What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂၀၁၈ အတွက် သင့်ဗီရိုထဲမှာ ရှိနေရမယ့် ပစ္စည်း ၁၀ မျိုး

၂၀၁၈ ရောက်ပြီဆိုတော့ စိတ်သစ် လူသစ်၊ Goals အသစ်တွေနဲ့ လန်းဆန်းတက်ြွကနေကြမယ်လို့ ယုံကြည်ပါတယ်။ Goals အသစ်တွေ လည်း ရှိကြသလို တစ်နှစ်ပတ်လုံးမှာ နေ့စဉ်ဖက်ရှင်အတွက် ဝတ်စရာမရှိ မဖြစ်ရလေအောင် အခြေခံကျတဲ့ ဖက်ရှင်ပစ္စည်းလေးတွေကို ကြိုတင် ပြင်ဆင် ထားကြရင် ကောင်းတာပေါ့ နော်။ ၂၀၁၈ အတွက် သင့်ဗီရိုထဲမှာ မရှိမဖြစ် ဆောင်ထားရမယ့် ပစ္စည်း ၁၀ မျိုးကို တင်ဆက်ပေးလိုက်တဲ့အတွက် ပျိုမေတို့ ကျေနပ်ကြလိမ့်မယ်လို့ မျှော် လင့်ပါတယ်။

1. Perfect White Tee

လူတိုင်းမှာ အဖြူရောင်တီရှပ် တစ်ထည်စီတော့ ပိုင်ဆိုင်ထားကြမယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် နှစ်သစ်မှာ တော့ ပြီးခဲ့တဲ့တစ်နှစ်လုံးက ဝတ်ခဲ့တဲ့ အဖြူရောင်တီရှပ်ကို ပြန်ဝတ်နေဦးမှာပဲ လား။ ဖြစ်နိုင်မယ်ဆိုရင် ကွာလတီ ကောင်းကောင်းနဲ့ ဈေးနှုန်းသင့်တင့်တဲ့ မြညေိနိ ထဲကနေ အသစ်ရွေးဝယ်ဖို့ တိုက်တွန်းချင်ပါတယ်။ တစ်နှစ်တာလုံး အတွက် အမြဲအသုံးဝင်နေမယ့်အရာ ဖြစ်တဲ့အတွက် အခုလို ရင်းနှီးမြုပ်နှံမှု ကတော့ လုပ်ကို လုပ်သင့်ပါတယ်နော်။

2. Sunglasses

အစိုးမရတဲ့ ရန်ကုန်ရဲ့ရာသီဥတုမှာ အလုပ်တက်၊ ကျောင်းတက်အချိန်တွေ အတွက် ဆွယ်တာပါးလေးတစ်ထည် ကတော့ ဆောင်ထားရမယ့်အရာထဲမှာ တစ်ခုအပါအဝင်ပေါ့။ အနည်းငယ် အေးတဲ့အခုလိုအချိန်မျိုးအတွက် ဆွယ်တာအထူတွေက အဆင်ပြေပေ မယ့် တစ်နှစ်ပတ်လုံးအတွက်ဆိုရင်တော့ ဆွယ်တာပါးလေးတွေကသာ အသင့် တော်ဆုံးပါ။

3. Lightweight Sweater 
သူငယ်ချင်းတွေနဲ့အပြင်ထွက်တာက စလို့ ခရီးသွားတဲ့အချိန်မျိုးတွေအထိ နေကာမျက်မှန်တွေက စတိုင်ကျဖို့ အကူအညီပေးနိုင်ဆုံးပစ္စည်းတစ်ခုပါ။နေကာမျက်မှန်ဝယ်မယ်ဆိုရင် ပိုက်ဆံ မနှမြောဘဲ တံဆိပ်ကောင်းကောင်းထဲက ရွေးဝယ်ပါ။ တစ်သက်လုံး သိမ်းထားလို့ အသုံးဝင်တဲ့ပစ္စည်းမို့ ဘယ်တော့မှ မရိုးသွားမယ့်ဒီဇိုင်းတွေကို ရွေးချယ်ပါ။ လတ်တလော ခေတ်စားနေတာကတော့ ဠငညအေါန စတိုင် မျက်မှန်တွေပါနော်။

4. Ankle Boots
ှSneakers တွေက အားလုံးမှာ ရှိပြီးသားမို့ Ankle Boots လေး ပြောင်းစီးကြရင် မကောင်းဘူးလားဆိုတဲ့ အတွေးလေး ဝင်မိပါတယ်။ ဘောင်းဘီ၊ စကတ်၊ ဂါဝန်နဲ့ ဘယ်လိုဖက်ရှင်မျိုးကို မဆို အဆင့်မြှင့်တင်ပေးမယ့် Ankle Boots လေးတွေရဲ့ အံ့ဩစရာအစွမ်းကို ကိုယ်တိုင် လက်တွေ့စီးကြည့်မှ သိနိုင် မှာမို့ တစ်ရန်လောက် မဝယ်ထားရင် နောင်တရနေရလိမ့်မယ်နော်။

5. Black Pumps
အနက်ရောင် Pumps တွေရဲ့ အားသာချက်က ဘာလဲဆိုတော့ Casual လား၊ Formal လား၊ ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် မရိုးသွားတဲ့ ဖက်ရှင်ခံစားမှုကို ပေးနိုင်မယ့် ကယ်တင် ရှင်ပါ။

6. Cross Bag 
နိုင်ငံခြားက ခေတ်ရှေ့ပြေး ဖက်ရှင် မယ်တွေလို မြန်မာနိုင်ငံမှာက BeltBag တွေလွယ်ဖို့ သိပ်မဝံ့ရဲကြသေးဘူးထင် ပါတယ်။ နောက်ထပ် ဘယ်တော့ သေဆုံးသွားမလဲမသိနိုင်တဲ့ ဒီရေစီး ကြောင်းနောက် လိုက်မယ့်အစား အမြဲတမ်းအတွက် သင့်တော်တဲ့ Cross Bag လေးကို ဆောင်ထားတာက ပိုပြီး အကျိုးရှိတယ်လို့ မြင်ပါတယ်။

7. Leather Jacket 
ထွေထွေထူးထူး ရှင်းပြစရာမလိုတဲ့ Leather jacket တွေက ဘယ်လို စတိုင်ကိုမဆို အထာကျအောင် ဖန်တီး ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ ဒါကြောင့် ၂၀၁၈ အတွက် သင့်ဗီရိုထဲမှာ Leather Jacket မရှိသေးဘူးဆိုရင် မဖြစ်ဘူး နော်။

8. Watch
တခြား Accessories တွေ မဝတ်ဖြစ်ဘူးဆိုရင်တောင် နာရီလေး တစ်လုံးလောက်ကတော့ ဆောင်ထား သင့်ပါတယ်နော်။ မိန်းကလေးဆန်ပြီး ကျောက်တွေ၊ Accessories တွေ အများကြီးနဲ့ နာရီတွေအစား ယောကျာ်း လေးနာရီဒီဇိုင်းတွေကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ ရိုးရိုးရှင်းရှင်း နာရီတစ်လုံးက သင့်ဖက်ရှင်ကို ပံ့ပိုးမှု တစ်ခုပေးနိုင်မှာ အမှန်ပါပဲ။

9. Warp Dress 
ပွဲတက်ဖို့ အရေးကြုံလာတဲ့အခါ ဂါဝန်တစ်ထည်ရဲ့ တန်ဖိုးက အရမ်း သိသာပါတယ်။ တစ်ခါတလေ ဘာဝတ်ရမှန်းမသိဖြစ်တဲ့အချိန်တွေမှာ ဂါဝန်တွေက ကျွန်မတို့အားလုံးရဲ့ နေ့စဉ် ဘဝမှာ အရေးပါလှပါတယ်။ Little Black Dress ရဲ့ ရိုးရှင်းတဲ့ ရွေးချယ်မှုကို ခဏလောက် ဘေးဖယ် ထားပြီး မိန်းကလေးဆန်ပြီး တည်ငြိမ်တဲ့ အလှကို ရရှိဖို့ Wrap Dress လေးတွေကို ဦးစားပေးကြရအောင်။

10. Black Skinny Jeans
လူတိုင်းကိုယ်စီမှာ အနက်ရောင် Skinny Jeans တစ်ထည်တော့ ရှိကြပါတယ်။ ဒါပေမယ့် အနက်ရောင် တွေရဲ့ အရောင်မွဲသွားတတ်တဲ့ ထုံးစံ ကြောင့် အသစ်ပြန်ဝယ်ဖို့ ပြောရတာပါ။ ဖြဲထားတဲ့ဂျင်းန်တွေက ဘယ်အချိန် ဟောင်းသွားမလဲမသိနိုင်တာမို့ အသစ် ပြန်ဝယ်တဲ့အခါမှာ ရိုးရှင်းတဲ့ဒီဇိုင်းတွေပဲ ရွေးဝယ်ပါ။ အပြဲဒီဇိုင်းတွေလိုချင်တယ် ဆိုရင် ကိုယ့်မှာရှိပြီးသား အဟောင်းကို ဖြဲပြီး ဝတ်လို့ရတယ်လေ။ အင်တာနက် ပေါ်မှာ ဂျင်းန်တွေဘယ်လိုဖြဲရတယ် ဆိုတာ အများကြီးရှာလို့ရပါတယ်နော်။

source:now

 

Read 1002 times
Rate this item
(0 votes)