What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နေ့စဉ်ဝတ်နေကျဖက်ရှင်တွေကို နဂိုကထက်ပိုမိုက်သွားအောင် ဝတ်ကြမယ်

နေ့စဉ်ဝတ်နေကျဖက်ရှင်တွေကို နဂိုကထက်ပိုမိုက်သွားအောင် ဝတ်ကြမယ် Google

        ပျိုမေတို့ နေ့စဉ်ဖက်ရှင်လေးတွေ ရွေးချယ်ကြတဲ့အခါ ကိုယ့်ကို နဂိုထက် ပိုလှသွားစေတာမျိုးကိုပဲ ရွေးချယ်ကြတာပါ။ ဒါပေမယ့် ကိုယ်ရွေးချယ်လိုက်တဲ့ ဖက်ရှင်လေးတွေက ၀တ်ဆင်ပုံနည်းနည်းလေးလွဲသွားတာနဲ့ မလှမပပုံစံလေးတွေဖြစ်သွားတတ်စေပါတယ်။ ဒါကြောင့် နေ့စဉ်ဝတ်နေကျ ၀တ်စုံလေးတွေကိုပဲ ပိုစမတ်ကျလှပအောင်၊ အရပ်ရှည်ရှည်သွယ်သွယ်လေးလို့ ထင်ရအောင် တွဲစပ်ဝတ်ဆင်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဂျင်းစကတ်ဝတ်တဲ့အခါ
        ဂျင်းစကတ်ဖက်ရှင်ကိုရွေးထားပြီဆိုရင် အင်္ကျီကို crop top ဒါမှမဟုတ် ခါးတိုတာလေးရွေးပါ။ ခါးရှည်အင်္ကျီနဲ့ဝတ်မယ်ဆိုရင်လည်း အင်္ကျီကို စကတ်အတွင်းထဲထည့်ဝတ်ပါ။

crop

 

(၂) ခါးပတ်နဲ့ကြိုးသိုင်းဖိနပ်
        ဂါဝန်အရှည်ကို ခါးပတ်နဲ့တွဲဝတ်တဲ့အခါ ကြိုးသိုင်းဖိနပ် အရောင်ရင့်ကိုမရွေးချယ်ပါနဲ့။ ခါးပတ်လည်းပတ်ထားပြီး ကြိုးသိုင်းဖိနပ်ကလည်းအရောင်ရင့်နေရင် ခန္ဓာကိုယ်ကိုအပိုင်းပိုင်းခွဲလိုက်သလိုဖြစ်စေပြီး အရပ်ပုတဲ့ပုံစံ ဖြစ်စေပါတယ်။ ဒါကြောင့် ဖိနပ်ကိုအရောင်နုတာလေးတွေရွေးပါ။

nude

 

(၃) ဂျက်ကက်ဝတ်တဲ့အခါ
        ဂျက်ကက်ရွေးချယ်မှု မှားနေရင် ကိုယ့်ရဲ့နဂိုဖက်ရှင်ကိုတောင် ပျက်စီးသွားစေနိုင်ပါတယ်။ ဒါကြောင့် ဂျက်ကက်ဝတ်မယ်ဆိုရင် လိုက်ဖက်တဲ့အတွဲအစပ်ဖြစ်မဖြစ် သေချာကြည့်ပြီးမှ ၀တ်သွားပါနော်။

jacket

 

(၄) အပေါ်ဝတ်ရွေးရင်
        အပေါ်ဝတ်အင်္ကျီရွေးတဲ့အခါမှာလည်း အတွင်းက၀တ်ထားတဲ့အင်္ကျီနဲ့အရောင်တူ အပေါ်ဝတ်တွေက ခန္ဓာကိုယ်အလှကိုဖုံးလွှမ်းစေတာကြောင့် မရွေးချယ်သင့်ပါဘူး။ ခန္ဓာကိုယ်ကောက်ကြောင်းအလှကိုပေါ်လွင်စေတဲ့ အပေါ်ဝတ်အင်္ကျီလေးတွေကို ရွေးချယ်ဝတ်ဆင်ပါ။

up

 

(၅) Dress ၀တ်ရင်
        မိန်းကလေးဆန်တဲ့ dress လေးတွေဝတ်တဲ့အခါမှာလည်း ခန္ဓာကိုယ်ကောက်ကြောင်းအလှကိုဖုံးလွှမ်းစေတဲ့ dress မျိုးထက် ကောက်ကြောင်းအလှကိုပေါ်လွင်စေတဲ့ dress လေးတွေကို ရွေးချယ်ပါ။

dress

 

(၆) အရောင်တွဲစပ်မှု
        အပေါ်ပိုင်းနဲ့အောက်ပိုင်းကို မတူတဲ့အရောင်နှစ်မျိုးကိုတွဲဝတ်တာက ခပ်မိုက်မိုက်လေးနဲ့ အထာကျပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်လိုက်သလိုဖြစ်ပြီး အရပ်ရှည်တဲ့သူကိုတောင် အရပ်ပုသွားသလိုဖြစ်စေတာကြောင့် အရောင်သိပ်မကွာတဲ့ဖက်ရှင်လေးတွေကိုဝတ်ဆင်ပါ။

diff

 

(၇) ဂျင်းဘောင်းဘီနဲ့ဆိုရင်
        ဂျင်းဘောင်းဘီဝတ်တဲ့အခါ ခါးမြှင့်ဂျင်းဘောင်းဘီ၊ ဒါမှမဟုတ် ခါးအတိဂျင်းဘောင်းဘီနဲ့ crop top နဲ့တွဲဝတ်တာက အရပ်ရှည်ပြီး သွယ်လျတဲ့ပုံစံမျိုးဖြစ်စေပါတယ်။

jean

 

Source: Aunty May

Read 3280 times
Rate this item
(0 votes)
Tagged under