What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စမတ္ၾကည့္မွန္

Zaw+Uni ● ၂၀၁၅ ခုႏွစ္မွာ ထူေထာင္ခဲ့တဲ့ Oak Labs က အ၀တ္အစား လက္လီအေရာင္းဆုိင္ေတြအတြက္

စမတ္ၾကည့္မွန္ေတြ ထုတ္လုပ္ေရာင္းခ်တယ္။ အဲဒီ စမတ္မွန္ စိတ္ကူးက အဆန္းဆုိေပမဲ့ အသစ္ေတြ မဟုတ္ဘူး။ တစ္ခ်ိန္တစ္ခါက Nordstrom က နယူူးေယာက္ၿမိဳ႕ေတာ္မွ အထင္ကရ အ၀တ္အစားဆုိင္ Rebecca Minkoff မွာ စမ္းသပ္တဲ့အေနျဖင့္ တပ္ဆင္ေပးဖူးတယ္။ 

● Oak Labs ရဲ႕ စမတ္မွန္က ဘယ္လုိ စမတ္က်သလဲ။ ဆုိၾကပါစုိ႔။ ဆုိင္ထဲကုိ အမ်ဳိးသမီးတစ္ေယာက္ ၀င္လာတယ္။ သူက ဂ်င္းနဲ႔ ဘေလာက္စ္ကုိ ယူၿပီး အ၀တ္အစား ၀တ္ၾကည့္တဲ့ fitting room ထဲ ယူသြားတယ္။ သူယူသြားတဲ့ အ၀တ္အစားမွာ ေရဒီယုိလႈိင္းျဖင့္ ဆက္သြယ္ေပးေနတဲ့ ကိရိယာငယ္ radio-frequency ID tag တစ္ခုပါတယ္။ အဲဒီကရိယာက တြဲေပးထားတဲ့ အ၀တ္အစားရဲ႕ အမွတ္အသားကုိ ေပးပုိ႔တယ္။ အခန္းငယ္ထဲ ေရာက္သြားတဲ့အခါ ဂ်င္းနဲ႔ ဘေလာက္စ္တုိ႔ရဲ႕ အမွတ္အသားကုိ သတင္းပုိ႔လုိက္တယ္။ အဲဒီအမွတ္အသားအရ အမ်ဳိးသမီးယူလာတာ ဘယ္အ၀တ္အစားလဲ၊ အရြယ္အစားက ဘယ္ေလာက္၊ အေရာင္က ဘာအေရာင္၊ ထုတ္လုပ္တဲ့ ကုမၸဏီက ဘယ္ကုမၸဏီစသျဖင့္ အေသးစိတ္အခ်က္အလက္ေတြကုိ ေဖာ္ထုတ္လုိ႔ရတယ္။ အခ်က္အလက္ေတြ ေဖာ္ထုတ္လုိက္ၿပီးတဲ့အခါ စမတ္ၾကည့္မွန္မွာ အဲဒီဂ်င္းနဲ႔ ဘေလာက္စ္တုိ႔ရဲ႕ ပုံငယ္ကုိ ေဖာ္ျပေပးလုိက္တယ္။ တစ္ဆက္တည္းမွာပဲ လုိက္ဖက္မယ့္ ခါးပတ္အခ်ဳိ႕နဲ႔ ႐ွဴးအခ်ဳိ႕ကုိလည္း ေဖာ္ျပေပးလုိက္တယ္။ မွန္သားကုိ တုိ႔ထိၿပီး ခလုတ္ႏွိပ္လုိ႔ရတယ္။ တုိ႔ထိဖုိ႔ ျပထားတဲ့ေနရာေတြမွာ လုိအပ္သလုိ တုိ႔ထိၿပီး လုပ္ကုိင္ေဆာင္ရြက္လုိ႔ ရတယ္။ ဘာသာစကားကုိ အဂၤလိပ္အစား ဘာသာစကားအခ်ဳိ႕ထဲမွ လုိခ်င္တာကုိ ေရြးလုိ႔ရတယ္။ အလင္းအေမွာင္ ခ်ိန္လုိ႔ရတယ္။ ၀တ္ၾကည့္လုိက္လုိ႔ မေတာ္ရင္ တျခား အရြယ္အစား ေပးဖုိ႔ ေရြးလုိ႔ရတယ္။ အေရာင္ကုိလည္း ျပေပးထားတဲ့အေရာင္ထဲမွ ႏွစ္သက္ရာကုိ ေရြးလုိ႔ရတယ္။ အဲဒီလုိ ေရြးခ်ယ္ဆုံးျဖတ္တဲ့ အခ်က္အလက္ေတြက ဆုိင္၀န္ထမ္းရဲ႕ စမတ္ဖုန္းမွာ လာေပၚတယ္။ ဒီေတာ့ ၀န္ထမ္းက ၀ယ္ယူသူ ေရြးခ်ယ္တာကုိ အသင့္ စီစဥ္ေပးထားလုိက္မွာ ျဖစ္ပါတယ္။ တကယ္လုိ႔ ဆုိင္မွာ မရွိရင္ ၀က္ဘ္ဆုိက္ကုိ ခ်ိတ္ေပးၿပီး ၀ယ္ယူလုိ႔ရတယ္။ အြန္လုိင္း ေဈး၀ယ္တာ ျဖစ္သြားၿပီမုိ႔ ၀ယ္ယူလုိက္တဲ့ အ၀တ္အစားကုိ အိမ္တုိင္ယာေရာက္ လာပုိ႔ေပးမွာ ျဖစ္ပါတယ္။

လုပ္ရကုိင္ရတာ လြယ္သြားတဲ့အျပင္ ထိေရာက္မႈ ပုိရွိသြားေစတယ္။

● စမတ္မွန္ကုိ အ၀တ္အစားဆုိင္ရဲ႕ အ၀တ္အစား ၀တ္ၾကည့္တဲ့ fitting room ထဲမွာ တပ္ေပးၿပီးတဲ့ေနာက္ ဆုိင္မွာ ေရာင္းအား သုံးဆေက်ာ္ တုိးသြားတာကုိ လပုိင္းအတြင္းမွာ ႀကံဳရေလ့ရွိတယ္။
● အ၀တ္အစားဆုိင္ေတြမွာ အထာတစ္ခု ရွိတယ္။ ဆုိင္ထဲကုိ ၀င္လာတဲ့သူေတြမွာ ဆုိင္ထဲ ေလွ်ာက္ၾကည့္ေနတဲ့သူထက္ အ၀တ္အစား ၀တ္ၾကည့္တဲ့ fitting room ထဲ ၀င္ၿပီး ၀တ္ၾကည့္တဲ့သူေတြက တကယ္၀ယ္ဖုိ႔ ျဖစ္ႏုိင္ေျခ ၇ ဆမ်ားတယ္။ အဲဒီ fitting room ထဲမွာ စမတ္မွန္က အသင့္ေစာင့္ႀကိဳၿပီး ၀န္ေဆာင္မႈ ေပးတဲ့အခါ ၀ယ္ျဖစ္ဖုိ႔ ျဖစ္ႏုိင္ေျခ ပုိမ်ားသြားတယ္။
● ေနာက္ထပ္အထာတစ္ခုက ဆုိင္မွာ သားေရဂ်က္ကက္တစ္မ်ဳိးရွိတယ္။ ဆုိင္ကုိ လာတဲ့သူေတြမွာ အဲဒီဂ်က္ကက္ကုိ သေဘာက်တဲ့သူေတြ ရွိတယ္။ fitting room ထဲ ယူသြားၿပီး ၾကည့္မွန္ေရွ႕မွာ ၀တ္ၾကည့္တဲ့သူ တစ္ပတ္မွာ ၇၀ ဦး ရွိတယ္ဆုိပါေတာ့။ အဲဒီလုိ ၀တ္ၾကည့္ေပမဲ့ ၀ယ္တဲ့သူေတာ့ တစ္ေယာက္မွ မရွိဘူး။ တခ်ဳိ႕က တျခားအရြယ္အစား မရွိဘူးလား ေမးၾကတယ္။ အဲဒီလုိဆုိရင္ ဂ်က္ကက္ကုိ ႀကိဳက္ၾကေပမဲ့ ၀တ္ၾကည့္တဲ့အခါ မေတာ္လုိ႔ မ၀ယ္ၾကတာ ျဖစ္တယ္။ စမတ္ၾကည့္မွန္က အဲဒီျပႆနာကုိ ေျဖရွင္းေပးတယ္။ လုိခ်င္တဲ့ အရြယ္အစားကုိ မွန္ျပင္မွာ ခလုတ္ႏွိပ္ၿပီး ေရြးခ်ယ္လုိ႔ ရတယ္။
● Oak Labs ရဲ႕ စမတ္မွန္ကုိ တစ္စုံလွ်င္ ကန္ေဒၚလာ ၂၅,၀၀၀ ျဖင့္ ေရာင္းခ်ေပးတယ္။ မွာယူတဲ့ အေရအတြက္မ်ားရင္ ေဈးေလွ်ာ့ေပးတယ္။ သုံးစြဲတဲ့ ေဆာ့ဖ္၀ဲလ္အတြက္ လုိင္စင္ေၾကးကုိ သပ္သပ္ထပ္ေပးရတယ္။

Uni

စမတ်ကြည့်မှန်

● ၂ဝ၁၅ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ Oak Labs က အဝတ်အစား လက်လီအရောင်းဆိုင်တွေအတွက် စမတ်ကြည့်မှန်တွေ ထုတ်လုပ်ရောင်းချတယ်။ အဲဒီ စမတ်မှန် စိတ်ကူးက အဆန်းဆိုပေမဲ့ အသစ်တွေ မဟုတ်ဘူး။ တစ်ချိန်တစ်ခါက Nordstrom က နယူးယောက်မြို့တော်မှ အထင်ကရ အဝတ်အစားဆိုင် Rebecca Minkoff မှာ စမ်းသပ်တဲ့အနဖြေင့် တပ်ဆင်ပေးဖူးတယ်။
● Oak Labs ရဲ့ စမတ်မှန်က ဘယ်လို စမတ်ကျသလဲ။ ဆိုကြပါစို့။ ဆိုင်ထဲကို အမျိုးသမီးတစ်ယောက် ဝင်လာတယ်။ သူက ဂျင်းနဲ့ ဘလောက်စ်ကို ယူပြီး အဝတ်အစား ဝတ်ကြည့်တဲ့ fitting room ထဲ ယူသွားတယ်။ သူယူသွားတဲ့ အဝတ်အစားမှာ ရေဒီယိုလှိုင်းဖြင့် ဆက်သွယ်ပေးနေတဲ့ ကိရိယာငယ် radio-frequency ID tag တစ်ခုပါတယ်။ အဲဒီကရိယာက တွဲပေးထားတဲ့ အဝတ်အစားရဲ့ အမှတ်အသားကို ပေးပို့တယ်။ အခန်းငယ်ထဲ ရောက်သွားတဲ့အခါ ဂျင်းနဲ့ ဘလောက်စ်တို့ရဲ့ အမှတ်အသားကို သတင်းပို့လိုက်တယ်။ အဲဒီအမှတ်အသားအရ အမျိုးသမီးယူလာတာ ဘယ်အဝတ်အစားလဲ၊ အရွယ်အစားက ဘယ်လောက်၊ အရောင်က ဘာအရောင်၊ ထုတ်လုပ်တဲ့ ကုမ္ပဏီက ဘယ်ကုမ္ပဏီစသဖြင့် အသေးစိတ်အချက်အလက်တွေကို ဖော်ထုတ်လို့ရတယ်။ အချက်အလက်တွေ ဖော်ထုတ်လိုက်ပြီးတဲ့အခါ စမတ်ကြည့်မှန်မှာ အဲဒီဂျင်းနဲ့ ဘလောက်စ်တို့ရဲ့ ပုံငယ်ကို ဖော်ပြပေးလိုက်တယ်။ တစ်ဆက်တည်းမှာပဲ လိုက်ဖက်မယ့် ခါးပတ်အချို့နဲ့ ရှူးအချို့ကိုလည်း ဖော်ပြပေးလိုက်တယ်။ မှန်သားကို တို့ထိပြီး ခလုတ်နှိပ်လို့ရတယ်။ တို့ထိဖို့ ပြထားတဲ့နေရာတွေမှာ လိုအပ်သလို တို့ထိပြီး လုပ်ကိုင်ဆောင်ရွက်လို့ ရတယ်။ ဘာသာစကားကို အင်္ဂလိပ်အစား ဘာသာစကားအချို့ထဲမှ လိုချင်တာကို ရွေးလို့ရတယ်။ အလင်းအမှောင် ချိန်လို့ရတယ်။ ဝတ်ကြည့်လိုက်လို့ မတော်ရင် တခြား အရွယ်အစား ပေးဖို့ ရွေးလို့ရတယ်။ အရောင်ကိုလည်း ပြပေးထားတဲ့အရောင်ထဲမှ နှစ်သက်ရာကို ရွေးလို့ရတယ်။ အဲဒီလို ရွေးချယ်ဆုံးဖြတ်တဲ့ အချက်အလက်တွေက ဆိုင်ဝန်ထမ်းရဲ့ စမတ်ဖုန်းမှာ လာပေါ်တယ်။ ဒီတော့ ဝန်ထမ်းက ဝယ်ယူသူ ရွေးချယ်တာကို အသင့် စီစဉ်ပေးထားလိုက်မှာ ဖြစ်ပါတယ်။ တကယ်လို့ ဆိုင်မှာ မရှိရင် ဝက်ဘ်ဆိုက်ကို ချိတ်ပေးပြီး ဝယ်ယူလို့ရတယ်။ အွန်လိုင်း ဈေးဝယ်တာ ဖြစ်သွားပြီမို့ ဝယ်ယူလိုက်တဲ့ အဝတ်အစားကို အိမ်တိုင်ယာရောက် လာပို့ပေးမှာ ဖြစ်ပါတယ်။
လုပ်ရကိုင်ရတာ လွယ်သွားတဲ့အပြင် ထိရောက်မှု ပိုရှိသွားစေတယ်။

● စမတ်မှန်ကို အဝတ်အစားဆိုင်ရဲ့ အဝတ်အစား ဝတ်ကြည့်တဲ့ fitting room ထဲမှာ တပ်ပေးပြီးတဲ့နောက် ဆိုင်မှာ ရောင်းအား သုံးဆကျော် တိုးသွားတာကို လပိုင်းအတွင်းမှာ ကြုံရလေ့ရှိတယ်။
● အဝတ်အစားဆိုင်တွေမှာ အထာတစ်ခု ရှိတယ်။ ဆိုင်ထဲကို ဝင်လာတဲ့သူတွေမှာ ဆိုင်ထဲ လျှောက်ကြည့်နေတဲ့သူထက် အဝတ်အစား ဝတ်ကြည့်တဲ့ fitting room ထဲ ဝင်ပြီး ဝတ်ကြည့်တဲ့သူတွေက တကယ်ဝယ်ဖို့ ဖြစ်နိုင်ခြေ ၇ ဆများတယ်။ အဲဒီ fitting room ထဲမှာ စမတ်မှန်က အသင့်စောင့်ကြိုပြီး ဝန်ဆောင်မှု ပေးတဲ့အခါ ဝယ်ဖြစ်ဖို့ ဖြစ်နိုင်ခြေ ပိုများသွားတယ်။
● နောက်ထပ်အထာတစ်ခုက ဆိုင်မှာ သားရေဂျက်ကက်တစ်မျိုးရှိတယ်။ ဆိုင်ကို လာတဲ့သူတွေမှာ အဲဒီဂျက်ကက်ကို သဘောကျတဲ့သူတွေ ရှိတယ်။ fitting room ထဲ ယူသွားပြီး ကြည့်မှန်ရှေ့မှာ ဝတ်ကြည့်တဲ့သူ တစ်ပတ်မှာ ၇ဝ ဦး ရှိတယ်ဆိုပါတော့။ အဲဒီလို ဝတ်ကြည့်ပေမဲ့ ဝယ်တဲ့သူတော့ တစ်ယောက်မှ မရှိဘူး။ တချို့က တခြားအရွယ်အစား မရှိဘူးလား မေးကြတယ်။ အဲဒီလိုဆိုရင် ဂျက်ကက်ကို ကြိုက်ကြပေမဲ့ ဝတ်ကြည့်တဲ့အခါ မတော်လို့ မဝယ်ကြတာ ဖြစ်တယ်။ စမတ်ကြည့်မှန်က အဲဒီပြဿနာကို ဖြေရှင်းပေးတယ်။ လိုချင်တဲ့ အရွယ်အစားကို မှန်ပြင်မှာ ခလုတ်နှိပ်ပြီး ရွေးချယ်လို့ ရတယ်။
● Oak Labs ရဲ့ စမတ်မှန်ကို တစ်စုံလျှင် ကန်ဒေါ်လာ ၂၅,ဝဝဝ ဖြင့် ရောင်းချပေးတယ်။ မှာယူတဲ့ အရေအတွက်များရင် ဈေးလျှော့ပေးတယ်။ သုံးစွဲတဲ့ ဆော့ဖ်ဝဲလ်အတွက် လိုင်စင်ကြေးကို သပ်သပ်ထပ်ပေးရတယ်။

Read 865 times
Rate this item
(0 votes)