What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခန္ဓာကိုယ်ပိန်သွယ်တဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်စတိုင်

ဒီတစ်ခေါက်ဖက်ရှင်မှာတော့ ပိန်ပိန်သွယ်သွယ်ကောင်မလေးတွေနဲ့ လိုက်ဖက်မှုရှိစေမယ့် ဖက်ရှင်လေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။ ပိန်တဲ့သူတွေရဲ့အားသာချက်ကတော့ အဆီမရှိလို့ ဝတ်လိုက်ရင် လှပနေစေမှာပါ။ ဒါပေမယ့် တချို့ဖက်ရှင်တွေကျတော့ ပိန်တဲ့သူတွေနဲ့ဆို မလိုက်ဖက်ပဲ ကြည့်ရဆိုးစေတဲ့ဖက်ရှင်တွေလည်း ရှိပါတယ်။ ဒါကြောင့် ပိန်ပိန်သွယ်သွယ်လေးတွေနဲ့လိုက်ဖက်တဲ့ ဖက်ရှင်က ဘယ်လိုမျိုးလဲဆိုတာကို ကြည့်လိုက်ပါအုံး...။

၁။ ပိန်ပိန်သွယ်သွယ်ကောင်မလေးတွေအနေနဲ့ Hoodie လေးကို ဒီလိုဝတ်တာက လိုက်ဖက်မှုရှိစေပါတယ်။ ချစ်စရာကောင်းစေတဲ့ဖက်ရှင်လေးပေါ့။ ဒီလိုဖက်ရှင်မျိုးက ကောင်လေးတွေ သဘောကျတဲ့ဖက်ရှင်လို့လည်း ပြောလို့ရပါတယ်။

hoddie min

 

၂။ ဒီလိုကိုယ်ကျပ်ဂါဝန်လေးတွေက ပိန်ပိန်သွယ်သွယ်လေးတွေနဲ့ လိုက်ဖက်တယ်ဆိုပေမယ့်လည်း ပိန်ပြီးကိတ်နေမှသာ လှပနေမှာနော်။

bodycon min

 

၃။ ဒီလိုဂျင်းစကပ်အလန်းလေးတွေကို တီရှပ်လေးနဲ့တွဲဝတ်တာလည်း ပိန်ပိန်သွယ်သွယ်လေးတွေနဲ့ လိုက်ဖက်ပါတယ်။ အမိုက်စားပုံစံလေးပေါ့။

t shirt with jean skirt min

 

၎။ ဒီလိုဂါဝန်လေးတွေဆိုရင်လည်း ပိန်ပိန်သွယ်သွယ်လေးတွေဝတ်လိုက်ရင် လှပပြီးချစ်စရာကောင်းနေစေပါတယ်။ ဒါကြောင့် beach သွားရင် ဒီလိုလေးဝတ်လို့ရတယ်နော်။

maxi dress min

ဂျင်းဘောင်းဘီနဲ့ အဖြူရောင်အင်္ကျီလေးတွေကို ဖက်ရှင်ကျကျ ဝတ်ဆင်ကြရအောင်

၅။ ဒီလိုဂါဝန်မျိုးဆိုရင် ပိန်ပိန်သွယ်သွယ်လေးတွေနဲ့မှ လိုက်ဖက်တဲ့ဖက်ရှင်လေးပါ။ သူမလို sneakers လေးစီးလိုက်ရင်တော့ ပိုပြီးလူငယ်ဆန်ဆန်နဲ့ ချစ်စရာကောင်းစေပါတယ်။

dress with sneaker min

 

၆။ ပိန်ပိန်သွယ်သွယ်လေးတွေအနေနဲ့ ဒီလိုဘောင်းဘီတိုလေးတွေဝတ်လိုက်ရင်လည်း ချပ်ကပ်ပြီး ချစ်စရာကောင်းစေပါတယ်။ ဒါကြောင့် ဒီလိုဖက်ရှင်မျိုးကိုလည်း ရွေးချယ်လို့ရတယ်နော်။

short pant min

 

၈။ ပိန်ပိန်သွယ်သွယ်လေးတွေအနေနဲ့ ဒီလိုတီရှပ်အပွလေးတွေ၊ အရှည်လေးတွေကိုလည်း ဝတ်လို့ရပါသေးတယ်။ အောက်ကနေ sneakers လေးစီးလိုက်မယ်ဆိုရင်တော့ free style လေးနဲ့ အရမ်းမိုက်နေမှာပါ။

tee min

 

Source:we media

Read 1536 times
Rate this item
(1 Vote)