What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချစ်သူများအတွက် Valentine Day အထူးဖက်ရှင်

ချစ်သူများအတွက် Valentine Day အထူးဖက်ရှင် google

        ချစ်သူတွေအားလုံးစောင့်မျှော်နေတဲ့ valentine day ရောက်ရှိလာပါပြီ။ အခု အချိန်မှာတော့ ချစ်သူတွေ အားလုံးဟာ

ဘယ်သွားမယ်၊ ဘာစားမယ်ဆိုတာလေးတွေ အစီအစဉ်စဆွဲနေပြီလို့ ထင်ပါတယ်။ ထိုအစီအစဉ်တွေထဲမှာ ကိုယ့်ချစ်သူနဲ့တွေ့တဲ့အခါ ဘယ်လိုဖက်ရှင်ကျအောင်ဝတ်မလဲလို့လည်း တွေးတောမိ မှာပါ။ အဲလိုဆိုရင်တော့ အောက်ပါအချက်လေးတွေက သင့်ကို ကူညီပေးပါလိမ့်မယ်။

၁။ ဆင်တူဝတ်ခြင်း

        ဆင်တူတီရှပ်လေးတွေ၊ စပို့ရှပ်လေးတွေဝတ်ခြင်းဟာ V Day အတွက် ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ ဖက်ရှင်လေးတွေပဲဖြစ်ပါတယ်။ ဘာဝတ်ရမလဲလို့ အထွေထွေအထူးထူး မစဉ်းစားချင်သော ချစ်သူတွေ အတွက် အလုပ်သိပ်မရှုပ်စေဘဲ ချစ်ကြတဲ့ပုံရိပ်လေးတွေကို အလွယ်တကူ ဖော်ပြနိုင်ပါတယ်။

1

 

၂။ ဆန့်ကျင်ဘက်အရောင်ကွဲဖက်ရှင်များ ၀တ်ဆင်ခြင်း

        ဆန့်ကျင်ဘက်အရောင်ကွဲဖက်ရှင်များလည်း တစ်ယောက်တစ်ရောင်စီ ၀တ်လို့ရပါသေးတယ်။ ဥပမာအားဖြင့် မီးခိုးနှင့်ပန်းရောင်၊ အစိမ်းနှင့်အ၀ါလိုအရောင်မျိုး ၀တ်ဆင်ခြင်းဟာ မြင်သူတွေအတွက် ဖက်ရှင်အမြင်အရ လိုက်ဖက်နေပုံပေါက်ပြီး နှစ်ယောက်စလုံးကို ပို၍ အထာကျလှပစေမှာပါ။

V2

 

၃။ ချစ်စရာကောင်းသောအ၀တ်အစားလေးများဝတ်ဆင်ခြင်း

        ချစ်ခြင်းရဲ့ သင်္ကေတလေးတွေ ပြသသောအ၀တ်အစားလေးများ ၀တ်ခြင်းကလည်း V Day နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ထဲမှာ ပါဝင်ပါတယ်။ အထူးသဖြင့် ပန်းပွင့်အဆင်လေးတွေပါသော ဂါဝန်လေးတွေက မိန်းကလေးများ အတွက် နူးညံ့သိမ်မွေ့မှုကိုဖော်ဆောင်ပြီး မိမိချစ်သူ၏ မျက်လုံးထဲတွင် အစွမ်းကုန်လှပနေမှာ အမှန်ဖြစ်ပါတယ်။

V3

 

၎။ လွတ်လပ်ပေါ့ပါးစွာဝတ်ဆင်ခြင်း

        V Day မှာ ချစ်သူနှစ်ယောက် အတူတူ နေ့လည်စာသွားစားမယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးလေးဝတ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံ၏ ရာသီဥတုက ပူအိုက်တဲ့အလျောက် စကတ်တို၊ ဘောင်းဘီတို လေးတွေနဲ့ ကြိုးသိုင်းဖိနပ်လေးတွေဟာ ချစ်သူနှစ်ဦးအတွက် အသင့်တော်ဆုံးဖြစ်မှာပါ။

2

 

၅။ Elegant ဆန်ဆန်ဝတ်ဆင်ခြင်း

        သင့်ချစ်သူနှင့်သင် ညနေဘက်မှာ Romantic ဆန်တဲ့ Dinner တစ်ခုကို သွားစားမယ်ဆိုရင်တော့ Elegant ဆန်ဆန် ၀တ်ဆင်ခြင်းက အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ ယောက်ျားလေးများကလည်း Gentleman ဆန်ဆန် စတိုင်ပင်များဝတ်ဆင်ပြီး မိန်းကလေးများကလည်း dinner dress လေးနှင့်ဆိုပါက နှစ်ဦးစလုံးအတွက် အမှတ်ရ စေမည့် ချစ်သူများနေ့လေးကို ပိုင်ဆိုင်ရပါလိမ့်မယ်။

4

 

        ချစ်သူများအားလုံး ပျော်ရွှင်နိုင်ကြပါစေ ….

 

Myanmar Textile and Garment Directory

Read 1569 times
Rate this item
(1 Vote)
Tagged under