What's new

×

Warning

JUser: :_load: Unable to load user with ID: 845


plus-size တွေကို ကြင်နာပါ

‘‘ကျမတို့ဟာ ဈေးကွက်ရဲ့ ကြီးမားတဲ့ ရာခိုင်နှုန်းပါ။ ၀ယ်နိုင်စွမ်းအားတွေ လည်း အများကြီး ရှိတယ်။ ဒါပေမဲ့ ကျမတို့ကို အမြဲတစေ လျစ်လျူပြုထားကြတယ်’’

အဲဒီစကားကို ညည်းတွားခဲ့သူကတော့ Instagram မှာ followers တစ်သန်းခွဲ ရှိတဲ့ Tess Holliday ဖြစ်ပါတယ်။

သူမက အမေရိကန် မော်ဒယ်လောကမှာ ထင်ရှားသူတစ်ဦးပါ။ ပွင့်လို့ super plus-size ပါ။ မော်ဒယ်လောကထဲကို

MiLK Model Management နဲ့ ကန်ထရိုက်ချုပ်ပြီး စတင်ဝင်ရောက်ခဲ့တယ်။

မော်ဒယ်လောကမှာ မှတ်တိုင်တစ်ခု စိုက်ထူလိုက်တာ ဖြစ်တယ်။

plus size

အခုလို ပင်မရေစီးကြောင်းထဲမှာ နေရာရထားတဲ့ မော်ဒယ် အေဂျင်စီမျိုးနဲ့ စာချုပ်ဖြစ်တဲ့ super plus-size မော်ဒယ်တွေထဲမှာ သူမက အဦးဆုံး ဖြစ်ပါတယ်။
ဒါပေမဲ့ ဖက်ရှင်လောကထဲမှာ သူမကို လျစ်လျူပြုတာ ခံနေရတယ်လို့ ညည်းတွားပါတယ်။
ဖက်ရှင်ဒီဇိုင်နာတွေထံမှ အ၀တ်အစားတွေရဖို့ အလွန်ခဲယဉ်းတယ်လို့ တက်စ် ဟောလီဒေးက ပြောပြပါတယ်။
‘‘ကျမကို အရေးတယူနဲ့ နှစ်အတန်ကြာ လုပ်ကိုင်ပေးတဲ့သူဆိုလို့ နှစ်ဦး သုံးဦးပဲ ရှိတယ်။

ကျန်တဲ့သူတွေကတော့ ကျမဆိုရင် လက်ရှောင်ကြတယ်။ တကယ်ကို ခက်ပါတယ်။

ကျမ အ၀တ်အစားတွေ ၀ယ်ဖို့ တတ်နိုင်တယ်။ brand တွေကို သူများတွေလို ၀တ်ချင်တယ်’’

လို့ ရင်ဖွင့်ပါတယ်။

 

 

မသိသူကျော်သွား သိသူဖော်စား လူတစ်ထောင်နီးပါး ဖတ်ရှုခဲ့ကြတဲ့

အကြံပြုဆောင်းပါးတို ဖတ်ရှုရန် အောက်ပါလင့်ခ်ကို နှိပ်လိုက်ပါ

 

Plus- Size မမ နဲ့ညီမလေးတွေအတွက် fashion tips လေးတွေ၊ ဆောင်ရန်ရှောင်ရန်လေးတွေ

http://www.textiledirectory.com.mm/articles/item/170-fashion-tips.html

 


ဖက်ရှင်သီတင်းပတ် ပွဲတော်တွေမှာလည်း plus-size အမျိုးသမီးတွေကို ပစ်ပယ်ထားကြတယ်။

‘‘ကြည့်လိုက်လေ။ လျှောက်လမ်းမှ လျှောက်နေတဲ မော်ဒယ်တွေ။ ပုံမှန်အရွယ်အစား straight-size တွေချည်းပဲ။

ရှားရှားပါးပါး plus-size တစ်ယောက်စ နှစ်ယောက်စ တွေ့မယ်။ အဲဒီလို ဖြစ်နေလို့ ကျမ မကျေမချမ်း ဖြစ်မိရတယ်။

ဘာလို့ ကျမတို့ plus-size တွေကို ပယ်ထားကြရတာလဲ’’ တဲ့။ 

plus size 2

Read 985 times
Rate this item
(0 votes)