What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘယ်တော့မှ ရိုးမသွားမယ့် jean dress

ဘယ်တော့မှ ရိုးမသွားမယ့် jean dress google

ဒီတစ်ခါတော့ ခေတ်အဆက်ဆက် ဘယ်တော့မှ ရိုးမသွားမယ့် jean dress လေးတွေအကြောင်း ရေးပေးလိုက်ပါတယ်နော်။

ကလေးဘဝ၊ ဆယ်ကျော်သက်၊ သက်လတ်ပိုင်းတင်မကပဲ အသက်ကြီးတဲ့အထိ ခေတ်မီချင်တယ်ဆိုရင်တောင် jean နဲ့ပတ်သက်တဲ့ ဖက်ရှင်တွေကို ရွေးချယ်သင့်တာပါ။

အဲ့ထဲက အမျိုးသမီးတွေအတွက် ကိုယ်ကိုယ်ကို ငါဝတ်ထားတာ ဒိတ်အောက်နေပြီလားဆိုတဲ့ အတွေးမျိုး မဝင်ရအောင်၊ သက်သောင့်သက်သာရှိတဲ့အပြင် ကြည့်လိုက်တာနဲ့ ပေါ့ပေါ့ပါးပါး ဆင်းမြန်းထားသလို ဖြစ်နေအောင်၊ အဆင်တန်ဆာရွေးချယ်ရမှာ လည်း ခေါင်းလုံးဝမစားရအောင် jean dress တွေက ကူညီပေးနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။

Dress ဒီဇိုင်းအမျိုးမျိုးမှာမှ ကိုယ်နဲ့အဆင်ပြေတဲ့ jean dress တစ်ထည်ရှိရုံနဲ့တင် ထပ်တလဲလဲ ဝတ်ချင်စိတ်တွေတောင် ဖြစ်စေနိုင်ပါတယ်။

jean dress တွေထဲမှာ အရိုးရှင်းဆုံးတွေက အဆန်းဆုံးဆိုတာ မမေ့ပါနဲ့။

ဒါ့အပြင် shirt dress ပုံစံမျိုးရှိရင်လည်း သူ့ကို ကြယ်သီးဖြုတ် ရှေ့ကွဲ shirt လို အပေါ်ထပ်ဖြစ်စေ၊ တစ်ထပ်တည်း ကြယ်သီးတပ်ဖြစ်စေ ဝတ်ဆင်နိုင်ပါတယ်။

အတိုအရှည်ကတော့ ကိုယ်က ဒူးမရောက်တရောက်ကြိုက်ရင် တစ်မျိုး၊ နည်းနည်းရှည်မှ ဝတ်တတ်တယ်ဆိုရင်လည်း ဒူးအတိလောက် ဝတ်ပေါ့နော်။

အပေါ်မှာပြောသလို accessory တွေအနေနဲ့ ကိုယ်အားသန်ရာ ဘက်ကိုလိုက်ပြီး ဆင်မြန်းပါ။

 

ဥပမာ ဖိနပ်ဆို Converse All Star၊ Vans စတာတွေကနေ shoe ပဲရွေးရွေး၊ လည်ရှည်၊ လည်တို Bootတွေပဲ ရွေးရွေး၊ heel စတာတွေကိုပဲ ဝတ်ဝတ်၊ ကြိုးသိုင်းဖိနပ်လေးတွေ ဆိုလည်း ဂျင်းနဲ့ အားလုံးအိုခေပါတယ်။

အိတ်လည်း ဒီအတိုင်းပါပဲ။ ကျောပိုးအိတ်၊ ဘေးအိတ်အရှည်၊ စလင်းဘတ် ကြိုက်ရာသာရွေးပါ။ 

ကဲ ချစ်တို့ရေ ဒီလိုအထာကျတဲ့ jean dress လေးတွေ အနည်းဆုံး တစ်ထည်လောက်တော့ ချစ်တို့ဆီမှာ ရှိသင့်တယ်ဟုတ်။

 ဒီစတိုရီအတွက် ခုကျေးဇူးမတင်နဲ့ဦး။

jean dress လေးဝတ် အပြင်ထွက်ဖြစ်ပြီး စိတ်ကျေနပ်ပြီဆိုမှ ကျေးဇူးတင်နော်။

20638191 1362651960521540 3603178799411488585 n20664786 1362652203854849 4054577190882506123 n20664611 1362652010521535 6058545742195935591 n20768228 1362652237188179 130754754691481380 n

20663674 1362651783854891 5918933392567202119 n20638903 1362651720521564 1602534944963436140 n

20708136 1362651827188220 5351515903797985630 n20770023 1362652277188175 195635396577887296 n

source:i am fashion 

Read 1062 times
Rate this item
(0 votes)