What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Little Fresh Meat

Zaw+Uni တ႐ုတ္ႏုိင္ငံ ေဈးႀကီးဖက္ရွင္ အေရာင္းျမႇင့္တင္ေရးနယ္ပယ္မွာ Little Fresh Meat ဆုိတဲ့ နည္းလမ္းတစ္ခု ရွိတယ္။


အမ်ဳိးသမီး ဖက္ရွင္နဲ႔ အလွကုန္ေတြအတြက္ အမ်ဳိးသားေမာ္ဒယ္ေတြကုိ သုံးစြဲၿပီး ေၾကာ္ျငာတဲ့နည္းလမ္း ျဖစ္ပါတယ္။
Little Fresh Meat ဆုိတာ အသားတုံးအသစ္ကေလးလုိ႔ တင္စားၿပီး ေခၚေ၀ၚတာျဖစ္ၿပီး အမ်ဳိးသား သက္ငယ္ပုိင္းေမာ္ဒယ္အသစ္ အလန္းစားေတြကုိ ႐ည္ၫႊန္းေျပာဆုိတာ ျဖစ္ပါတယ္။ အဲဒီ အမ်ဳိးသားေမာ္ဒယ္ေတြကုိ အမ်ဳိးသမီး ဖက္ရွင္နဲ႔ အလွကုန္ေတြ ေၾကာ္ျငာတာမွာ သုံးစြဲၾကတယ္။
အမ်ဳိးသားေမာ္ဒယ္တစ္ဦး Little Fresh Meat ျဖစ္ဖုိ႔ လုိအပ္တဲ့ သတ္မွတ္ခ်က္ေတြက ေခ်ာရမယ္။ မိန္းကေလးတစ္ေယာက္ထက္ ပုိလွရမယ္။ က်ားက်ားလ်ားလ်ား မျဖစ္ရဘူး။ မိန္းကေလးဆန္ရမယ္။ ႏႊဲ႕လ်ရမယ္။ ဒါေပမဲ့ အရပ္ပုလုိ႔ေတာ့ မရဘူး။ အေရျပားဟာ ေခ်ာမြတ္ၿပီး အျပစ္ကင္းေနရမယ္။ အဓိကက်တဲ့ မ်က္ႏွာဟာ ႏုပ်ဳိလွပေနရမယ္။ အဲဒီလုိ အမ်ဳိးသမီးေတြ ေငးၾကည့္ရေလာက္တဲ့ အလွစံခ်ိန္မီမွ အသားတုံးငယ္ ျဖစ္ခြင့္ရမွာ ျဖစ္ပါတယ္။
အမ်ဳိးသမီးေတြ ၀တ္စားဆင္ယင္မွာကုိ အမ်ဳိးသမီးေမာ္ဒယ္ေတြနဲ႔ မေၾကာ္ျငာဘဲ အမ်ဳိးသားငယ္ေတြကုိ သုံးစြဲတာနဲ႔ ပတ္သက္လုိ႔ တ႐ုတ္ေရွးဆုိ႐ုိးစကား တစ္ခုရွိတယ္။
အမ်ဳိးသမီးေတြက သူတုိ႔ ေက်နပ္ႏွစ္သက္ေစခ်င္တဲ့သူအတြက္ ၀တ္စားဆင္ယင္ၾကတယ္တဲ့။ ဒီေတာ့ လူႀကိဳက္မ်ားၿပီး လူသိမ်ားတဲ့ အမ်ဳိးသားက အမ်ဳိးသမီး အ၀တ္အစားနဲ႔ အလွကုန္ brand ကုိ ေထာက္ခံအားေပးေၾကာင္း ျပသရင္ အဲဒီပစၥည္းကုိ သူ႔ရဲ႕ အမ်ဳိးသမီး ပရိသတ္က ၀ယ္ယူအားေပးၾကတယ္တဲ့။ အဲဒါေၾကာင့္ နာမည္ႀကီး လူႀကိဳက္မ်ားတဲံ အမ်ဳိးသားအဆုိေတာ္က အမ်ဳိးသမီးေတြရဲ႕ ႏႈတ္ခမ္းနီကုိ ေထာက္ခံအားေပးရင္ အဲဒီနႈတ္ခမ္းနီ ေရာင္းအားတက္တာ ျဖစ္ပါတယ္။ သူတုိ႔ဟာ အသည္းစြဲ ပရိသတ္ fan ေတြ ရွိထားလုိ႔ အခုလုိ ေမာ္ဒယ္အလုပ္ျဖင့္ ၀င္ေငြရရွိၾကတာမုိ႔ သူတုိ႔ရဲ႕ စီးပြားကုိ fan economy လုိ႔ ေခၚၾကပါတယ္။
အဲဒါအျပင္ သူတုိ႔သုံးတဲ့ skincare ကုိ သူ႔ရဲ႕ေယာက္်ားေလး ပရိသတ္က လုိက္သုံးၾကတဲ့အတြက္ ေရာင္းအားတက္ပါတယ္။
Little Fresh Meat ေယာက္်ားေလးေမာ္ဒယ္ေတြဟာ ေမာ္ဒယ္ေလာကမွာ ေနရာ အခုိင္အမာ ရထားတာမုိ႔ Forbes China က ၂၀၁၄ ခုႏွစ္ကစလုိ႔ ထိပ္တန္း Little Fresh Meat cele Top10 ကုိ စာရင္းျပဳစုၿပီး ထုတ္ျပန္ေပးခဲ့ပါတယ္။

ဆက္စပ္ေဆာင္းပါး ဆက္လက္ဖတ္႐ႈဖုိ႔ ႏွိပ္ရန္ လင့္ခ္

Little Fresh Meat 小鲜肉 vs Brands


Guerlain က သ႐ုပ္ေဆာင္ Yang Yang ကုိ brand ambassador ခန္႔ခဲ့ပါတယ္။ သူ႔ပါးေပၚမွာ ႏႈတ္ခမ္းနီ အနမ္းရာေဖာ္ျပၿပီး ေၾကာ္ျငာလုိက္တဲ့အခါ ေရာင္းအား တက္သြားခဲ့ပါတယ္။
ျပင္သစ္ကုမၸဏီ L’Occitane က Little Fresh Meat နည္းလမ္းကုိ သုံးစြဲၿပီး တ႐ုတ္ျပည္တြင္းမွာ ေရာင္းအားတက္ေအာင္လုပ္တဲ့အခါ နာမည္ေက်ာ္ ေပါ့ပ္ ေတးသံရွင္ Luhan ကုိ brand ambassador ခန္႔ခဲ့ပါတယ္။ Luhan ဟာ
Chinese Justin Bieber လုိ႔ တင္စားေျပာဆုိမႈကုိ ခံယူရရွိသူ ျဖစ္ပါတယ္။ သူရဲ႕ အဆင့္က တ႐ုတ္စဲလီေတြထဲမွာ ၀င္ေငြအမ်ားဆုံးရရွိသူစာရင္းမွာ နံပါတ္ (၃၇)မွာ ရွိတယ္လုိ႔ Forbes က ထုတ္ျပန္ခဲ့သူ ျဖစ္ပါတယ္။

Uni

Little Fresh Meat

တရုတ်နိုင်ငံ ဈေးကြီးဖက်ရှင် အရောင်းမြှင့်တင်ရေးနယ်ပယ်မှာ Little Fresh Meat ဆိုတဲ့ နည်းလမ်းတစ်ခု ရှိတယ်။
အမျိုးသမီး ဖက်ရှင်နဲ့ အလှကုန်တွေအတွက် အမျိုးသားမော်ဒယ်တွေကို သုံးစွဲပြီး ကြော်ငြာတဲ့နည်းလမ်း ဖြစ်ပါတယ်။
Little Fresh Meat ဆိုတာ အသားတုံးအသစ်ကလေးလို့ တင်စားပြီး ခေါ်ဝါ်တာဖြစ်ပြီး အမျိုးသား သက်ငယ်ပိုင်းမော်ဒယ်အသစ် အလန်းစားတွေကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ အဲဒီ အမျိုးသားမော်ဒယ်တွေကို အမျိုးသမီး ဖက်ရှင်နဲ့ အလှကုန်တွေ ကြော်ငြာတာမှာ သုံးစွဲကြတယ်။
အမျိုးသားမော်ဒယ်တစ်ဦး Little Fresh Meat ဖြစ်ဖို့ လိုအပ်တဲ့ သတ်မှတ်ချက်တွေက ချောရမယ်။ မိန်းကလေးတစ်ယောက်ထက် ပိုလှရမယ်။ ကျားကျားလျားလျား မဖြစ်ရဘူး။ မိန်းကလေးဆန်ရမယ်။ နွှဲ့လျရမယ်။ ဒါပေမဲ့ အရပ်ပုလို့တော့ မရဘူး။ အရပြေားဟာ ချောမွတ်ပြီး အပြစ်ကင်းနေရမယ်။ အဓိကကျတဲ့ မျက်နှာဟာ နုပျိုလှပနေရမယ်။ အဲဒီလို အမျိုးသမီးတွေ ငေးကြည့်ရလောက်တဲ့ အလှစံချိန်မီမှ အသားတုံးငယ် ဖြစ်ခွင့်ရမှာ ဖြစ်ပါတယ်။
အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှာကို အမျိုးသမီးမော်ဒယ်တွေနဲ့ မကြော်ငြာဘဲ အမျိုးသားငယ်တွေကို သုံးစွဲတာနဲ့ ပတ်သက်လို့ တရုတ်ရှေးဆိုရိုးစကား တစ်ခုရှိတယ်။
အမျိုးသမီးတွေက သူတို့ ကျေနပ်နှစ်သက်စေချင်တဲ့သူအတွက် ဝတ်စားဆင်ယင်ကြတယ်တဲ့။ ဒီတော့ လူကြိုက်များပြီး လူသိများတဲ့ အမျိုးသားက အမျိုးသမီး အဝတ်အစားနဲ့ အလှကုန် brand ကို ထောက်ခံအားပေးကြောင်း ပြသရင် အဲဒီပစ္စည်းကို သူ့ရဲ့ အမျိုးသမီး ပရိသတ်က ဝယ်ယူအားပေးကြတယ်တဲ့။ အဲဒါကြောင့် နာမည်ကြီး လူကြိုက်များတဲံ အမျိုးသားအဆိုတော်က အမျိုးသမီးတွေရဲ့ နှုတ်ခမ်းနီကို ထောက်ခံအားပေးရင် အဲဒီနှုတ်ခမ်းနီ ရောင်းအားတက်တာ ဖြစ်ပါတယ်။ သူတို့ဟာ အသည်းစွဲ ပရိသတ် fan တွေ ရှိထားလို့ အခုလို မော်ဒယ်အလုပ်ဖြင့် ဝင်ငွေရရှိကြတာမို့ သူတို့ရဲ့ စီးပွားကို fan economy လို့ ခေါ်ကြပါတယ်။

 

ဆက်စပ်ဆောင်းပါး ဆက်လက်ဖတ်ရှုဖို့ နှိပ်ရန် လင့်ခ်

Little Fresh Meat 小鲜肉 vs Brands


အဲဒါအပြင် သူတို့သုံးတဲ့ skincare ကို သူ့ရဲ့ယောက်ျားလေး ပရိသတ်က လိုက်သုံးကြတဲ့အတွက် ရောင်းအားတက်ပါတယ်။
Little Fresh Meat ယောက်ျားလေးမော်ဒယ်တွေဟာ မော်ဒယ်လောကမှာ နေရာ အခိုင်အမာ ရထားတာမို့ Forbes China က ၂၀၁၄ ခုနှစ်ကစလို့ ထိပ်တန်း Little Fresh Meat cele Top10 ကို စာရင်းပြုစုပြီး ထုတ်ပြန်ပေးခဲ့ပါတယ်။
Guerlain က သရုပ်ဆောင် Yang Yang ကို brand ambassador ခန့်ခဲ့ပါတယ်။ သူ့ပါးပေါ်မှာ နှုတ်ခမ်းနီ အနမ်းရာဖော်ပြပြီး ကြော်ငြာလိုက်တဲ့အခါ ရောင်းအား တက်သွားခဲ့ပါတယ်။
ပြင်သစ်ကုမ္ပဏီ L’Occitane က Little Fresh Meat နည်းလမ်းကို သုံးစွဲပြီး တရုတ်ပြည်တွင်းမှာ ရောင်းအားတက်အောင်လုပ်တဲ့အခါ နာမည်ကျော် ပေါ့ပ် တေးသံရှင် Luhan ကို brand ambassador ခန့်ခဲ့ပါတယ်။ Luhan ဟာ
Chinese Justin Bieber လို့ တင်စားပြောဆိုမှုကို ခံယူရရှိသူ ဖြစ်ပါတယ်။ သူရဲ့ အဆင့်က တရုတ်စဲလီတွေထဲမှာ ဝင်ငွေအများဆုံးရရှိသူစာရင်းမှာ နံပါတ် (၃၇)မှာ ရှိတယ်လို့ Forbes က ထုတ်ပြန်ခဲ့သူ ဖြစ်ပါတယ်။

Read 11286 times
Rate this item
(1 Vote)