတော့ တစ်နေ့ထက် တစ်နေ့ များပြားလာတဲ့ စွန့်ပစ်ပစ္စည်းတွေကို ထိန်းချုပ်လို့ ကမ္ဘာ့ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ တိုက်တွန်းနှိုးဆော်ထားခြင်းပါ။

image1

" ဒီကြောငြာကို ဒီလိုပုံစံ ရိုက်ကူးဖြစ်တာကတော့ ကျွန်မတို့ ဘယ်လိုလူမျိုး ဖြစ်ချင်လည်းဆိုတာနဲ့ ကျွန်မတို့ရဲ့ နေထိုင်မှု ပုံစံတွေ၊ ကျွန်မတို့ရဲ့ ထုတ်ကုန်လမ်းကြောင်းတွေပေါ်မှာ ကျွန်မတို့ အလေးထားကြောင်း ဖော်ပြချင်တာပါ။ ကျွန်မတို့ တည်ဆောက်ထားခဲ့ကြတဲ့ ပတ်ဝန်းကျင်ဆိုတာက အခြားသော သက်ရှိတွေရဲ့ ဘ၀တွေကို မျက်ကွယ်ပြုထားကြတာမို့ ဒီလို ပျက်ဆီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာတာလေ " လို့ Stella McCartney ကပြောဆိုထားပါတယ်။

image2

Stella McCartney အမှတ်တံဆိပ်ရဲ့ 53 ရာခိုင်နှုန်းသော materials တွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ရင်းမြစ်တွေကနေ ရရှိတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ကိုယ့်အမှတ်တံဆိပ် အောင်မြင်ဖို့ ကြိုးစားနေချိန်မှာ ကျန်တစ်ဖက်မှာလည်း တတ်အားသမျှ ပတ်ဝန်းကျင်ကို ကာကွယ်ခြင်းကလည်း သိပ်ကောင်းတဲ့ လုပ်ဆောင်ချက်ပါပဲ။

source posh magazine 

Read 898 times
Rate this item
(0 votes)