What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိုးရာသီဖက်ရှင်အတွက် ဖိနပ်လှလှလေးတွေ

မိုးရာသီဖက်ရှင်အတွက် ဖိနပ်လှလှလေးတွေ google

မိုးရာသီလဲ ရောက်ခါနီးနေပြီဆိုတော့ မိုးရာသီမှာ ဖက်ရှင်ကျကျစီးလို့ရမယ့် ဖိနပ်လှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်။

မိုးရာသီလို မှုန်မှုန်မှိုင်းမှိုင်းရာသီက ရှိုးထုတ်လို့လည်း ကောင်းမှကောင်း ဆိုတော့ မိုးရာသီဖက်ရှင်အနေနဲ့ ဖိနပ်လှလှလေးတွေလည်း မရှိမဖြစ်ပါပဲနော်။

(1) Ballet flats

သက်တောင့်သက်သာရှိပြီး ပေါ့ပေါ့ပါးပါးစီးလို့ရတဲ့ ballet flats တွေက မိုးရာသီမှာ ယောင်းတို့ရွေးချယ်ဝတ်ဆင်သင့်တဲ့ ဖိနပ်အမျိုးအစားပါ။ တစ်ခုသတိထားရမှာက မိုးတွင်းစီးမှာဆိုတော့ ရေစိုခံတဲ့ Jelly သား၊ သားရေသားတွေကို ရွေးပေးရမှာပါနော်။

1

Read More : ပျိုမေလေးတွေကို အရပ်ရှည်သယောင် ထင်ရစေမယ့် ဝတ်စားနည်းလေးတွေ

(2) Block sandals

မနိမ့်လွန်းမမြင့်လွန်းတဲ့ ဒေါက်အတုံးလေးနဲ့ block heels လေးတွေကလည်း မိုးတွင်းမှာ ဖက်ရှင်ကျကျစီးလို့ရတဲ့ ဖိနပ်လေးပါပဲ။ ခြေမျက်စိနားမှာ ကြိုးသိုင်းလေးနဲ့ဆိုတော့ မရိုးမဆန်းလေးပေါ့။

2

 

(3) Lace up sandals

နောက်ထပ် တစ်မျိုးကတော့ ဒေါက်မစီးနိုင်တဲ့ ပျိုမေလေးတွေအတွက်ပါ။ သာမန်ဖိနပ်အပါး flip flop တွေက ဂွမ်းတယ်လို့ မထင်ဘူးလား။ ဒီလိုအပါးကိုမှ ရိုးရိုးရှင်းရှင်း ကြိုးလေးတွေနဲ့ ဖိနပ်မျိုးကို စီးကြည့်ပါ။ ဘယ်လိုအဝတ်အစားမျိုးနဲ့မဆို လိုက်ဖက်ပါတယ်နော်။

3

 

(4) Ankle boots

ရိုးရိုးဖိနပ်တွေ စီးရတာ ငြီးငွေ့လာပြီဆိုရင်တော့ leather ankle boots လေးတွေ ပြောင်းစီးကြည့်ပါ။ နေ့တိုင်းစီးလို့တော့ မကောင်းပေမဲ့ တစ်ရက်တစ်လေ အပြောင်းအလဲလေးသဘောနဲ့ စီးကြည့်ရင်တော့ ဖက်ရှင်ကွင်းပဲပေါ့။

4

ကဲ …. ဒီလောက်ဆိုရင် ပျိုမေလေးတို့လည်း ဒီနှစ်မိုးရာသီမှာ စီးဖို့ ဖိနပ်လေးတွေ ရှာလို့ လွယ်သွားလောက်ပြီ ထင်ပါတယ်နော်။

Source:For Her Myanmar

Myanmar Textile and Garment Directory

Read 3074 times
Rate this item
(1 Vote)