What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လည်သာအနက်ရောင် ဂျက်ကက်နဲ့ ဖက်ရှင်ကျကျ လန်းကြမယ်

ဂျက်ကက်တွေဆိုတာ အပေါ်ဝတ်ကလွဲပြီး ဘာမှလုပ်လို့မရဘူးလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် တွဲစပ်တတ်ရင် အရမ်းမိုက်တဲ့ fashion supporter တွေပါနော်။ ဒါကြောင့် ဖက်ရှင်ချစ်သူ ပျိုမေတို့ အတွက် လယ်သာဂျက်ကက်တွေကို ဘယ်လို ၀တ်ရင် အထာကျလဲဆိုတာနဲ့ inspired လုပ်ရအောင် လယ်သာဂျက်ကက်ဖက်ရှင်အတွဲအစပ်လေးတွေဖော်ပြပေးလိုက်ပါတယ်။

မိန်းကလေးဆန်တဲ့ စကတ်၊ ဂါဝန် အကားလေးတွေပေါ်ကနေ လယ်သာ ဂျက်ကက်ကို အခုလိုမျိုးထပ်ဝတ်လိုက်တဲ့အခါ ကောင်မလေးတစ်ယောက်လို နူးညံ့တဲ့ပုံစံလည်းမပျောက်သွားဘဲ တည်တည်ငြိမ်ငြိမ်လေးနဲ့လှသွားပါတယ်။

leather jacket with maxi dress min

 

ရှပ်အင်္ကျီအကွက်နဲ့ တွဲဝတ်ထားပြီး လယ်သာဂျက်ကက်ကို အပေါ်ကထပ်ထားတဲ့ဒီပုံစံက ဘယ်သူ့မှဂရုမစိုက်တဲ့ဟန်အထင်းသားပေါ်လွင်နေပါတယ်။ မာရေကျောရေကောင်မလေးတစ်ယောက်ပါပေါ့။

leather jacket with flannel shirt min

 

အထက်အောက် အားလုံး တစ်ရောင်တည်းနဲ့ အစွမ်းကုန်ဂေါ်နေတဲ့ပုံစံဝတ်ချင်ရင် ဒီလိုလေးဝတ်ပါ။

all black leather min

ခန္ဓာကိုယ်ပိန်သွယ်တဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်စတိုင်

 

လယ်သာဂျက်ကက်နဲ့ လယ်သာမီနီစကတ်အကားကို boot ဖိနပ်နဲ့ တွဲဝတ်တဲ့ပုံစံက ခေတ်မရှိတော့ဘူးလို့ မတွေးပါနဲ့။ ၂၀၀၀ ခုနှစ်လောက်တုန်းက အထာကျဆုံးပုံစံကို အခုချိန်မှာ ဘာလို့ပြန်မ၀တ်ရမှာလဲနော်။

leather jacket with leather mini skirt min

 

လယ်သာဂျက်ကက်ကို wedding, pre-wedding တွေမှာဝတ်ရင်လည်း လိုက်ဖက်လိမ့်မယ်လို့ မထင်ထားမိဘူး။ လူငယ်ဆန်ဆန်နဲ့ချစ်ဖို့ကောင်းနေတာအမှန်ပဲနော်။

leather jacket with wedding dress min

 

ရှပ်အဖြူနဲ့ ဂျင်းဘောင်းဘီအပေါ်က လယ်သာဂျက်ကက်ကိုထပ်ဝတ်ထားပြီး ကြိုးသိုင်းဒေါက်ဖိနပ်နဲ့ ဆိုတော့ perfect casual ပုံစံပဲပေါ့။

leather jacket with white shirt min

 

Source:aunty may

Read 1415 times
Rate this item
(1 Vote)