What's new

×

Warning

JUser: :_load: Unable to load user with ID: 846


မိန်ရာသီဖွားများ ၀တ်ဆင်သင့်သည့်ဖက်ရှင်များ

မိန်ရာသီဖွားများ ၀တ်ဆင်သင့်သည့်ဖက်ရှင်များ Google

သင်ဟာ ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်းမွေးဖွားခဲ့ရင်တော့ အောက်မှာဖော်ပြထားတဲ့ မိန်ရာသီအထူးဖက်ရှင် အကြံပြုချက်များကသင့်ကိုအလန်းဆုံးဖြစ်အောင်အထောက်အကူပြုပေးမှာပါ။

မိန်ရာသီဖွားတွေဟာများသောအားဖြင့် Bohemian ဖက်ရှင်နှင့် လိုက်ဖက်တယ်ဟုပြောကြပါတယ်။

တကယ်တော့မိန်ရာသီဖွားတွေဟာ နူးနူးညံ့ညံ့ဆွဲဆောင်မှုအားကောင်းတဲ့ ဖက်ရှင်နှင့် အလိုက်ဖက်ဆုံးဖြစ်ပါတယ်။

ထို့ပြင်မိန်ရာသီဖွားများ၏ ဓလေ့စရိုက်အရသူတို့အတွက် သက်သောင့်သက်သာရှိစေမည့် ဖက်ရှင်များကိုသာရွေးချယ်တတ်ကြပါတယ်။

စကတ်ရှည်ရှည်ပွပွ၊ ဘောင်းဘီပွပွ နှင့် ရှပ်အကျီပွပွတို့ကမိန်ရာသီဖွားတွေနှစ်ခြိုက်တဲ့ ဒီဇိုင်းဆိုရင်လည်းမမှားပါဘူး။

သို့သော်လည်းမိန်ရာသီဖွားတွေဟာသက်သောင့်သက်သာဖြစ်စေတဲ့အကျီမျိုးကိုပဲအမြဲရွေးချယ်လားဆိုတော့လည်းမဟုတ်ပြန်ပါဘူး။

ပွဲတက်dinnerပါတီသွားရမည့် နေရာများတွင်လည်းနေရာဒေသနှင့် အလိုက် ရွေးချယ်ဝတ်ဆင်တတ်ပါတယ်။

ခြေချောင်းမှာစွတ်တဲ့ကွင်းလေးတွေ၊ ချက်မှာတက်တဲ့ကွင်းတွေနှင့် နှာခေါင်းမှာတပ်တဲ့ Septum တွေကိုလည်းသဘောကျပါတယ်။

ထို့ပြင် ကာလာဆန်းဆန်း Maxi Dress တွေ၊ ပိုးကတ္တီပါအကျတွေကလည်း မိန်ရာသီဖွားများအတွက် လိုက်ဖက်လွန်းလှပါတယ်။

မိန်ရာသီဖွားတွေဟာ မူရင်းရုပ်မှာတင် ဆွဲဆောင်မှုအားကောင်းတာကြောင့် အရမ်း sexy ဖြစ်စေမယ့် ဟော့လွန်းတဲ့ ဒီဇိုင်းတွေ မ၀တ်သင့်ကြောင်းကို အကြံပြုလိုက်ပါတယ်။

မိန်းကလေးအားလုံး ဖက်ရှင်ကျကျ လှပနိုင်ကြပါစေ ……

Source: My Yangon

Read 3653 times
Rate this item
(0 votes)