What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စကတ်လှလှလေးနဲ့ ဖက်ရှင်ကျတဲ့ကောင်မလေးအသွင် ဖန်တီးမယ်ဆိုရင်

ဘောင်းဘီရှည်တွေရဲ့ လွှမ်းမိုးမှု ကြောင့် အလွယ်တကူ ကောက်စွပ်လို့ ရတဲ့ စကတ်တွေရဲ့တန်ဖိုးကို ကျွန်မတို့ အားလုံးမေ့မေ့လျော့လျော့ ဖြစ်နေကြ တာကြာပါပြီ။ မိန်းကလေးတိုင်းနီးပါးရဲ့ ပါးစပ်ဖျားမှာ 'မိန်းမဆန်တာ မကြိုက် ဘူး' ဆိုတဲ့ စကားတစ်ခွန်းကြောင့် သင့် စကတ်လှလှလေးတွေကို ချောင်များ ထိုးထားမိနေပြီလား။ စကတ်တစ်ထည် က မိန်းကလေးတွေအတွက် မိန်းမ မဆန်ချင်တဲ့အချိန်တွေနဲ့ မိန်းမဆန်ဆန် ချစ်စရာကောင်းချင်တဲ့အချိန်တွေမှာပါ အကူအညီပေးတယ်ဆိုတာကို သိအောင် ပြောပြပေးချင်ပါတယ်။ မိန်းကလေးတွေ အတွက် အရမ်းတန်ဖိုးရှိတဲ့ ဖက်ရှင် ပစ္စည်းတစ်ခုဖြစ်တဲ့ စကတ်လေးတွေကို ဖက်ရှင်ကျကျဝတ်နိုင်ဖို့ နည်းလမ်းတွေ က ဘာတွေဖြစ်မလဲဆိုတာ ..။

#Midi_Skirt
Midi Skirt ဆိုတာ ဒူးအကျော်ထိ အရှည်ရှိတဲ့စကတ်တွေဖြစ်ပြီး ၂၀၁၇ ခုနှစ်ထဲမှာ အတော်လေးကို ပေါ်ပြူလာ ဖြစ်ခဲ့တဲ့ ဖက်ရှင်ပစ္စည်းတစ်ခုပါ။ ပိန်သူ အတွက်ဖြစ်ဖြစ် ဝသူအတွက်ပဲဖြစ်ဖြစ် ဝတ်လို့အဆင်ပြေပါတယ်။ ဗြောင်ကနေ စလို့ ပွင့်ရိုက်တွေနဲ့ အစင်းကြားတွေ ပါတဲ့ Midi Skirt တွေကို လူငယ်ဆန် ချင်တဲ့အခါမျိုးမှာ တီရှပ်၊ ရှပ်နဲ့ ဆွယ်တာ ပါးလေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ Midi Skirt လေးတွေရဲ့ အားသာချက်က သင့်ရဲ့ ထသွားထလာဖက်ရှင်ကို အားဖြည့်ပေးမှာဖြစ်သလို ညနေခင်း ပွဲတက်တဲ့အချိန်မျိုးတွေမှာလည်း သင့် ကို လှလှပပလေး ဖြစ်နေစေမှာပါ။

#Denim_Skirt 
90's ဖက်ရှင်တွေ ပြန်လည် ခေတ်စားလာတဲ့အခုအချိန်မှာDenim Skirt တစ်ထည်ကလည်း မရှိမဖြစ်ပေါ့။ Skinny Jeans တွေချည်းပဲ ဝတ်ရတာ အရမ်းပျင်းဖို့ကောင်းတယ်မဟုတ်လား။ တစ်ခါတလေလောက် Denim Skirt တစ်ထည်နဲ့ ဘောင်းဘီရှည်တွေနဲ့ အင်္ကျီ တွေကို တွဲဝတ်သလို ဝတ်ကြည့်ပါ။ အပေါ်က Oversized Bomber Jacket တွေ၊ Jean Jacket တွေ၊ Blazer တွေကို ထပ်ဝတ်လိုက်တော့ သင် အမိုက်ဆုံးဖြစ်သွားပြီပေါ့။

#Pencil_Skirt 
လုပ်ငန်းခွင်ဝင်တဲ့အခါမှာ ဖက်ရှင် ကျဖို့အတွက် Pencil Skirt တွေက တကယ် အထောက်အကူဖြစ်စေပါ တယ်။ Pencil Skirt တွေကို လူကြီး ဆန်တယ်ဆိုပြီး ရှောင်မသွားစေချင်ပါ ဘူး။ သင်ဟာ ခန္ဓာကိုယ်လှတဲ့သူဆိုရင် Pencil Skirt တစ်ထည်လောက်တော့ ပိုင်ဆိုင်ရမှာပါ။ သင့်ရဲ့လှပတဲ့ခန္ဓာကိုယ် ကောက်ကြောင်းလေးကို အခုလို ဆောင်းတွင်းအချိန်မျိုးမှာ ပြသဖို့အတွက် အကူအညီပေးမှာက Pencil Skirt မို့လို့ ပါ။

#Skater_Skirt 
Avril Lavigne ရဲ့ Skater Skirt လှလှလေးတွေကို အသည်းစွဲဖြစ်ခဲ့တာ ကျွန်မတစ်ယောက်တည်း မဟုတ်ဘူး ထင်ပါတယ်နော်။ လတ်တလော Instagram ပေါ်က #OOTD တွေမှာ နေရာယူထားတာကလည်း Skater Skirt တွေပါပဲ။ တီရှပ်ပွပွကြီးတွေ၊ ရှပ် ပွပွကြီးတွေကို အောက်က Skater Skirt လေးတွေနဲ့တွဲဝတ်ပြီး အထက်တန်း ကျောင်းသူလေးအသွင်ရယူလိုက်ပါ။ မိန်းကလေးဆန်ဆန် တည်ငြိမ်သူတွေ အတွက်တော့ Crop Top နဲ့ ကိုယ်ကျပ် အင်္ကျီလေးတွေနဲ့တွဲဝတ်ပြီး ချစ်စရာ ကောင်းတဲ့ပုံစံလေး ဖမ်းလိုက်ပေါ့။

source:now

Read 1716 times
Rate this item
(1 Vote)