What's new

×

Warning

JUser: :_load: Unable to load user with ID: 846


အကောင်းဆုံး အရောင်ကွဲ Fashion များ (၂)

အကောင်းဆုံး အရောင်ကွဲ Fashion များ (၂) Google

အရောင်စပ် fashion တွေဟာ အမြဲသင့်ရဲ့ Look ကို အကောင်းဆုံးအနေအထားသို့ မြှင့်တင်ပေးနိုင်သည်။ အဆိုးဆုံးအနေအထားအထိ လည်းဆွဲချနိုင်ပါတယ်။

အောက်မှာတော့ ရေပန်းအစားဆုံး အရောင်စပ် fashion တွေကို ဖော်ပြပေးလိုက်ပါတယ်။

အသားရောင်နှင့် ကြက်သွေးရောင်

အသားရောင်ချည်းပဲ တစ်ကိုယ်လုံးကို ၀တ်ဆင်မယ်ဆိုရင်တော့ သင့် စတိုင်က အနည်းငယ်မှိုင်းတိုင်းတိုင်းပုံ ပေါက်နေမှာဖြစ်ပါတယ်။ ဒါပေမဲ့ အရောင်ရင့်ရင့် ကြက်သွေးရောင်နဲ့ တွဲဖက်လိုက်ရင်တော့ နတ်သမီးတစ်ပါးကို ပေါ်လွင်လှပသွားမှာအမှန်ပင်ဖြစ်ပါတယ်။ ယခု အရောင်ကွဲ ဖက်ရှင်ဟာ မည်သည့်အသားအရေနှင့်မဆို လိုက်ဖက်လွန်းလှပါတယ်။ ရိုးရှင်းပြီး လှပစေမည့် ဒီဇိုင်းလေးပဲဖြစ်ပါတယ်။

Colour Combinations 6

လိမ္မော်ရောင်နှင့်အမဲရောင်

လိမ္မော်ရောင်နဲ့အနက်ရောင်ကို အချို့တွေက နက်ဖက်တဲ့အရောင်လို့တောင် ပြောဆိုကြပါတယ်။ လိမ္မော်ရောင်ရင့်ရင့်မှာ အနက်ရောင်လေးတွဲဖက်လိုက်ခြင်းဖြင့် တည်ငြိမ်သစ်လွင်သော အလှကို ရရှိနိုင်မှာဖြစ်ပါတယ်။

Orange and Black Colour Combinations 7

မီးခိုးနှင့်ပန်းရောင်

ပန်းရောင်နှင့် မီးခိုးရောင်က ဘယ်တော့မှ ရိုးသွားမှာမဟုတ်ဘဲ အရောင်ထဲမှာ ပါ ပါတယ်။ ထို့ပြင် မည်သည့် နေရာ အနေအထားနှင့်မဆို လိုက်ဖက်မှုရှိပြီး နြေ္ဒဆန်စွာ လှပနေမှာဖြစ်ပါတယ်။

Pink and Grey Colour Combinations 8

ခရမ်းရောင်နှင့် လိမ္မော်နီရောင်

ခရမ်းရောင်နှင့် လိမ္မော်နီရောင်ကို ယုံကြည်မှုရှိရှိနှင့် ၀တ်ဆင်လိုက်ခြင်းအားဖြင့် သင့်အတွက် မကြာမီမှာ ကျရောက်တော့မယ့် နွေရာသီအလန်းစား ဖက်ရှင်ကို ရရှိမှာဖြစ်ပါတယ်။ ပူအိုက်တဲ့နွေရာသီမှာ အရောင်လွင်လွင်လေးကို ၀တ်ဆင်ခြင်းအားဖြင့် သင့်ကို ပေါ့ပေါ့ပါးပါးနှင့် လန်းဆန်းနေစေမှာ ဖြစ်ပါတယ်။

Purple and Coral Colour Combinations 10

ခရမ်းပုပ်ရောင်နှင့် အဖြူရောင်

အဖြူရောင်ဟာ မည်သည့်အရောင်နှင့်မဆို လိုက်ဖက်မှုရှိပါတယ်။ ဒါပေမဲ့ ခရမ်းပုပ်ရောင်နဲ့ကတော့ အလိုက်ဖက်ဆုံးပဲဖြစ်ပါတယ်။ အဖြူရောင် အကျနှင့် ခရမ်းပုပ်ရောင် မာဖလာ၊ ဦးထုပ် (သို့) ဘောင်းဘီ တို့ဟာ အလိုက်ဖက်ဆုံးပဲဖြစ်ပါတယ်။

Plum and White Colour Combinations 9

မိန်းကလေးများ ဖက်ရှင်ကျကျ လှပနိုင်ပါစေ။ 

Read 6038 times
Rate this item
(2 votes)