What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Supersize ကနေ mini size အထိ လွယ်သင့်တဲ့ Hot အဖြစ်ဆုံး အိတ်များ

Hollywood Star လောကမှာ Alex၊ Cara၊ Drew တို့လို ကိုယ့်နာမည်နဲ့ အိတ်တစ်လုံးထွက်လာလို့ကတော့ အရမ်းကိုအောင်မြင်နေပြီလို့ ဆိုလို့ရပါပြီ။

တကယ်လို့ သင့်နာမည်တွေကို ငွေကြယ်ပွင့်တွေလို Micheal Kors တို့ Marc Jacobs တို့က နောက်ဆုံးပေါ်အိတ်တွေမှာ ယူမသုံးဘူးဆိုရင်လည်း ခေတ်စားတဲ့ အိတ်တွေနဲ့ အတူလန်းလို့လည်းရပါသေးတယ်။အရမ်းကြီးတဲ့ Supersize လို အိတ်မျိုးတွေနဲ့ Micro Mini လို အိတ်သေးသေးလေးတွေကတော့ ခေတ်စားတဲ့ အိတ်အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ သင့်ရဲ့ Wishlist ထဲထည့်ရမယ့် အိတ်တွေကို ကြည့်လိုက်ရအောင်လား။

4 min

5 min

Alexander Wang ဖန်တီးထားတဲ့ ဒေါ်လာ ၁ဝဝတန် ပုံစံအိတ်

celine min

Lemaire ရဲ့ ၁၉၇၀ အငွေ့အသက်တွေ လွှမ်းခြုံထားပြီး ပုတီးစေ့တွေနဲ့ ပြုလုပ်ထားတဲ့ အနုပညာဆန်ဆန် ဘေးလွယ်အိတ်ကတော့ ပေါ့ပေါ့ပါးပါး ထသွားထလာအတွက် လွယ်ဖို့ အသင့်တော်ဆုံးပါပဲ။ Oversize အိတ်ကြီးတစ်လုံးနဲ့ ကြိုးအမွှားမွှားတွေဟာလည်း Cèline ရဲ့ ဖက်ရှင်ကျတဲ့ Accessoriesတွေပေါ့။ပြီးတော့ ညိုဝါရောင် မှိန်မှိန်လေးတွေကိုလည်း လူတိုင်းက ကြိုက်ကြတယ်လေ။ဒီရာသီမှာတော့ Loewe ရဲ့ Laptop ပါဆန့်တဲ့အသားပျော့ပျော့ Clutch တွေနဲ့တခြား Clutch တွေကိုပါ ဆိုဒ်ကြီးတွေ အနေနဲ့ ထုတ်လာကြတာကို တွေ့ရမှာပါ။

2 min

3 min

6 min

ပဲစေ့တွေ အစာသွပ်ထားတဲ့ ပျော့စိပျော့စိနဲ့ ထိုင်ခုံအနီလိုမျိုး ဆိုဒ်ခပ်ကြီးကြီး အရောင်တောက်တောက်နဲ့ Balenciaga ရဲ့ ခပ်ဝိုင်းဝိုင်း ချယ်ရီသီးရောင်အနီရဲတောက်နေတဲ့ဇစ်နဲ့ အိတ်တွေကလည်း ခေတ်စားနေပါသေးတယ်။ Chocolateရောင်နဲ့ ရွှေအိုရောင်ဆန်ဆန် လက်ကိုင်ကွင်းတို့လို ခလုတ်တို့လို့ Hardware တွေနဲ့ အလှဆင်ထားတဲ့ အိတ်တွေကတော့ Stella Mc Cartneyရဲ့ ပေါ်ပြူလာဖြစ်နေတဲ့ အိတ်တွေကလည်း Trend တစ်ခုပါပဲ။ဒီအိတ်တွေကကျ ဘယ် Seasonနဲ့ မဆိုလိုက်ပြီး Luxuryဆန်ဆန် စတိုင်လ်ကျစေတယ်လေ။ Marni ရဲ့ပုံစံခွက်ထဲ မရှိဘဲ လက်ကောက်ဝတ်မှာပဲ ချိတ်ကိုင်ရတဲ့ အိတ်လေးတွေကတော့ Cord Ties တွေကြောင့် မျက်စိကျစရာဖြစ်နေရပါတယ်။

1 min
အိတ်အကြီးတွေ ခေတ်စားနေပေမယ့်လည်း အိတ်သေးသေးလေးတွေကို မေ့ထားလို့ မရပြန်ပါဘူး။ဟိုအရင်တလောကမှ Kim Kardashian ကိုလည်း Hermèsရဲ့ Mini Size Bagနဲ့ အတူ သူ့အမေ Kris Jenner ၊Kortney တို့နဲ့ အတူ Calabasas,California မှာ တွေ့ခဲ့ရပါသေးတယ်။ Mini Kelly ဟာဆိုရင်လည်း သေးသေးကွေးကွေးနဲ့ Runwayပေါ်မှာ ခေတ်စားလာတာကို တွေ့ရမှာဖြစ်ပါတယ်။ပြီးတော့ Chloè ရဲ့ Midnight Blue ကနေ ပြောင်းလိုက်တဲ့ ပိုက်ဆံထည့်တဲ့အိတ်ဆိုဒ်၊တံခါးလက်ကိုင်ကွင်းလိုမျိုးကို ရွှေရောင်အိတ် လက်ကိုင်ထားတဲ့အဖြစ် ဖန်တီးထားတဲ့ အိတ်ဟာလည်း Hit ဖြစ်လို့နေပါတယ်။ Streetstyle တွေနဲ့ကျတော့ Fendi ရဲ့ ရောင်စုံလက်မှုပညာ ဆန်ဆန်ထွင်းထားတဲ့ Doll-size LadyBag ရယ် Fluppy plus one ဆိုတဲ့ အမွှေးလုံး Bag Charm လေးတွေက အလိုက်ဖက်ဆုံးပဲပေါ့။

 

Source:moda

Read 944 times
Rate this item
(1 Vote)