What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်းသစ်လေးတွေဖန်တီးဖို့ လိုအပ်တဲ့ accessories တွေရှိတဲ့ Why Fashion Supplies

ဒီဇိုင်နာတွေအတွက် သတင်းကောင်းလေးပါ။

စက်ချုပ်ပစ္စည်းလေးတွေ accessories တွေကို စိတ်တိုင်းကျရရှိနိုင်မယ့်Why Fashion Supplies ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ အလုံ မှာပါ။ ဒီဆိုင်လေးနဲ့ ပတ်သတ်ပြီး မေးမြန်းထားတာလေးကတော့………………

-ဒီဆိုင်လေး ဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက်လေးကိုပြောပြပေးပါဦး။

 ဒီဆိုင်ကိုဘာလို့ဖွင့်ချင်တာလဲဆိုတော့ ကျွန်မ fashion school တက်ခဲ့တုန်းက ကိုယ်ဖန်တီးချင်တဲ့ ဝတ်စုံတစ်စုံအတွက် fashion supplies တွေဟာ အရမ်းရှားပါးခဲ့တယ်။ ကိုယ်လိုချင်တဲ့အတိုင်းရှာမရခဲ့ဘူး။ မြန်မာနိုင်ငံမှာ Fashion နဲ့ပတ်သတ်ပီး တိုးတက်လာတာနဲ့အမျှ ဒီလိုဆိုင်မျိုးလေးလိုအပ်နေပီဆိုတဲ့စိတ်ကြောင့် ဖွင့်ဖြစ်ခဲ့တာပါ။

-ဆိုင်မှာရရှိနိုင်တဲ့ ပစ္စည်းလေးတွေက။

 စက်ချုပ်ပစ္စည်းကအစ စီးကွင့်၊ ကျောက် ၊ဘော်ကြယ်ဒီဇိုင်းအစုံနဲ့ Feather မျိုးစုံ မြန်မာသတို့သမီးဝတ်စုံအတွက် အသုံးပြုလာတဲ့ ကျောက်ဘော်ကြယ် Trim လေးတွေ မီးပူကပ်ကျောက်ကိုက်ထိုးလေးတွေ Ready to wear မှာအသုံးပြုတဲ့ Trim တွေ နဲ့ အခုအသုံးများလာပီဖြစ်တဲ့ Fringe လို့ခေါ်တဲ့ အချောင်းကိုက်ထိုးတွေပါ အရောင်စုံဝယ်ယူနိုင်ပါတယ် အဲ့ဒါတွေအပြင် ပွဲတက်ဝတ်စုံအဖြစ် ဝတ်ဆင်လာကြတဲ့ ဘော်ကြယ် Fabric တွေပါ ရရှိနိုင်ပါပီ။

26993955 1828610633824762 7438616998695321951 n

- ဆိုင်ဘဲ ချုပ်လို့ရနိုင်တယ်လို့ သိရတယ်။ အဲ့တာလေးလဲပြောပေးပါဦး။

 Bkk က ready made မိန်းမဝတ်တွေလဲရသလို တစ်လက်စထဲ အပ်ထည်လဲ အပ်နှံနိုင်ပါတယ်။ဆိုင်မှာကတော့ fabric အစတွေနဲ့ ဘဲချုပ်လို့ရနိုင်ပါတယ်။ အခြားအစယူလာပြီးတေ့ ဒီက accessories တွေ နဲ့ လဲ ချုပ်လို့ရနိုင်ပါတယ်။ ဒီလိုပေါ့နော် ဆိုင်မှာဘဲ accessories ရွေးတခါ ထဲ ချုပ်လို့ရပါတယ်။fabric မကြိုက်ရင်တော့  ကိုယ်ကြိုက်နှစ်သက်ရာအစလေးတွေ ယူပြီးချုပ်လို့ရပါတယ်။  

26993993 1828610917158067 8129394859396525327 n

-ပစ္စည်းဈေးနှုန်းလေးတွေက အနည်းဆုံးဘယ်လောက်ကနေ အများဆုံး ဘယ်လောက်ရှိပါလဲ။

 ဈေးနှုန်း - ၅၀ ကစလို့ ၃,၄သောင်းထိရှိပါတယ်။

27066775 558388524526800 6118561745797167792 n

 

- ပစ္စည်းတွေအကုန်လုံးက ဘန်ကောက်ကနေဘဲတိုက်ရိုက်တင်သွင်းတာလား။

 Bangkok ကတင်သွင်းတာဖြစ်လို့ Quality စိတ်ချနိုင်ပါတယ်။

27332357 558388677860118 4433104005456713415 n

 -ဆိုင်ကို လာမယ့် customer တွေကို စကားလက်ဆောင်လေးပြောပေးပါဦး။

 ဒီဆိုင်ကိုတခါလောက်တော့လာစေချင်ပါတယ် ဘာကြောင့်လဲဆိုတော့ ကျွန်မကိုယ်တိုင်ကလဲ လုပ်ချင်တာတွေလိုချင်တာတွေမပြည့်စုံခဲ့တဲ့တွက် အခက်ခဲတွေဖြစ်ခဲ့ဖူးလို့ ဒီဇိုင်းတစ်ခုဖန်တီးမယ်ဆိုရင်လိုအပ်တာတွေကို တော်တော်များစုစည်းပေးထားပါတယ် လာရောက်ပီးလို့ကြိုက်နှစ်သက်ရင်လဲ ထပ်ဆင့်သီတင်းကောင်းပါးစေချင်ပါတယ် လိုအပ်သည်မျိုးရှိခဲ့ရင်လဲ အကြံပြုစေချင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင်

26994145 558388544526798 3082025120380475461 n

-ဆိုင်လိပ်စာလေးလပြောပေးပါဦး။

အမှတ်(၂၉) ကွင်းကျောင်းလမ်း အလုံမြို့နယ် ရန်ကုန်မြို့။

Read 879 times
Rate this item
(1 Vote)