What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂျင်းဘောင်းဘီနဲ့ အဖြူရောင်အင်္ကျီလေးတွေကို ဖက်ရှင်ကျကျ ဝတ်ဆင်ကြရအောင်

အဖြူရောင်ဆိုတာကတော့ လူတိုင်းကြိုက်နှစ်သက်တဲ့အရောင်တစ်မျိုးပါ။ ဒါကြောင့် ဒီတစ်ခေါက်ဖက်ရှင်လေးမှာ မိန်းကလေးတိုင်းသဘောကျနှစ်သက်သွားမယ့် အဖြူရောင်ဖက်ရှင်လေးတွေကိုပဲ ရွေးချယ်ပေးလိုက်တယ်နော်။ ဒီအဖြူရောင်ဖက်ရှင်လေးတွေထဲမှာတော့ အမိုက်စားဖက်ရှင်လေးတွေလည်းပါသလို၊ သင့်ကိုချစ်စရာကောင်းသွားစေမယ့် ဖက်ရှင်လေးတွေလည်း ပါတယ်နော်။ ဒါ့အပြင် အဖြူရောင်အင်္ကျီလေးတွေကို ဂျင်းဘောင်းဘီလေးတွေနဲ့ပဲ တွဲဝတ်ပြထားတာလေးတွေဖြစ်လို့ မိန်းကလေးတွေပိုပြီး သဘောကျနှစ်သက်မှာပါ။ ကဲ ... ဒီတော့ အဖြူရောင်ဖက်ရှင်လေးတွေကို ကြည့်ကြည့်လိုက်ရအောင်။

၁. ဂျင်းဘောင်းဘီလေးတွေကို shoulder off လေးတွေနဲ့တွဲဝတ်တာက ချစ်စရာကောင်းပြီး လှပတဲ့ဖက်ရှင်လေးပါ။ ဒါ့အပြင် ဆွဲဆောင်မှုလည်းရှိစေပါတယ်။ မကြာခင်မှာလည်း နွေရာသီရောက်လာတော့မှာဆိုတော့ အဖြူရောင်လေးက အကောင်းဆုံးပဲနော်။

off shoulder min

 

၂. ဂျင်းဘောင်းဘီတိုလေးတွေကို တီရှပ်အဖြူလေးတွေနဲ့တွဲဝတ်တာမျိုးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရကောင်းစေပါတယ်။ ဒီဖက်ရှင်လေးက ဒီကရာသီဥတုနဲ့လည်း အရမ်းအဆင်ပြေစေတယ်လေ။

white t shirt min

 

၃. ဂျင်းဘောင်းဘီလေးတွေကို ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ ဒီလိုရှပ်အင်္ကျီလေးတွေနဲ့တွဲဝတ်တာမျိုးက အရမ်းဖက်ရှင်ကျတယ်နော်။

white shirt min

 

၎. စတိုင်လ်လည်းကျချင်တယ် လှလည်းလှချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်လေးကိုသာရွေးချယ်လိုက်ပါ။ ဂျင်းဘောင်းဘီအရှည်တွေကို ကြိုးတစ်လုံးအဖြူလေးတွေနဲ့တွဲဝတ်ပြီး အပေါ်ကနေလှပတဲ့ အဖြူရောင်အနွေးထည်လေးနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။

white string with coat min

 

၅. နောက်တစ်မျိုးအနေနဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဂျင်းဘောင်းဘီလေးတွေနဲ့ ဒီလိုပုံစံလေးတွဲဝတ်တာမျိုးကလည်း ဖက်ရှင်ကျပြီးအရမ်းမိုက်ပါတယ်။

white long shirt min

မျက်မှန်နဲ့ ကောင်မလေးတွေအတွက် ချစ်စရာကောင်းတဲ့ ဖက်ရှင်လေးတွေ

 

၆. ဂျင်းဘောင်းဘီလေးတွေနဲ့ဆို ဒီလိုအင်္ကျီလက်ရှည်အဖြူလေးတွေကလည်း လိုက်ဖက်တယ်နော်။

white long sleeve shirt min

 

၇. မိန်းကလေးဆန်တဲ့အင်္ကျီအဖြူရောင်လေးတွေကို ဂျင်းဘောင်းဘီလေးတွေနဲ့တွဲဝတ်မယ်ဆိုလည်း ချစ်စရာကောင်းနေပြန်ရော။

cute white cloth min

 

Source:we media

 

Read 1583 times
Rate this item
(1 Vote)