What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပျိုမေတို့အနေနဲ့ အမြဲတမ်းလှပစေဖို့ ရှိထားသင့်တဲ့ ဖိနပ်များ

တချို့မိန်းကလေးတွေဟာ ဖိနပ်ဆိုရင် အများကြီးတွေဝယ်စုတာ ၀ါသနာပါတတ်ကြပါတယ်။ တချို့တွေကျတော့ ဖိနပ်အပါးလေးပဲစီးတာတွေလည်း ရှိပါတယ်။ ကိုယ်ကမကြိုက်လို့မစီးတာမှန်ပေမယ့်လည်း သူ့နေရာနဲ့သူတော့ လိုက်ဖက်အောင်စီးတတ်ဖို့လိုတာပေါ့။ ကိုယ်ဝတ်မယ့်အ၀တ်အစားနဲ့လည်း ဖက်ရှင်ကျပြီးလှပနေအောင် စီးတတ်ဖို့လိုသေးတယ်နော်။ ဒါကြောင့် မစီးချင်ရင်တောင် သွားစရာပေါ်လာတဲ့အခါမှာ ထုတ်စီးလို့ရအောင် မိန်းကလေးတိုင်းမှာရှိထားသင့်တဲ့ဖိနပ်တွေနဲ့ ဆောင်ထားသင့်တဲ့ဖိနပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Ballet Flats

ballent flat min

ဒီဖိနပ်လေးတွေဟာ စီးရတာပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းစေလို့ မိန်းကလေးတိုင်းမှာ ရှိထားသင့်ပါတယ်။ ထသွားထလာစီးသွားလို့လည်းရသလို၊ ရုံးသွားရင်လည်းစီးသွားလို့ အရမ်းအဆင်ပြေပါတယ်။

Loafer Shoes

Loafer Shoes min

ဒါလေးကတော့ ပထမတစ်ခုလိုပဲ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ပါတယ်။ ဒီဇိုင်းလေးတွေကလည်း ကြည့်လိုက်တာနဲ့ ချစ်စရာကောင်းလို့ မိန်းကလေးတိုင်းမှာ ရှိထားသင့်ပါတယ်။ Ballet Flats ထက်စာရင်တော့ ဒီ Loafer Shoes လေးက ပိုပြီးပွဲတိုးတာပေါ့။

Pointed Toe Pumps

Pointed Toe Pumps min

မိန်းကလေးတိုင်းမှာ ဒီလို Pointed Toe Pumps လေးတွေကလည်း ရှိထားသင့်ပါတယ်နော်။ ပွဲတွေသွားတဲ့အခါမျိုးမှာဆို ဒီဖိနပ်လေးတွေက အရမ်းလိုအပ်ပါတယ်။ ဒီဖိနပ်လေးဝယ်မယ်ဆိုရင်တော့ ဘယ်လိုဖက်ရှင်ကာလာမျိုးနဲ့မဆို လိုက်ဖက်မှုရှိစေတဲ့ အနက်ရောင် (သို့) Nude ကာလာလေးကိုပဲ ရွေးချယ်ပေးပါ။

Pencil Heels

Pencil Heels min

Pencil Heels ကလည်း လိုပါတယ်နော်။ Pointed Toe Pumps လေးက ထိပ်ပိုင်းအပိတ်လေးပါ။ သူကတော့ အပြင်သွားတဲ့အခါမျိုးမှာလည်း စီးချင်စီးသွားလိုရတဲ့ Pencil Heels လေးပါ။ ပွဲသွားတဲ့အခါမှာလည်း စီးသွားလို့ရသလို မြန်မာဝတ်စုံလေးတွေနဲ့ဆိုလည်း လိုက်ဖက်ပါတယ်။

Ankle Strap Sandals

Ankle Strap Sandals min

ဖိနပ်အမြင့်သိပ်မစီးရဲတဲ့သူတွေမှာဆိုရင် ဒီ Ankle Strap Sandals လေးက ရှိထားသင့်ပါတယ်။ သူကျတော့ ထသွားထလာလည်း စီးသွားရတာအဆင်ပြေတယ်လေ။

Wedges

Wedges min

ဒီ Wedges ဖိနပ်လေးကတော့ ဂါဝန်၊ စကပ်၊ ထဘီလေးတွေနဲ့ လိုက်ဖက်တဲ့ဖိနပ်လေးဖြစ်လို့ မိန်းကလေးတစ်ယောက်မှာ ရှိထားသင့်တဲ့ဖိနပ်လေးလို့ ပြောရမှာပါ။

ကိုရီးယားမှာ ခေတ်စားနေတဲ့ ဖက်ရှင်စတိုင်တွေ

Oxford Shoe

Oxford Shoe min

ဘောင်းဘီတွေနဲ့ပဲဝတ်ဝတ်၊ စကပ်တွေ၊ ဂါဝန်တွေနဲ့ပဲဝတ်ဝတ် အထာလည်းကျစေသလို ချစ်စရာလည်းကောင်းစေတဲ့ ဒီ Oxford Shoe လေးကို ၀ယ်ထားသင့်ပါတယ်။

 

Source:my news

Read 1173 times
Rate this item
(1 Vote)