What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ေရႊေဂ်ာ႔အက္ပ္ Shwe Job App

စက္ရံုလုပ္သားမ်ားအတြက္ အထူးသျဖင့္ အထည္ခ်ဳပ္စက္ရံုလုပ္သားမ်ားအတြက္ ရည္ရြယ္ထားသည့္ ေရႊေဂ်ာ့အက္ပ္ကုိ SMART Myanmar မွ ႏုိင္ငံတကာအလုပ္သမားေန႔ျဖစ္ေသာ ေမလ ၁ ရက္ ၂၀၁၇ ခုႏွစ္တြင္ စတင္ျဖန္႔ခ်ိခဲ့သည္။

စက္႐ုံလုပ္သားတုိ႔ကုိ ေဘးကင္းေရး၊ ျမန္မာႏုိင္ငံရွိ တည္ဆဲ အလုပ္သမားဥပေဒမ်ားႏွင့္ တရား၀င္ရပုိင္ခြင့္မ်ားကုိ အသိပညာေပးေသာ အက္ပ္ ျဖစ္ၿပီး အလြယ္တကူ နားလည္ႏုိင္ေအာင္ ဇာတ္လမ္းမ်ား၊ သ႐ုပ္ေဖာ္ခ်က္မ်ားျဖင့္ တင္ဆက္ထားသည္။ စာသားျဖင့္ တင္ျပထားသည့္အျပင္ မုိးပြင့္၊ စိ္န္ခ်ယ္၊ သန္႔စင္ႏွင့္ ေကာင္းေကာင္း အစရွိသည့္ အသံသ႐ုပ္ေဆာင္တုိ႔ ေျပာဆုိေဆြးေႏြးၾကသည့္ စကားသံမ်ားျဖင့္လည္း တင္ဆက္ေပးထားသည္မွာ ေရဒီယုိဇာတ္လမ္းတစ္ခုကုိ နားဆင္ေနရသည့္ႏွယ္ အရသာ ရွိသည္။

နမူနာ ေဖာ္ျပရလွ်င္

မုိးပြင့္။ ။ အင္း အဲဒီလုိဆုိရင္အလုပ္သမားတစ္ေယာက္မွာ တစ္ေန႔မွာ ဘယ္ႏွနာရီ၊ တစ္ပတ္မွာ ဘယ္ႏွနာရီ လုပ္ရမယ္လုိ႔ သီးျခားသတ္မွတ္ထားတာ ရွိလားအမ။

စိန္ခ်ယ္။ ။ အင္း ၁၉၅၁ ခုႏွစ္၊ စက္႐ုံအလုပ္႐ုံအက္ဥပေဒအရ ေျပာရမယ္ဆုိရင္ တစ္ေန႔ အလုပ္လုပ္ခ်ိန္ အမ်ားဆုံး ၈ နာရီနဲ႔ တစ္ပတ္ကုိ ေျပာရမယ္ဆုိရင္ အလုပ္ခ်ိန္က ၄၄ နာရီေပါ့။ အလုပ္သမားေတြ က်န္းမာေရးအတြက္ ၅ နာရီဆက္တုိက္ အလုပ္လုပ္ၿပီးတုိင္းမွာ အနည္းဆုံး မိနစ္ ၃၀ အနားေပးရမယ္။ အနားေပးခ်ိန္ကုိ အလုပ္လုပ္ခ်ိန္အျဖစ္ ထည့္တြက္လုိ႔ေတာ့ မရဘူး။ ဒါေပမဲ့ ပုံမွန္အလုပ္ခ်ိန္အေနျဖင့္ အလုပ္လုပ္ခ်ိန္သာမက နားခ်ိန္ေတြ အပါအ၀င္ စုစုေပါင္း ၁၀ နာရီထက္ မပုိရပါဘူး မမုိးပြင့္ေရ။

သန္႔စင္။ ။ ဟုတ္တယ္ မစိန္ခ်ယ္ေရ။ မ်ားေသာအားျဖင့္ စက္႐ုံတစ္႐ုံရဲ႕ ပ်မ္းမွ်အလုပ္ခ်ိန္ သတ္မွတ္ခ်က္ေတြကေတာ့ မနက္ ၇ နာရီခြဲကေန ၁၁ နာရီခြဲ အထိေပါ့။ အဲဒါက မနက္ပုိင္း အလုပ္ခ်ိန္ေပါ့။ ၿပီးေတာ့  . . . ..

ထုိ႔အျပင္ အက္ပ္တြင္ လုပ္ခလစာ တြက္ခ်က္သိရွိဖုိ႔ကုိလည္း လစာတြက္စက္ကုိ ၎အက္ပ္တြင္ ထည့္သြင္းေပးထားသည္။ အၿမဲတမ္းလုပ္သားႏွင့္ အခ်ိန္ပုိင္း/ပုတ္ျပတ္လုပ္သားဟူ၍ ႏွစ္မ်ဳိးခြဲၿပီး တြက္ခ်က္ရန္ စီစဥ္ေပးထားေသာ္လည္း အၿမဲတမ္း လုပ္သားမ်ားအတြက္သာ မည္သုိ႔ တြက္ခ်က္ရမည္ကုိ ေဖာ္ျပေပးထားၿပီး အခ်ိန္ပုိင္း/ ပုတ္ျပတ္လုပ္သားမ်ားအတြက္ တြက္ခ်က္ပုံ ပါမလာေခ်။ ေနာက္ဆုံးဗားရွင္းမွာ ၁.၀.၂ ျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ ဇြန္လ ၂၅ ရက္တြင္ ျမႇင့္တင္ေပးခဲ့သည္။ ဂူးဂဲပေလးမွ ရယူႏုိင္ၿပီး ဖုိင္အရြယ္အစားမွာ ၃၀ အမ္ဘီ ျဖစ္သည္။ 

shwe job app

“ေရႊေဂ်ာ့” ဆိုတာကေတာ့ SMART Myanmar ကေန ေရးဆြဲထားတဲ့ Mobile Android App ေလးတစ္ခုပါ။ ဒီ App ေလးကို သံုးၿပီး ဘာေတြ ရယူသိရွိႏိုင္မွာပါလဲ။ ဟုတ္ကဲ့။ အမ်ားႀကီးပါ။ ဒီ App ေလးဟာ ျမန္မာႏိုင္ငံတြင္းရွိ စက္ရံု၊ အလုပ္ရံုမ်ားမွ အလုပ္သမားေတြအတြက္ အထူးရည္စူး ထုတ္လုပ္ထားတာပါ ခင္ဗ်ာ။ ဒီ App ေလးကို ေဒါင္းလုဒ္ဆြဲၿပီး ဖုန္းထဲမွာ သြင္းထားရံုနဲ႔ အလုပ္သမားေတြရဲ႕ ေဘးကင္းေစမယ့္ နည္းလမ္းေတြအျပင္ အလုပ္သမား ဥပေဒနဲ႔ ရသင့္ရထိုက္တဲ့ အခြင့္အေရးေတြကို သိရွိႏိုင္မွာ ျဖစ္ပါတယ္။ စက္ရံု၊ အလုပ္ရံုမ်ားမွာ အလုပ္လုပ္ေနသူေတြတိုင္း ရွိထားသင့္တဲ့ Mobile App ေလးတစ္ခုမို႔လို႔ ေဒါင္းလုဒ္ ဆြဲထားေစခ်င္ပါတယ္ခင္ဗ်။ ဒီ App ေလးဟာ သံုးရတာ လြယ္ကူရိုးရွင္းသလို မိမိသိရွိလိုတာေတြကို စာဖတ္ၿပီးေတာ့ပဲျဖစ္ျဖစ္၊ အသံနဲ႔ နားေထာင္ၿပီးေတာ့ပဲျဖစ္ျဖစ္ သတင္းအခ်က္အလက္ေတြကို သိရွိႏိုင္မွာ ျဖစ္ပါတယ္။ စက္ရံု၊ အလုပ္ရံုေတြက အလုပ္သမားေတြအတြက္ေတာ့ ဒီ “ေရႊေဂ်ာ့” App ေလးကေတာ့ ေရႊပါပဲဗ်ိဳ႕။

Shwe Job App

စမတ္ျမန္မာ၏ ရည္ရြယ္ခ်က္မွာ အသုံးတည့္ၿပီး လက္ေတြ႕က်ေသာ ပညာေပးကိရိယာ တစ္ခုအျဖစ္ အက္ပ္ကုိ စီစဥ္ေပးထားရန္ ျဖစ္သည္။ စမတ္ျမန္မာ အဖြဲ႕ေခါင္းေဆာင္ Jacob A. Clere က ‘‘ကၽြန္ေတာ္တုိ႔ ျမန္မာ အထည္ခ်ဳပ္လုပ္သားေတြနဲ႔ စတင္လုပ္ကုိင္စဥ္က စမတ္ဖုန္း ပုိင္တဲ့သူက ၁ ရာခုိင္ႏႈန္း ထက္ နည္းတယ္။ အခူ ၉၀ ရာခုိင္ႏႈန္းေက်ာ္မွာ စမတ္ဖုန္းေတြ ရွိေနၾကၿပီ။ အဲဒါ ၄ ႏွစ္အတြင္းမွာ အံ့စရာ အေရြ႕အေျပာင္းတစ္ခုပါပဲ။ အဲဒီလုိ မယုံႏုိင္စရာ အေျပာင္းအလဲက ကၽြန္ေတာ္တုိ႔ကုိ သင္ျပေပးတဲ့အက္ပ္တစ္ခု ဖန္တီးတာကို ခ်က္ခ်င္းလုပ္ေပးဖုိ႔ ျဖစ္သြားေစပါတယ္’’ ဟု ေျပာၾကားခဲ့သည္။

စမတ္ျမန္မာသည္ ဥေရာပယူနီယံ၏ ရန္ပုံေငြျဖင့္ လုပ္ကုိင္ေနေသာ စီမံကိန္းတစ္ခု ျဖစ္ၿပီး ၂၀၁၃ ခုႏွစ္မွစ၍ ျမန္မာႏုိင္ငံတြင္ အထည္ခ်ဳပ္စက္႐ုံမ်ား၌ လူမႈဆုိင္ရာႏွင့္ ပတ္၀န္းက်င္ထိန္းသိမ္းေရးဆုိင္ရာတို႔အတြက္ လုပ္ကုိင္ႏုိင္စြမ္း တည္ေဆာက္ေပးသည့္ အစီအစဥ္မ်ား၊ အသိပညာေပး သင္တန္းမ်ား ပုိ႔ခ်ေပးလ်က္ရွိသည္။

ေရႊေဂ်ာ့အက္ပ္သည္ အင္ဒ႐ြိဳက္ဖုန္းမ်ားအတြက္သာျဖစ္ၿပီး ဂူးဂဲပေလး၌ ေအာက္ပါလင့္တြင္ ရယူႏုိင္ပါသည္။https://play.google.com/store/apps/details?id=com.smart.myanmar.app&hl=en

စက္႐ုံစူပါစတတ္‘Sat Yone Superstart’

ေရႊေဂ်ာ့ကုိ ျဖည့္တင္းသည့္ အက္ပ္ျဖစ္သည့္ စက္႐ုံစူပါစတတ္‘Sat Yone Superstart’ ကုိ ဆက္လက္ထုတ္လုပ္သြားမည္ျဖစ္ၿပီး ယခုႏွစ္ ႏွစ္ကုန္ပုိင္းတြင္ ၿပီးစီးမည္ဟု လ်ာထားေၾကာင္း သိရသည္။ စက္႐ုံစူပါစတတ္သည္ ဂိမ္းျဖင့္ ပညာေပးသည့္ အက္ပ္ အမ်ဳိးအစားျဖစ္သည္။ လုပ္ငန္းခြင္ ေဘးကင္းေရး၊ ျမန္မာႏုိင္ငံရွိ တည္ဆဲဥပေဒမ်ား အေၾကာင္းတုိ႔ကုိ ဂိမ္းႏွင့္တြဲဖက္ၿပီး တင္ဆက္ထားသည္။ ဘြိဳင္လာေဘးကင္းေရး၊ တစ္ကုိယ္ေရ ေဘးကင္းေရးဆုိင္ရာ ကိရိယာမ်ား သုံးစြဲပုံ၊ ဓာတုပစၥည္း ကုိင္တြယ္လုပ္ကုိင္ျခင္း၊ မီးေဘးကာကြယ္ေရး အစရွိသည္တုိ႔ကုိ တင္ဆက္ထားသည္။အခ်ိန္ပုိလုပ္ခ ဥပေဒျပ႒ာန္းခ်က္မ်ား၊ အဖြဲ႕အစည္းမ်ား လြတ္လပ္ခြင့္၊ အလုပ္ခန္႔အပ္ျခင္း သေဘာတးစာခ်ဳပ္မ်ားတြင္ လုိအပ္ခ်က္မ်ား အစရွိသည့္ အလုပ္သမားဥပေဒမ်ားကုိ ပေဟဠိမ်ား စီစဥ္ထားမည္ဟု သိရသည္။

Unicode version

ရွှေဂျော့အက်ပ် Shwe Job App

==================

စက်ရုံလုပ်သားများအတွက် အထူးသဖြင့် အထည်ချုပ်စက်ရုံလုပ်သားများအတွက် ရည်ရွယ်ထားသည့် ရွှေဂျော့အက်ပ်ကို SMART Myanmar မှ နိုင်ငံတကာအလုပ်သမားနေ့ဖြစ်သော မေလ ၁ ရက် ၂၀၁၇ ခုနှစ်တွင် စတင်ဖြန့်ချိခဲ့သည်။ စက်ရုံလုပ်သားတို့ကို ဘေးကင်းရေး၊ မြန်မာနိုင်ငံရှိ တည်ဆဲ အလုပ်သမားဥပဒေများနှင့် တရားဝင်ရပိုင်ခွင့်များကို အသိပညာပေးသော အက်ပ် ဖြစ်ပြီး အလွယ်တကူ နားလည်နိုင်အောင် ဇာတ်လမ်းများ၊ သရုပ်ဖော်ချက်များဖြင့် တင်ဆက်ထားသည်။ စာသားဖြင့် တင်ပြထားသည့်အပြင် မိုးပွင့်၊ စိ်န်ချယ်၊ သန့်စင်နှင့် ကောင်းကောင်း အစရှိသည့် အသံသရုပ်ဆောင်တို့ ပြောဆိုဆွေးနွေးကြသည့် စကားသံများဖြင့်လည်း တင်ဆက်ပေးထားသည်မှာ ရေဒီယိုဇာတ်လမ်းတစ်ခုကို နားဆင်နေရသည့်နှယ် အရသာ ရှိသည်။

နမူနာ ဖော်ပြရလျှင်

မိုးပွင့်။ အင်း အဲဒီလိုဆိုရင်အလုပ်သမားတစ်ယောက်မှာ တစ်နေ့မှာ ဘယ်နှနာရီ၊ တစ်ပတ်မှာ ဘယ်နှနာရီ လုပ်ရမယ်လို့ သီးခြားသတ်မှတ်ထားတာ ရှိလားအမ။

စိန်ချယ်။ အင်း ၁၉၅၁ ခုနှစ်၊ စက်ရုံအလုပ်ရုံအက်ဥပဒေအရ ပြောရမယ်ဆိုရင် တစ်နေ့ အလုပ်လုပ်ချိန် အများဆုံး ၈ နာရီနဲ့ တစ်ပတ်ကို ပြောရမယ်ဆိုရင် အလုပ်ချိန်က ၄၄ နာရီပေါ့။ အလုပ်သမားတွေ ကျန်းမာရေးအတွက် ၅ နာရီဆက်တိုက် အလုပ်လုပ်ပြီးတိုင်းမှာ အနည်းဆုံး မိနစ် ၃၀ အနားပေးရမယ်။ အနားပေးချိန်ကို အလုပ်လုပ်ချိန်အဖြစ် ထည့်တွက်လို့တော့ မရဘူး။ ဒါပေမဲ့ ပုံမှန်အလုပ်ချိန်အနဖြေင့် အလုပ်လုပ်ချိန်သာမက နားချိန်တွေ အပါအဝင် စုစုပေါင်း ၁၀ နာရီထက် မပိုရပါဘူး မမိုးပွင့်ရေ။

သန့်စင်။ ဟုတ်တယ် မစိန်ချယ်ရေ။ များသောအားဖြင့် စက်ရုံတစ်ရုံရဲ့ ပျမ်းမျှအလုပ်ချိန် သတ်မှတ်ချက်တွေကတော့ မနက် ၇ နာရီခွဲကနေ ၁၁ နာရီခွဲ အထိပေါ့။ အဲဒါက မနက်ပိုင်း အလုပ်ချိန်ပေါ့။ ပြီးတော့ . . . ..

ထို့အပြင် အက်ပ်တွင် လုပ်ခလစာ တွက်ချက်သိရှိဖို့ကိုလည်း လစာတွက်စက်ကို၎င်းအက်ပ်တွင် ထည့်သွင်းပေးထားသည်။ အမြဲတမ်းလုပ်သားနှင့် အချိန်ပိုင်း/ပုတ်ပြတ်လုပ်သားဟူ၍ နှစ်မျိုးခွဲပြီး တွက်ချက်ရန် စီစဉ်ပေးထားသော်လည်း အမြဲတမ်း လုပ်သားများအတွက်သာ မည်သို့ တွက်ချက်ရမည်ကို ဖော်ပြပေးထားပြီး အချိန်ပိုင်း/ ပုတ်ပြတ်လုပ်သားများအတွက် တွက်ချက်ပုံ ပါမလာချေ။ နောက်ဆုံးဗားရှင်းမှာ ၁.ဝ.၂ ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန်လ ၂၅ ရက်တွင် မြှင့်တင်ပေးခဲ့သည်။ ဂူးဂဲပလေးမှ ရယူနိုင်ပြီး ဖိုင်အရွယ်အစားမှာ ၃၀ အမ်ဘီ ဖြစ်သည်။

“ရွှေဂျော့” ဆိုတာကတော့ SMART Myanmar ကနေ ရေးဆွဲထားတဲ့ Mobile Android App လေးတစ်ခုပါ။ ဒီ App လေးကို သုံးပြီး ဘာတွေ ရယူသိရှိနိုင်မှာပါလဲ။ ဟုတ်ကဲ့။ အများကြီးပါ။ ဒီ App လေးဟာ မြန်မာနိုင်ငံတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားတွေအတွက် အထူးရည်စူး ထုတ်လုပ်ထားတာပါ ခင်ဗျာ။ ဒီ App လေးကို ဒေါင်းလုဒ်ဆွဲပြီး ဖုန်းထဲမှာ သွင်းထားရုံနဲ့ အလုပ်သမားတွေရဲ့ ဘေးကင်းစေမယ့် နည်းလမ်းတွေအပြင် အလုပ်သမား ဥပဒေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံများမှာ အလုပ်လုပ်နေသူတွေတိုင်း ရှိထားသင့်တဲ့ Mobile App လေးတစ်ခုမို့လို့ ဒေါင်းလုဒ် ဆွဲထားစေချင်ပါတယ်ခင်ဗျ။ ဒီ App လေးဟာ သုံးရတာ လွယ်ကူရိုးရှင်းသလို မိမိသိရှိလိုတာတွေကို စာဖတ်ပြီးတော့ပဲဖြစ်ဖြစ်၊ အသံနဲ့ နားထောင်ပြီးတော့ပဲဖြစ်ဖြစ် သတင်းအချက်အလက်တွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေအတွက်တော့ ဒီ “ရွှေဂျော့” App လေးကတော့ ရွှေပါပဲဗျို့။

Shwe Job App

စမတ်မြန်မာ၏ ရည်ရွယ်ချက်မှာ အသုံးတည့်ပြီး လက်တွေ့ကျသော ပညာပေးကိရိယာ တစ်ခုအဖြစ် အက်ပ်ကို စီစဉ်ပေးထားရန် ဖြစ်သည်။ စမတ်မြန်မာ အဖွဲ့ခေါင်းဆောင် Jacob A. Clere က ‘‘ကျွန်တော်တို့ မြန်မာ အထည်ချုပ်လုပ်သားတွေနဲ့ စတင်လုပ်ကိုင်စဉ်က စမတ်ဖုန်း ပိုင်တဲ့သူက ၁ ရာခိုင်နှုန်း ထက် နည်းတယ်။ အခူ ၉၀ ရာခိုင်နှုန်းကျော်မှာ စမတ်ဖုန်းတွေ ရှိနကြပြေီ။ အဲဒါ ၄ နှစ်အတွင်းမှာ အံ့စရာ အရွေ့အပြောင်းတစ်ခုပါပဲ။ အဲဒီလို မယုံနိုင်စရာ အပြောင်းအလဲက ကျွန်တော်တို့ကို သင်ပြပေးတဲ့အက်ပ်တစ်ခု ဖန်တီးတာကို ချက်ချင်းလုပ်ပေးဖို့ ဖြစ်သွားစေပါတယ်’’ ဟု ပြောကြားခဲ့သည်။

စမတ်မြန်မာသည် ဥရောပယူနီယံ၏ ရန်ပုံငွဖြေင့် လုပ်ကိုင်နေသော စီမံကိန်းတစ်ခု ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံများ၌ လူမှုဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာတို့အတွက် လုပ်ကိုင်နိုင်စွမ်း တည်ဆောက်ပေးသည့် အစီအစဉ်များ၊ အသိပညာပေး သင်တန်းများ ပို့ချပေးလျက်ရှိသည်။

ရွှေဂျော့အက်ပ်သည် အင်ဒရွိုက်ဖုန်းများအတွက်သာဖြစ်ပြီး ဂူးဂဲပလေး၌ အောက်ပါလင့်တွင် ရယူနိုင်ပါသည်။

https://play.google.com/store/apps/details?id=com.smart.myanmar.app&hl=en

စက်ရုံစူပါစတတ်‘Sat Yone Superstart’

ရွှေဂျော့ကို ဖြည့်တင်းသည့် အက်ပ်ဖြစ်သည့် စက်ရုံစူပါစတတ်‘Sat Yone Superstart’ ကို ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဟု လျာထားကြောင်း သိရသည်။ စက်ရုံစူပါစတတ်သည် ဂိမ်းဖြင့် ပညာပေးသည့် အက်ပ် အမျိုးအစားဖြစ်သည်။ လုပ်ငန်းခွင် ဘေးကင်းရေး၊ မြန်မာနိုင်ငံရှိ တည်ဆဲဥပဒေများ အကြောင်းတို့ကို ဂိမ်းနှင့်တွဲဖက်ပြီး တင်ဆက်ထားသည်။ ဘွိုင်လာဘေးကင်းရေး၊ တစ်ကိုယ်ရေ ဘေးကင်းရေးဆိုင်ရာ ကိရိယာများ သုံးစွဲပုံ၊ ဓာတုပစ္စည်း ကိုင်တွယ်လုပ်ကိုင်ခြင်း၊ မီးဘေးကာကွယ်ရေး အစရှိသည်တို့ကို တင်ဆက်ထားသည်။

အချိန်ပိုလုပ်ခ ဥပဒပြေဋ္ဌာန်းချက်များ၊ အဖွဲ့အစည်းများ လွတ်လပ်ခွင့်၊ အလုပ်ခန့်အပ်ခြင်း သဘောတးစာချုပ်များတွင် လိုအပ်ချက်များ အစရှိသည့် အလုပ်သမားဥပဒေများကို ပဟေဠိများ စီစဉ်ထားမည်ဟု သိရသည်။

Read 1224 times
Rate this item
(0 votes)