What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝဝပြည့်ပြည့် ကောင်မလေးတွေကို ပိန်တယ်လို့ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ဖက်ရှင်

ဝဝပြည့်ပြည့် ကောင်မလေးတွေကို ပိန်တယ်လို့ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ဖက်ရှင် google

ကိုယ်က ခန္ဓာကိုယ် အချိုးအစား ကြီးနေလို့ပဲဖြစ်ဖြစ်၊ ရှိသင့်တဲ့ အရွယ်အစားထက် ပိုပြည့်နေလို့ပဲ ဖြစ်ဖြစ် လှည့်စားမှုလေး တစ်ရပ်လောက်

လုပ်ကြည့်ချင်ပါသလား။ မြင်သူတိုင်းက သူအဲ့ဒီလောက်ဝနေတာလည်း မဟုတ်ပါဘူးလို့ ထင်မြင်သွားစေနိုင်တဲ့ အ၀တ်အစားဒီဇိုင်းတွေ ရှိပါတယ်။ ဒါတွေဟာ လူတွေရဲ့မျက်စိကို လှည့်စားပစ်လိုက်ပြီး ဖက်ရှင်ကျဖို့အတွက်လည်း သင့်အတွက်အထောက်အကူတစ်ရပ်အဖြစ် ထောက်ပံ့ပေးနိုင်ပါတယ်။

၁။ဘောင်းဘီမှာ ဒီလို flare ဘောင်းဘီမျိုးတွေ ပြန်ရှာဝတ်ပါ။ တကျော့ပြန်ခေတ်စားလာတဲ့ ဖက်ရှင်ရေစီးနဲ့ ကိုယ်ပြန်ဝတ်မှာနဲ့ဆို ကွက်တိလောက်ဖြစ်သွားပါပြီ။ ခါးရှည်အင်္ကျံမျိုးနဲ့ တွဲဝတ်ပြီး အပေါ်က တစ်ခုလောက်ထပ်ချင်တယ်ဆိုရင်တော့ Cropလုပ်ထားတဲ့ ရှပ်တစ်ခုခုနဲ့ တွဲဝတ်လိုက်ပေါ့။

Read:ရင်ခွင်မီ အရပ်ပုပု ကောင်မလေးတွေ ရွေးချယ်သင့်တဲ့ ဖက်ရှင်များ

၂။လူကိုပိုရှည်မျောမျောဖြစ်စေတယ်လို့ ထင်ရတဲ့ အ၀တ်အစားမျိုးတွေ ၀တ်ပါ။ အရပ်ရှည်သလိုဖြစ်သွားရင် လူကိုလည်း ပိုပိန်တယ်လို့ ထင်တတ်ကြပါတယ်။ ပုံမှာပြထားသလို ဒီဇိုင်းမျိုးဟာ ကိုယ့်ကိုမြင်သူတိုင်း ဆိုက်ဒ်အကြောင်း မတွေးမိပဲ ဖက်ရှင်အကြောင်းပိုတွေးမိသွားစေမှာပါ။

၃။ဆွဲသားနည်းနည်းပါတဲ့ ချည်သားအင်္ကျံfit ဆိုက်လေးတွေ ရှာဝတ်ပါ။ အရမ်းကြီး ကျပ်တဲ့အင်္ကျီမျိုးတွေတော့ မ၀တ်မိပါစေနဲ့။

၎။အရမ်းမကြီး၊ အရမ်းမကျပ်လွန်း dress မျိုးတွေကို ခုလို ခါးပတ်လေးပတ်ပြီး ၀တ်ဆင်ကြည့်ပါ။

၅။အောက်ပိုင်းနည်းနည်းပွတဲ့ ဘောင်းဘီမျိုးနဲ့ဆိုရင် အင်္ကျံကို အဖြူရောင်ပဲ ရွေးချယ်ပါ။ ဖိနပ်ကိုလည်း အပါးထက် heel တစ်ခုခုနဲ့ တွဲစီးလိုက်ပါ။

Credit : Trend Myanmar

Myanmar Textile and Garment Directory

Read 2503 times
Rate this item
(0 votes)
Tagged under