What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗိုက်မှာအဆီတွေစုနေတယ်လို့ထင်ရတဲ့ ပျိုမေတို့အတွက်ဖက်ရှင်ကျအောင် ဝတ်ဆင်နည်းလေး

ဗိုက်မှာအဆီတွေစုနေတယ်လို့ထင်ရတဲ့ ပျိုမေတို့အတွက်ဖက်ရှင်ကျအောင် ဝတ်ဆင်နည်းလေး google

        တစ်ကိုယ်လုံးက အဆီတွေ ဗိုက်မှာပဲ စုနေတယ်လို့ ထင်ရတဲ့ ပျိုမေလေးတွေအတွက် ဖက်ရှင်ကျအောင် ၀တ်ဆင်နည်းလေးတွေကို ပြောပြချင်ပါတယ်နော်။

(၁) crop top အကြပ်တွေ ရှောင်ပါ

        အထူးသဖြင့် ဗိုက်သားဖော်ပြီး ၀တ်ရတဲ့ crop top အကြပ်တွေကို မ၀တ်သင့်ပါဘူး။ ချည်သားပွပွ အင်္ကျီတွေကို ဂျင်းဘောင်းဘီထဲ ထည့်ဝတ်တာမျိုးဆို လုံးဝအဆင်ပြေပြီး မိုက်နေမှာပါ။ ဂျင်းဘောင်းဘီ ရွေးရာမှာလည်း middle waist ကိုရွေးပါ။ low waist ကို မရွေးပါနဲ့။

(၂) အပေါ်ဝတ် အင်္ကျီအရှည် ဒါမှမဟုတ် Jacket တွေကို ရွေးပါ

        အပေါ်ဝတ်တွေက အထာလည်း ကျသလို ဗိုက်နေရာကို လူတွေ သတိမထားမိအောင် အာရုံပြောင်းပေးနိုင်စွမ်း ရှိပါတယ်

(၃) အရောင်စပ် ချုပ်ထားတဲ့ ၀တ်စုံတွေ

        အရောင်နုနဲ့ အရောင်ရင့် တွဲစပ်ထားတဲ့ ၀တ်စုံတွေက အမြင်အာရုံကို လှည့်စားနိုင်ပြီး မလှတဲ့ နေရာတွေကို ဖုံးကွယ်ပေးထားနိုင်ပါတယ်။


(၄) အပြားကြီးကြီး ခါးပတ်တွေပတ်ပါ


        ခါးပတ် အပြားကြီးကြီးတွေက ဗိုက်ကအဆီတွေကို လုံးဝ ဖုံးကွယ်ထားနိုင်ပြီး ဖက်ရှင်ကျဖို့လည်း အထောက်အပံ့ဖြစ်မှာ သေချာပါတယ်။

(၅) အတွန့်အထပ် ပါတာကို ရွေးပါ

        ချစ်စရာလည်းကောင်းပြီး မလှတာတွေကိုလည်း လုံးဝ သတိထားမိမှာ မဟုတ်တော့ပါဘူး။

(၆) အရောင်ရင့်ဝတ်စုံတွေ

        အရောင်နုနုတွေက ခန္ဓာကိုယ်ရဲ့ လှတာတွေကို ပေါ်လွင်စေတယ် ဆိုပေမယ့် မလှတာတွေကိုပါ ပေါ်လွင်စေတာမို့ ရှောင်ပါ။ အရောင်ရင့်ရင့်တွေကို ရွေးမယ်ဆိုရင် အထက်အောင် ပြောင် one set ၀တ်မယ် ဆိုရင်တောင် ကြည့်ကောင်းနေမှာပါ။

Source:Aunty May

Read 1379 times
Rate this item
(0 votes)