What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Black is never go out of style

Black is never go out of style amara khit

အဝတ်အစားဝတ်ခြင်းနဲ့ပတ်သတ်ပြီး ကျွန်မတို့အားလုံး နေ့စဉ်အခက်အခဲလေးတွေ တွေ့ကြုံရတတ်ပါတယ်။ထိုက်သင့်သည်ထက် လူကြားထဲကြည့်ရတာ အရမ်းကြီးပိုများအောင် (overdress) မဝတ်ချင်ကြသလို...
လုံးဝဂရုမစိုက်ဘဲ ဖြစ်သလိုဝတ်ထားတာမျိုးလည်း (underdress) မဖြစ်ချင်ကြပါဘူး။ နေရာဒေသအလိုက် သဟဇာတဖြစ်ပြီး ပေါ်လွင်အောင် ဟန်ချက်ညီညီဝတ်တတ်ဖို့ပဲလိုပါတယ်။

BLACK NEVER GOES OUT OF STYLEဒီထဲမှာမှ အဝတ်ဗီဒိုထဲမှာ မရှိမဖြစ်ဆောင်ထားသင့်တာကတော့ အနက်ရောင်တွေပါ။ အနက်ရောင်အဝတ်အစားတွေမှာ အပေါ်အကျီ၊ ဘောင်းဘီ၊ စကတ်၊ ဂါဝန်၊ ကုတ်အကျီ အစရှိတာတွေမျိုးစုံရှိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အနက်ရောင်တွေဟာ ဘာနဲ့မဆိုတွဲဖက်ဝတ်လို့လိုက်တယ်။ ဘယ်နေရာဘယ်အခြေအနေနဲ့မဆိုလိုက်ဖက်တယ်။ ဘယ်တော့မှာလည်း ရိုးသွားတယ်မရှိသည့်အပြင် ဝတ်ထားသူရဲ့ အသားအရောင်ကိုလည်း ပေါ်လွင်စေပါတယ်။ 

ချစ်တဲ့ညီအစ်မတို့ဆီမှာ အနက်ရောင်တွေက ဘာကြောင့်မရှိမဖြစ်ဆိုတာ ဒီအချက်လေးတွေကြောင့်ဆိုတာ ကြည့်လိုက်ပါဦး.... 

 Black dress ကတော့ မရှိမဖြစ်ပဲ။ အနက်ရောင်ဒေါက်ဖိနပ်လေးနဲ့ဆိုရင် ခေါင်းရှုပ်ခံစရာမလို၊ ဘယ်တော့မှာ မမှားနိုင်တဲ့ Fashion ပါပဲ။

 အပေါ်က အကျီအနက်ကို ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ပြီး ကိုယ်ကြိုက်တဲ့ အိတ်နဲ့ဖိနပ်တို့ကိုရွေးဝတ်ခြင်းဖြင့် casual ဆန်ဆန်ပေါ့ပါးတဲ့အမြင်မျိုးဖြစ်စေမယ်။

 ဘောင်းဘီ အနက်ဝတ်ကြမယ်ဆိုပါစို့။ ကြိုက်တဲ့ရှပ်အကျီနဲ့တွဲဝတ်လိုက်ရင် ရုံးကိုကောက်ထသွားလိုက်လို့ရတဲ့ အနေအထားလေးဖြစ်တော့ ခေါင်းမရှုပ်တော့ဘူးပေါ့။

 အနက်ဟာ ဆန့်ကျင်ဘက်ဖြစ်တဲ့ အဖြုနဲ့တွဲဝတ်လိုက်ရင်လည်း contrast ဖြစ်ပြီး ပိုလင်းစေတယ်။

 Black and white pattern တွေပါတဲ့ အစင်းတွေ လိုင်းတွေ အစက်ပြောက်ဒီဇိုင်းတွေနဲ့ ကြိုက်သလိုတွဲဝတ်လို့ရတယ်။

 အရောင်စုံတွေနဲ့ အမြင်စူးရှသွားစမှာမျိုး အနက်နဲ့ mix and match တွဲဝတ်ချင်လား။ အနက်ကိုမှ တခြား crazy colour တွေနဲ့လည်းတွဲဝတ်လို့ရတယ်။ အရောင်စူးစူးကို အနက်က ပြန်ထိန်းသွားပေးလိမ့်မယ်။

 အနက်ဟာ တကယ်ကို ဘယ်လိုအရောင်နဲ့မဆို ဘယ်လိုစတိုင်မျိုးနဲ့မဆို လိုက်လို့ တွဲလို့စပ်လို့ကောင်းတယ်။

 စိတ်ကူးပေါက်လို့ Accessories တွေရဲ့အလှကို ဦးစားပေးဝတ်ချင်လား။ ဥပမာ- ဖိနပ်၊ ဦးထုတ်၊ ဆွဲကြိုး၊ လက်ကောက်တို့ကို အနက်ရောင်ဝမ်းဆက် တွဲဝတ်ပစ်လိုက်တာ fashionalble ပိုဖြစ်အောင်ထိန်းညှိုပေးတယ်။

 အပြင်သွားလာရင်း မုန့်စားလို့ အစွန်းအထင်းဖြစ်သွားလား။ အနက်ဝတ်ရင် ဒါတွေ No problem..

 အနက်ဝတ်ရင် လူကိုပိုပိန်သွယ်စေတယ်လို့ထင်ရတယ်။ ဒါအရေးကြီးတယ်...

 လူတချို့တွေ အနက်နဲ့ပတ်သတ်တဲ့ quote လေးတွေ ပြန်ပြောပြချင်သေးတယ်။ “I feel more condident when I wear it, it boosts my self-esteem”, “I feel powerful when I wear black”. Clothing and accessories အရောင်တွေနဲ့ပတ်သတ်ပြီး လူအယောက် ၁၀၀၀စာ survey ကောက်ထားတဲ့အထဲမှာ အနက်ဟာ ပထမဆုံးဦးစားပေးရွေးခြယ်ကြတယ်။

 ကျန်သေးတယ်။ Black is always classic လေ… Permanent, sophisticated and chic. Black Dress လေးတွေ ဘယ်သူမကြိုက်တဲ့သူရှိမှာလဲ...

အနက် ကြိုက်သူလေးတွေအတွက်ပြောပေးချင်တာက အမရာခေတ်မှာ ချည်ထည် စစ်စစ် နဲ့ ချုပ်လုပ်ထားတဲ့ ဒီဇိုင်းရိုးရှင်းပြီး ဖက်ရှင် ကျလှပစေတဲ့ အထည်လေးတွေရှိတာကို ပြောပြပေးချင်တာပါ။ https://www.facebook.com/amarakhit/ကနေလဲ ကြည့်လို့ရပါတယ်။ 

Read 958 times
Rate this item
(0 votes)