What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Mom Jeans ကို အမိုက်စားဖက်ရှင်မယ်လေးတွေလို ဝတ်ကြမယ်

ဟောလိဝုဒ်ရဲ့ ဖက်ရှင်စတိုင် ရှေ့ပြေးများဖြစ်ကြတဲ့

Selene Gomez, Kendall Jenner တို့ရဲ့ နေ့စဉ်ဖက်ရှင်တွေမှာ အမြဲတမ်းလိုလို တွေ့နေရတဲ့
Mom Jeans တွေကို သူတို့လို ဖက်ရှင်ကျကျလိုက်ဝတ်ဖို့ မခက်ခဲပါဘူးဆိုတာကို ဒီတစ်ပတ်မှာ ပြောပြပေးချင်ပါတယ်။ Mom Jeans တွေရဲ့ အားသာချက်ကတော့ သင့်ကို အရိုးရှင်းဆုံးနဲ့ သက်သောင့်သက်သာ ဖြစ်စေမယ့်အချက်ပါပဲ။Mom Jeans တွေကို ပုံစံတစ်မျိုးတည်း မဟုတ်ဘဲ အရမ်း ပွတာမျိုး၊ Fit ဖြစ်နေတာမျိုးနဲ့ အပြဲတွေ စတဲ့ ဒီဇိုင်းမျိုးစုံ တွေ့ရမှာပါ။ Kendall Jenner, Selena Gomez, နဲ့ Emily Ratajkowski တို့ရဲ့ Mom Jeans တွေကို ဘယ်လို ဖက်ရှင်ကျ အောင် ဝတ်ကြတယ်ဆိုတာကို ကြည့် လိုက်ရအောင်။

Selena Gomez

=================

Mom Jeans ဆိုတာ အားလပ် ရက်နဲ့ပိတ်ရက်တွေမှာ ဝတ်လို့ အကောင်းဆုံးဆိုတာကို Fetishe သီချင်း ရဲ့ အဆိုတော်ဖြစ်ပြီး ဖက်ရှင်ပိုင်းမှာ အပိုအလိုမရှိ ဝတ်ဆင်တတ်သူ Selena Gomez က သက်သေပြ နေပါတယ်။ သူမ ဝတ်ထားတာကတော့ အပေါ်ပိုင်းမှာ Fit ဖြစ်ပြီး အောက်ပိုင်းမှာ အနည်းငယ်ကားသွားတဲ့ Denim အရောင်လွင်လွင် Mom Jeans ဖြစ်ပါတယ်။ Retro ဆန်ဆန် တည်ငြိမ် ရင့်ကျက်ပြီး ချစ်စရာကောင်းတဲ့အသွင်နဲ့ Selena ရဲ့ဖက်ရှင်ဖြစ်ပါတယ်။

Tips - Retro ဆန်တဲ့အသွင်အတွက် ချစ်ဖို့ကောင်းတဲ့ အင်္ကျီလှလှလေးကို ရွေးချယ်တတ်ပါစေနော်။Selena ဝတ်ထားသလို အရမ်းရင့်ကျက်တဲ့ အပျိုကြီးမမအသွင် မဟုတ်ဘဲ ချစ်စရာ ကောင်းတဲ့ပုံစံအတွက် အပေါ်ထပ်အဖြစ် Jean Jacket လေး တစ်ထည်ကို ရွေး ချယ်ပါ။

26994206 1966323086728410 4729773262476091722 n

Emily Ratajkowski

=================

အဖြူရောင်ဂျင်းန်ဘောင်းဘီတွေက ညစ်ပတ်လွယ်တာလေးတစ်ခုတော့အားနည်းချက်ဆိုပေမယ့် သူ့ရဲ့ အားသာချက်ဖြစ်တဲ့ အထာကျမှုကိုတော့ ဖုံးလို့မရပါဘူး။ အသားညိုညိုနဲ့ အားလုံး အားကျစရာ Body ပိုင်ဆိုင်ထားတဲ့ Emily ရဲ့ Mom Jeans ဖက်ရှင်က ခပ်မိုက်မိုက်ကောင်မလေးအသွင်ကို အ ပြည့်အဝ ရရှိစေမှာပါ။ အဖြူပေါ်မှာ အဖြူဆင့်ပြီး Emily က သူမရဲ့ Abs တွေကို ဖော်ပြီး ကြိုးသိုင်းဖိနပ်တစ်ရန်နဲ့ Boyfriend Jeans စတိုင် Mom Jeans နဲ့ ရိုးရှင်းစွာ မိုက်နေတယ်လို့ ပြောရမှာပါ။
Tips- သင်ဟာ မိန်းမသိပ်မဆန်ဘဲ ယောကျာ်းလေးဆန်ဆန် ဝတ်ရတာ သဘောကျသူမျိုးဆိုရင် Emily လို ရွေးချယ်မှုလုပ်တတ်ရမှာပါ။ သူမလို ဗဘျ မရှိလို့ မဝတ်ရဲဘူးဆိုတဲ့သူတွေ အတွက် အပေါ်က ခါးတိုဂျက်ကက်လေး တစ်ထည်နဲ့တွဲဝတ်ပေါ့။

26903730 1966322883395097 3574265191072816782 n

Kendall Jenner

=================

သုံးယောက်လုံးထဲမှာ Kendall ဝတ်ထားတဲ့ Mom Jeans ကတော့ Original အဖြစ်ဆုံးလို့ ပြောရမှာပါ။ တင်ပါးနေရာမှာ အနည်းငယ်ပွပြီး အောက်ပိုင်းကို တဖြည်းဖြည်းစုသွားတဲ့ ဒီဇိုင်းဖြစ်ပြီး ၂၀၁၇ အတွက် ဝင်ငွေအများဆုံးမော်ဒယ်မလေးဖြစ်တဲ့ Kendall တွဲဖက်ထားတဲ့ Fanny Pack လေးက အရင်ခေတ်ဟောင်းရဲ့ အငွေ့အသက်ကို ပြန်လည်သယ်ဆောင် ပေးနေပါတယ်။ အဖြူရောင် Sneakers၊ အဖြူရောင်ပေါ်မှာ အပွင့်လေးတွေ ပါဝင်တဲ့ Turtleneck အင်္ကျီနဲ့ သူမရဲ့ စတိုင်က ယုံကြည်မှုရှိတဲ့ အမျိုးသမီး တစ်ဦးအသွင်ကို အပြည့်အဝပေးနိုင်ပါ တယ်။

Tips - Kendall ရဲ့စတိုင်ကို သဘောကျတယ်ဆိုရင် သင့်ရဲ့ Mom Jeans ကတင်ပါးနေရာမှာ ခပ်ပွပွ ဖြစ်နေဖို့လိုသလို တွဲဖက်မယ့်အင်္ကျီက မိန်းမဆန်တဲ့ ခါးတိုအင်္ကျီအကျပ်ဖြစ်ဖို့ အရေးကြီးပါတယ်။ သူများတွေအမြင်ကို ဂရုမစိုက်တတ်တဲ့ Kendall လို ဖက်ရှင်ကျချင်တယ်ဆိုရင် သင်လည်း အများအမြင်ကို ဘေးဖယ်ထားဖို့ လိုပါတယ်။

26992730 1966322983395087 8429560856784519281 n

source:now

Read 946 times
Rate this item
(0 votes)