What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရာသီနဲ့အလိုက်ဖက်ဆုံး ဖလန်နယ်အကွက်လေးတွေ၊ ရှပ်အကွက်ကလေးတွေ

ကဲ ဒီနေ့အတွက်တော့ ဒီရာသီနဲ့အလိုက်ဖက်ဆုံး ဖလန်နယ်အကွက်လေးတွေ၊ ရှပ်အကွက်ကလေးတွေဘက် လှည့်လိုက်ကြရအောင်ဗျို့။ မေသော်ကတော့ ဖလန်နယ်အကွက်လေးတွေဆိုရင် အရူးအမူးကို ကြိုက်တာ။ နွေ၊ မိုး ရော ဆောင်းရော ရာသီတိုင်းလည်း ၀တ်ဖြစ်တယ်။ ဒီရာသီကတော့ ပိုဝတ်လို့ကောင်းတာပေါ့နော်။ ကိုယ့်လိုပဲ ဖလန်နယ် ချစ်တဲ့ ပျိုမေတွေ ဆောင်းတွင်းဖက်ရှင်၊ ဆောင်းတွင်းဖက်ရှင်လို့ အသည်းအသန်အော်နေပြီး ကိုယ့်ဗီရိုထဲမှာ ရှိနေပြီးသား ဖလန်နယ်အကွက်ကလေးတွေကို ၀တ်ဖို့မေ့နေတဲ့ပျိုမေတွေအတွက် ဒီ စတိုရီလေးရေးပြီး သတိပေးလိုက်ရပါတယ်ဗျို့။

ဖလန်နယ်/ရှပ်အကွက်ကလေးတွေက ကြည့်လိုက်တာနဲ့ လူငယ်ဆန်ပြီး ပေါ့ပါးတယ်။ အရွယ်မရွေး ၀တ်နိုင်တယ်။ နောက် အားသာချက်က အတင်းကြီး ဖက်ရှင်ကျအောင် အားထုတ်စရာမလိုပဲ ၀တ်လိုက်တာနဲ့သူ့အလိုလို မိုက်ပြီးသား ဖြစ်နေတဲ့ အချက်ပဲ။ ချစ်တို့ဆီမှာ အကွက်တစ်ထည်လောက်ပဲရှိ၊ သူ့ကိုမျိုးစုံ ၀တ်နိုင်တယ်။

(၁) ဖလန်နယ်အကွက်လေးတွေ၊ ရှပ်အကွက်လေးတွေကို အားလုံးသိတဲ့အတိုင်း အပေါ်တစ်ထပ်အဖြစ် တီရှပ်၊ tank top၊ ကြိုးတစ်ချောင်း၊ Graphic Tee စတာတွေရဲ့အပေါ်မှာ အလွယ်တကူ ထပ်ဝတ်နိုင်တယ်။ အောက်က ဘောင်းဘီရှည်နဲ့ သွားမလား၊ ဒါမှမဟုတ် ဘောင်းဘီတိုနဲ့တွဲမလား ၊ အားလုံးအဆင်ပြေပြီးသားပဲ။ ဟိုးလွန်ခဲ့တဲ့ခြောက်နှစ်၊ ခုနှစ်နှစ်လောက် ကတည်းက ခေတ်စားပြီးသားပုံစံ tank top ကို ဘောင်းဘီတိုထဲထည့်ဝတ်ပြီး အပေါ်က ဖလန်နယ်ပြန်ထပ်ဝတ်တဲ့ စတိုင်လ်က ခုထိကို ရိုးမသွားသေးတာ သတိထားမိတယ်။

(၂) အကွက်ကို တစ်ထပ်တည်းဝတ်ပြီး အောက်ဆုံးကြယ်သီးနှစ်လုံးလောက် ဖြုတ် ၊ အစကို ချည်ဝတ်တာလည်း မိုက်တာပဲ။ အောက်ကလည်း ဘောင်းဘီတိုနဲ့ဖြစ်ဖြစ်၊ ဘောင်းဘီရှည်နဲ့ဖြစ်ဖြစ် အဆင်ပြေပါတယ်နော်။

(၃) နောက်တစ်မျိုးက ကိုယ့်မှာ wasit coat၊ leather jacket၊ ဆွယ်တာတွေ ရှိတယ်ဆိုရင် ဖလန်နယ်အကွက်ကို အရင်ဝတ်လိုက် ပြီးတာနဲ့waist coat၊leather jacket၊ ဆွယ်တာစတာတွေ ထပ်ဝတ်တာကလည်း ဒီဆောင်းတွင်းနဲ့ဆို ကွက်တိပါပဲ။

(၄) ရှပ်အကွက်တွေကို ဒူးလောက်ရှည်တဲ့ dress မျိုးပေါ်က ထပ်ဝတ်ရင်လည်း မိုက်ပါတယ်။ အဆင်တန်ဆာအဖြစ် ဦးထုပ်လေးပါရင် ပိုကောင်းသေး။

(၅) ဖလန်နယ်အကွက်တွေကို အောက်က ဗြောင်တီရှပ်လေးတွေနဲ့ ၀တ်နိုင်သလို အစင်းတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်တာ အောက်ကပုံတွေမှာ ကြည့်ရင်သိပါလိမ့်မယ်။ နောက် ဖလန်နယ်တွေနဲ့ တွဲဖက်ပြီး စီးရမယ့် ဖိနပ်တွေက sneaker၊ boot၊ underground boot တွေကနေ သူနဲ့ တွဲဝတ်မယ့်အ၀တ်အစားပေါ် မူတည်ပြီး heel တွေအထိ ရွေးချယ်နိုင်ပါတယ်။

ကဲအကွက်ချစ်သူတွေ အားလုံးအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 

source: i am fashion

Read 863 times
Rate this item
(0 votes)