ကျွန်မတို့လို အနက်ရောင်ဝတ်ရတာကြိုက်တဲ့ မိန်းကလေးတွေအတွက် ဘယ်အချိန်၊ ဘယ်ရာသီဥတုမှာဖြစ်ဖြစ် တစ်ကိုယ်လုံးအနက်ရောင်ဖြစ်လည်း အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် အနက်ရောင်ချည်းပဲ ၀တ်နေတယ်ဆိုပြီးလည်း ပျင်းစရာကြီးလို့ထင်မသွားပါနဲ့။ အနက်ရောင်တွေကို သေချာတွဲဖက်ဝတ်ဆင်တတ်မယ်ဆိုရင် တကယ်ကိုအထာကျစေမှာပါ။
အပေါ်အောက်အနက်ဆိုတာနဲ့ ပူနေတော့မှာပဲဆိုတဲ့အတွေးကိုလည်း ဘေးဖယ်ပြီး ကျွန်မတို့ စုစည်းပေးထားတဲ့ အပေါ်အောက်အနက်ရောင်တွဲစပ်ပုံ (၇)မျိုးကို ကြည့်နိုင်ဖို့ အနက်ခရေစီတွေအားလုံးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။
၁။ Leather Jacket ကိုအပေါ်ကထပ်ဝတ်ပြီး အောက်က top လှလှလေးတစ်ထည်ခံဝတ်ပါ။ အိုက်လာပြီဆိုရင်တော့ leather jacket ကိုခဏချွတ်ထားလို့လည်း ရတာပေါ့။
၂။ Off-shoulder အပေါ်ဝတ်ကို အနက်ရောင် heels နဲ့တွဲဝတ်ပါ။ နေ့ဘက် အလုပ်တက်တဲ့အခါနဲ့ ညဘက်အပြင်ထွက်တဲ့အခါလည်း ၀တ်နိုင်ပါတယ်။
၃။ Midi dress နဲ့ sneakers တွဲဝတ်ပြီး ပေါ့ပေါ့ပါးပါးအသွင်ကို ရယူလိုက်ပါ။
၎။ Leather စကတ်နဲ့ ဘာ sticker မှမပါတဲ့သာမန်တီရှပ်ဗြောင်ကတော့ ချစ်ဖို့ကောင်းတဲ့အသွင်ထွက်စေမှာပါ။
၅။ ပွင့်ရိုက်တွေပါတဲ့ top နဲ့ cropped pants ကတော့ စမတ်ကျတဲ့ အမျိုးသမီးတစ်ဦးအသွင် ယူဆောင်လာပေးမှာပါ။
၆။ Maxi dress ကို sandals ဖိနပ်နဲ့ဆိုရင် မြို့ထဲမှာ ပတ်ပြေးပြီး အလုပ်အေးဆေးလုပ်လို့ရစေမယ့် လန်းဆန်းတဲ့ကောင်မလေးပုံစံရစေမှာပါ။
၇။ Shirt တစ်ထည်ကို skinny ဘောင်းဘီရှည်ထဲ ထည့်ဝတ်ပါ။ အဓိကကတော့ eye catching ဖြစ်စေမယ့် accessories တွေကို မဖြစ်မနေယူရပါမယ်။
source: posh magazine