What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Pantone Colour of The Year 2018

Zaw+Uni  ႏွစ္တစ္ႏွစ္အတြက္အေရာင္ Colour of The Year ကုိ Pantone Color Institute မွ စဥ္းစားသတ္မွတ္ေပးေလ့ရွိတာမွာ

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က ျမက္စိမ္းေရာင္ကုိ Colour of The Year အျဖစ္ ေရြးခ်ယ္ေပးခဲ့ပါတယ္။ ယခု ၂၀၁၈ ခုႏွစ္အတြက္ကေတာ့ ခရမ္းအရင့္လြန္ေရာင္ကုိ Colour of The Year အျဖစ္ ေရြးခ်ယ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ Pantone ရဲ႕ Vice President ျဖစ္သူ Laurie Pressman က ‘‘ခရမ္းရင့္လြန္ေရာင္ကုိ ေရြးခ်ယ္တဲ့တာဟာ လူအဖြဲ႕အစည္းကုိ ႀကီးစုိးထားတဲ့ တန္ဖုိးထားျခင္းေတြကုိ ဖီဆန္တဲ့ ဘ၀စတုိင္လ္နဲ႔ ယဥ္ေက်းမႈထုံးတမ္း ဟန္ပါတဲ့အသြင္ကုိ ခရမ္းရင့္လြန္ေရာင္က ျပသေပးတယ္။ ကုိယ္ပုိင္ဟန္ကုိ ဖမ္းဆုပ္ေပးတယ္။ ထြင္ဉာဏ္နဲ႔ ေျမာ္ျမင္ေတြးေတာျခင္းတုိ႔ကုိ ေဖာ္က်ဴးတယ္။ အဲဒီဟာေတြကုိ သတိရေစဖုိ႔ လႈံ႔ေဆာ္ဖုိ႔ ေရြးခ်ယ္ခဲ့တာ’’ လုိ႔ ရွင္းျပပါတယ္။ 

led shower head purple

‘‘ကၽြန္မတုိ႔က ႐ႈပ္ေထြးနက္နဲတဲ့အခ်ိန္အခါေတြထဲမွာ ရွင္သန္ေနၾကတယ္။ ေရွ႕ကုိ တုိးဖုိ႔ ေၾကာက္ေနၾကတာကုိ ကၽြန္မတုိ႔ ေတြ႕ၾကရတယ္။ အဲဒီအေၾကာက္ကုိ လူေတြ ဘယ္လုိ တုံ႔ျပန္သလဲဆုိတာကုိလည္း ကၽြန္မတုိ႔ ေတြ႕ၾကရတယ္’’ လုိ႔ ပရက္စ္မင္က ေျပာျပပါတယ္။
ခရမ္းရင့္လြန္ေရာင္ဟာ အိမ္ဒီဇုိင္း၊ လုပ္ငန္းနယ္ပယ္ေတြနဲ႔ ထုတ္ကုန္ေတြ၊ ဖက္ရွင္၊ အႏုပညာနဲ႔ စားစရာတုိ႔မွာ ၀င္ကစားေပးတယ္လုိ႔ သူက ရွင္းျပပါတယ္။ သမား႐ုိးက် စည္းေတြထဲမွာ ေတြးေတာႀကံဆပုံေတြထဲမွာ ပိတ္မိေနတဲ့ inside the box လည္း မဟုတ္ဘူး။ စည္းေတြရဲ႕ အျပင္ဘက္ထြက္ၿပီး ေတြးေတာႀကံဆတဲ့ outside the box လည္း မဟုတ္ဘူး။ ‘‘အဲဒီအေရာင္က ဘာစည္းမွကုိ မရွိတဲ့အေရာင္’’ လုိ႔ ပရက္စ္မင္က ေျပာျပတယ္။ ဒီေတာ့ ဘာ box မွ မရွိတဲ့အေရာင္ျဖစ္လုိ႔ box ထဲမွာလား။ box အျပင္မွာလား ဆုိတာ မရွိႏုိင္ေတာ့ဘူး။
‘‘ခရမ္းအရင့္လြန္ေရာင္မွာ ေပါင္းစပ္ပါ၀င္ေနတာေတြ ရွိတယ္။ ဆႏၵျပင္းျပတဲ့ အနီခရမ္းနဲ႔ ေတာင့္တင္းတဲ့ မဲနယ္ခရမ္းတုိ႔ လက္ထပ္ထားတဲ့အေရာင္’’ လုိ႔ သူက ေျပာျပတယ္။ ဒီေတာ့ ခရမ္းအရင့္လြန္ေရာင္ဟာ အနီဘက္ကုိ မသန္းဘူး။ အျပာဘက္ကုိ သန္းတယ္။ ‘‘စဥ္းစဥ္းစားစား ရွိတာ၊ ဂမီၻရ အရည္အေသြးေတြ၊ ၀ိညာဥ္ပုိင္း အရည္အေသြးေတြကုိ ဆုိလုိတယ္’’ လုိ႔ သူက ေျပာျပပါတယ္။ ေသြးေအးေအးနဲ႔ လုပ္စရာရွိတာေတြကုိ လုပ္ကုိင္သြားတဲ့ သမာဓိအေရာင္ ျဖစ္တယ္။ အင္မတန္ အေကာင္းေမွ်ာ္တဲ့အေတြးကုိ ရေစတဲ့အေရာင္၊ လုပ္ရဲေစတဲ့အေရာင္ ျဖစ္တယ္။
ေရာ့ခ္ဂီတ ၾကယ္ပြင့္ေတြျဖစ္တဲ့ Prince နဲ႔ David Bowie တုိ႔ဟာ ခရမ္းေရာင္ကုိ ေရြးခ်ယ္ၾကသူေတြ ျဖစ္ပါတယ္။ တုိက္ဆုိင္တာတစ္ခုက သူတုိ႔ႏွစ္ဦးစလုံး ၂၀၁၆ မွာ ကြယ္လြန္ခဲ့ၾကတယ္။ သူတုိ႔ႏွစ္ဦးက ပုန္ကန္ဖုိ႔ ေျပာခဲ့ၾကတယ္။ ပတ္၀န္းက်င္နဲ႔ က်င္လည္ရတဲ့ဘ၀ေတြကုိ အဓိပၸာယ္အသစ္ ရွာဖုိ႔ ေျပာခဲ့ၾကတယ္။
ပရက္စ္မင္က ‘‘ကၽြန္မတုိ႔က ကၽြန္မတုိ႔ရဲ႕ အတြင္းမွာ ၿငိမ္းေအးျခင္းနဲ႔ ေအးေဆးတာ တခ်ဳိ႕ကုိ ရွာေဖြေတြ႕ရွိ္လုိၾကတယ္။ ကၽြန္မတုိ႔ရဲ႕ စိတ္မွာ ဆိတ္ၿငိမ္ေအာင္ ကၽြန္မတုိ႔ ဘယ္လုိလုပ္ရမလဲ’’
ခရမ္းေရာင္ဟာ ဂမီၻရအေရာင္လုိ႔ ပရက္စ္မင္က ေျပာတယ္။ ဆုိလုိတာက ခရမ္းေရာင္ မီးပြင့္ေတြေအာက္မွာ တရားက်င့္ႀကံဖုိ႔ စီစဥ္ေပးထားတဲ့ စတူဒီယုိေတြ ရွိတယ္။ ေရခ်ဳိးတဲ့ ေရပန္းမွာ LED ခရမ္းေရာင္မီးပြင့္ေတြ တပ္ေပးထားၿပီး ခ်ဳိးတဲ့ေရေတြကုိ ခရမ္းေရာင္ ျဖစ္ေနေအာင္ မီးထုိးေပးတယ္။ ခရမ္းေရာင္မုိးရြာေနသလုိ ျဖစ္ေနေစတယ္။
ခရမ္းေရာင္ ေဂၚဖီ၊ ခရမ္းေရာင္ ကန္စြန္းဥ၊ ခရမ္းေရာင္ ခရမ္းသီးတုိ႔ကုိ ခရမ္းေရာင္အတြက္ စားသုံးၾကတယ္။ အရက္သမားေတြကလည္း အရက္အေႏွာ cocktail ကုိ ခရမ္းေရာင္ေဖာက္ၿပီး ေသာက္ၾကတယ္။
ခရမ္းေရာင္မွာ သမုိင္းေၾကာင္း ရွိတယ္။ ဆယ္စုႏွစ္ေတြတစ္ေလွ်ာက္မွာ ေျပာင္းလဲသြားတယ္။ ၁၉၀၀ ျပည့္လြန္ႏွစ္ကာလမွာ ၿဗိတိန္ႏုိင္ငံမွာ အမ်ဳိးသမီး မဲေပးပုိင္ခြင့္ မရွိလုိ႔ မဲေပးပုိင္ခြင့္ ရဖုိ႔ လႈပ္ရွားမႈမွာ သုံးစြဲတဲ့လုိဂုိမွာ ခရမ္းေရာင္ကုိ ထည့္သုံးခဲ့ၾကတယ္။ ၁၉၂၀ ခုႏွစ္မ်ား အတြင္းက ေခတ္ဆန္၍ ေခတ္ကို တက္တက္ၾကြၾကြ ေတာ္လွန္ ေသာ မိန္းမပ်ဳိေတြက ခရမ္းေရာင္ကုိ သုံးခဲ့ၾကတယ္။
ေခတ္အဆက္ဆက္ ပန္းခ်ီကားေတြမွာ ထူးထူးဆန္းဆန္းျဖစ္ေအာင္ ခရမ္းေရာင္ ျခယ္သခဲ့ၾကတယ္။ ဂီတနယ္ပယ္မွာေတာ့ Prince ရဲ႕ Purple Rain ရွိတယ္။ Jimi Hendrix ရဲ႕ Purple Haze ရွိတယ္။ ‘‘Grace Jones, Lady Gaga, Kylie Jenner, Beyoncé တုိ႔လည္း ခရမ္းေရာင္ကုိ သုံးၾကတယ္။ Katy Perry က ခရမ္းေရာင္ဆံေကသာ သုံးခဲ့တယ္။ Rihanna က ခရမ္းအရင့္လြန္ေရာင္ ႏႈတ္ခမ္းနီ ဆုိးခဲ့တယ္’’ လုိ႔ ပရက္စ္မင္က ေျပာျပတယ္။ တကယ္ေတာ့ ႏႈတ္ခမ္းေတြကုိသာမက လက္သည္းေျခသည္းေတြမွာလည္း ဆုိးၾကပါတယ္။
Richard Wagner က သီခ်င္းေရးစပ္တဲ့အခါ ပတ္ပတ္လည္မွာ ခရမ္းေရာင္ေတြ ၀န္းရံထားတယ္။ လီယုိနာဒုိဒါဗင္စီက ‘‘ခရမ္းေရာင္ အလင္းေအာက္မွာ တရားထုိင္ရင္ ၁၀ ဆ အစြမ္းပုိထိေရာက္တယ္။ ခရမ္းေရာင္မွန္ျပတင္းကေန ေနေရာင္ထုိးေနတဲ့ ခရမ္းေရာင္ေအာက္မွာ တရားထုိင္ပါ’’ လုိ႔ သြန္သင္ခဲ့တယ္။ က်န္းမာေရး ခ်ဳိ႕ယြင္းရင္ ခရမ္းေရာင္နဲ႔ ကုစားၾကတယ္။ ေပ်ာက္ေစအေရာင္လုိ႔ အေရာင္ကုထုံးေတြမွာ ဆုိထားတယ္။

 SHI2052
ခရမ္းရင့္လြန္ေရာင္ဟာ ဖက္ရွင္ေလွ်ာက္လမ္းေတြမွာ ျပသမႈခံရတယ္။ Spring ’18 အတြက္ KENZO က လက္မပါတဲ့ ပခုံးျပတ္ ဖက္ရွင္ကုိ ေတာက္ပတဲ့ခရမ္းေရာင္ သုံးၿပီး အျဖဴအမည္း ေျခအိတ္ရွည္၊ အ၀ါေရာင္ လက္ကုိင္အိတ္တုိ႔နဲ႔ တြဲဘက္ထားတယ္။
ခရမ္းရင့္လြန္ေရာင္ဟာ ဒရာမာကုိ ေဆာင္ယူလာေပမဲ့ ေပါ့ေပါ့ပါးပါး ဒရာမာမ်ဳိး ျဖစ္ၿပီး ေၾကာင့္ၾကစရာအေရာင္ မဟုတ္ဘူး။ ‘‘ဒီအေရာင္က အသားအေရ အေရာင္ အမ်ဳိးမ်ဳိးမွာ အေတာ္မ်ားမ်ားနဲ႔ လုိက္ဖက္တယ္’’ လုိ႔ ပရက္စ္မင္က ေျပာျပတယ္။
‘‘အမ်ားသူငါတုိ႔နဲ႔ မတူကြဲျပားစြာ ေတြးတတ္တဲ့သူ၊ နယ္နိမိတ္စည္း မထားတဲ့သူ၊ ကုိယ့္ကိစၥကုိယ္လုပ္တာလုိ႔ ေဖာ္ျပေနတဲ့အေရာင္’’ လုိ႔ သူမက ေျပာျပခဲ့ပါတယ္။

Uni

Pantone Colour of The Year 2018

နှစ်တစ်နှစ်အတွက်အရောင် Colour of The Year ကို Pantone Color Institute မှ စဉ်းစားသတ်မှတ်ပေးလေ့ရှိတာမှာ

ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က မြက်စိမ်းရောင်ကို

Colour of The Year အဖြစ် ရွေးချယ်ပေးခဲ့ပါတယ်။

ယခု ၂ဝ၁၈ ခုနှစ်အတွက်ကတော့ ခရမ်းအရင့်လွန်ရောင်ကို Colour of The Year အဖြစ် ရွေးချယ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Pantone ရဲ့ Vice President ဖြစ်သူ Laurie Pressman က ‘‘ခရမ်းရင့်လွန်ရောင်ကို ရွေးချယ်တဲ့တာဟာ လူအဖွဲ့အစည်းကို ကြီးစိုးထားတဲ့ တန်ဖိုးထားခြင်းတွေကို ဖီဆန်တဲ့

ဘဝစတိုင်လ်နဲ့ ယဉ်ကျေးမှုထုံးတမ်း ဟန်ပါတဲ့အသွင်ကို ခရမ်းရင့်လွန်ရောင်က ပြသပေးတယ်။ ကိုယ်ပိုင်ဟန်ကို ဖမ်းဆုပ်ပေးတယ်။ ထွင်ဉာဏ်နဲ့ မြော်မြင်တွေးတောခြင်းတို့ကို ဖော်ကျူးတယ်။

အဲဒီဟာတွေကို သတိရစေဖို့ လှုံ့ဆော်ဖို့ ရွေးချယ်ခဲ့တာ’’ လို့ ရှင်းပြပါတယ်။
‘‘ကျွန်မတို့က ရှုပ်ထွေးနက်နဲတဲ့အချိန်အခါတွေထဲမှာ ရှင်သန်နကြေတယ်။ ရှေ့ကို တိုးဖို့ ကြောက်နကြေတာကို ကျွန်မတို့ တွေ့ကြရတယ်။

အဲဒီအကြောက်ကို လူတွေ ဘယ်လို တုံ့ပြန်သလဲဆိုတာကိုလည်း ကျွန်မတို့ တွေ့ကြရတယ်’’ လို့ ပရက်စ်မင်က ပြောပြပါတယ်။
ခရမ်းရင့်လွန်ရောင်ဟာ အိမ်ဒီဇိုင်း၊ လုပ်ငန်းနယ်ပယ်တွေနဲ့ ထုတ်ကုန်တွေ၊ ဖက်ရှင်၊ အနုပညာနဲ့ စားစရာတို့မှာ ဝင်ကစားပေးတယ်လို့

သူက ရှင်းပြပါတယ်။ သမားရိုးကျ စည်းတွေထဲမှာ တွေးတောကြံဆပုံတွေထဲမှာ ပိတ်မိနေတဲ့ inside the box လည်း မဟုတ်ဘူး။

စည်းတွေရဲ့ အပြင်ဘက်ထွက်ပြီး တွေးတောကြံဆတဲ့ outside the box လည်း မဟုတ်ဘူး။ ‘‘အဲဒီအရောင်က ဘာစည်းမှကို မရှိတဲ့အရောင်’’ လို့

ပရက်စ်မင်က ပြောပြတယ်။ ဒီတော့ ဘာ box မှ မရှိတဲ့အရောင်ဖြစ်လို့ box ထဲမှာလား။ box အပြင်မှာလား ဆိုတာ မရှိနိုင်တော့ဘူး။
‘‘ခရမ်းအရင့်လွန်ရောင်မှာ ပေါင်းစပ်ပါဝင်နေတာတွေ ရှိတယ်။ ဆန္ဒပြင်းပြတဲ့ အနီခရမ်းနဲ့ တောင့်တင်းတဲ့ မဲနယ်ခရမ်းတို့ လက်ထပ်ထားတဲ့အရောင်’’ လို့

သူက ပြောပြတယ်။ ဒီတော့ ခရမ်းအရင့်လွန်ရောင်ဟာ အနီဘက်ကို မသန်းဘူး။

အပြာဘက်ကို သန်းတယ်။

‘‘စဉ်းစဉ်းစားစား ရှိတာ၊ ဂမ္ဘီရ အရည်အသွေးတွေ၊ဝိညာဉ်ပိုင်း အရည်အသွေးတွေကို ဆိုလိုတယ်’’ လို့

သူက ပြောပြပါတယ်။ သွေးအေးအေးနဲ့ လုပ်စရာရှိတာတွေကို လုပ်ကိုင်သွားတဲ့ သမာဓိအရောင် ဖြစ်တယ်။

အင်မတန် အကောင်းမျှော်တဲ့အတွေးကို ရစေတဲ့အရောင်၊ လုပ်ရဲစေတဲ့အရောင် ဖြစ်တယ်။
ရော့ခ်ဂီတ ကြယ်ပွင့်တွဖြေစ်တဲ့ Prince နဲ့ David Bowie တို့ဟာ ခရမ်းရောင်ကို ရွေးချယ်ကြသူတွေ ဖြစ်ပါတယ်။

တိုက်ဆိုင်တာတစ်ခုက သူတို့နှစ်ဦးစလုံး ၂ဝ၁၆ မှာ ကွယ်လွန်ခဲ့ကြတယ်။ သူတို့နှစ်ဦးက ပုန်ကန်ဖို့ ပြောခဲ့ကြတယ်။ ပတ်ဝန်းကျင်နဲ့ ကျင်လည်ရတဲ့ဘဝတွေကို အဓိပ္ပါယ်အသစ် ရှာဖို့ ပြောခဲ့ကြတယ်။
ပရက်စ်မင်က ‘‘

ကျွန်မတို့က ကျွန်မတို့ရဲ့ အတွင်းမှာ ငြိမ်းအေးခြင်းနဲ့ အေးဆေးတာ တချို့ကို ရှာဖွေတွေ့ရှိလိုကြတယ်။ ကျွန်မတို့ရဲ့ စိတ်မှာ ဆိတ်ငြိမ်အောင် ကျွန်မတို့ ဘယ်လိုလုပ်ရမလဲ’’
ခရမ်းရောင်ဟာ ဂမီရအရောင်လို့ ပရက်စ်မင်က ပြောတယ်။

ဆိုလိုတာက ခရမ်းရောင် မီးပွင့်တွေအောက်မှာ

တရားကျင့်ကြံဖို့ စီစဉ်ပေးထားတဲ့ စတူဒီယိုတွေ ရှိတယ်။ ရေချိုးတဲ့ ရေပန်းမှာ LED ခရမ်းရောင်မီးပွင့်တွေ တပ်ပေးထားပြီး ချိုးတဲ့ရေတွေကို ခရမ်းရောင် ဖြစ်နေအောင် မီးထိုးပေးတယ်။ ခရမ်းရောင်မိုးရွာနေသလို ဖြစ်နေစေတယ်။
ခရမ်းရောင် ဂေါ်ဖီ၊ ခရမ်းရောင် ကန်စွန်းဥ၊ ခရမ်းရောင် ခရမ်းသီးတို့ကို ခရမ်းရောင်အတွက် စားသုံးကြတယ်။ အရက်သမားတွေကလည်း အရက်အနှော cocktail ကို ခရမ်းရောင်ဖောက်ပြီး သောက်ကြတယ်။
ခရမ်းရောင်မှာ သမိုင်းကြောင်း ရှိတယ်။ ဆယ်စုနှစ်တွေတစ်လျှောက်မှာ ပြောင်းလဲသွားတယ်။ ၁၉ဝဝ ပြည့်လွန်နှစ်ကာလမှာ ဗြိတိန်နိုင်ငံမှာ အမျိုးသမီး မဲပေးပိုင်ခွင့် မရှိလို့ မဲပေးပိုင်ခွင့် ရဖို့ လှုပ်ရှားမှုမှာ သုံးစွဲတဲ့လိုဂိုမှာ ခရမ်းရောင်ကို ထည့်သုံးခဲ့ကြတယ်။ ၁၉၂၀ ခုနှစ်များ အတွင်းက ခေတ်ဆန်၍ ခေတ်ကို တက်တက်ကြွကြွ တော်လှန် သော မိန်းမပျိုတွေက ခရမ်းရောင်ကို သုံးခဲ့ကြတယ်။
ခေတ်အဆက်ဆက် ပန်းချီကားတွေမှာ ထူးထူးဆန်းဆန်းဖြစ်အောင် ခရမ်းရောင် ခြယ်သခဲ့ကြတယ်။ ဂီတနယ်ပယ်မှာတော့ Prince ရဲ့ Purple Rain ရှိတယ်။ Jimi Hendrix ရဲ့ Purple Haze ရှိတယ်။ ‘‘Grace Jones, Lady Gaga, Kylie Jenner, Beyoncé တို့လည်း ခရမ်းရောင်ကို သုံးကြတယ်။ Katy Perry က ခရမ်းရောင်ဆံကေသာ သုံးခဲ့တယ်။ Rihanna က ခရမ်းအရင့်လွန်ရောင် နှုတ်ခမ်းနီ ဆိုးခဲ့တယ်’’ လို့ ပရက်စ်မင်က ပြောပြတယ်။ တကယ်တော့ နှုတ်ခမ်းတွေကိုသာမက လက်သည်းခြေသည်းတွေမှာလည်း ဆိုးကြပါတယ်။
Richard Wagner က သီချင်းရေးစပ်တဲ့အခါ ပတ်ပတ်လည်မှာ ခရမ်းရောင်တွေ ဝန်းရံထားတယ်။ လီယိုနာဒိုဒါဗင်စီက ‘‘ခရမ်းရောင် အလင်းအောက်မှာ တရားထိုင်ရင် ၁၀ ဆ အစွမ်းပိုထိရောက်တယ်။ ခရမ်းရောင်မှန်ပြတင်းကနေ နေရောင်ထိုးနေတဲ့ ခရမ်းရောင်အောက်မှာ တရားထိုင်ပါ’’ လို့ သွန်သင်ခဲ့တယ်။ ကျန်းမာရေး ချို့ယွင်းရင် ခရမ်းရောင်နဲ့ ကုစားကြတယ်။ ပျောက်စေအရောင်လို့ အရောင်ကုထုံးတွေမှာ ဆိုထားတယ်။
ခရမ်းရင့်လွန်ရောင်ဟာ ဖက်ရှင်လျှောက်လမ်းတွေမှာ ပြသမှုခံရတယ်။ Spring ’18 အတွက် KENZO က လက်မပါတဲ့ ပခုံးပြတ် ဖက်ရှင်ကို တောက်ပတဲ့ခရမ်းရောင် သုံးပြီး အဖြူအမည်း ခြေအိတ်ရှည်၊ အဝါရောင် လက်ကိုင်အိတ်တို့နဲ့ တွဲဘက်ထားတယ်။
ခရမ်းရင့်လွန်ရောင်ဟာ ဒရာမာကို ဆောင်ယူလာပေမဲ့ ပေါ့ပေါ့ပါးပါး ဒရာမာမျိုး ဖြစ်ပြီး ကြောင့်ကြစရာအရောင် မဟုတ်ဘူး။ ‘‘ဒီအရောင်က အသားအရေ အရောင် အမျိုးမျိုးမှာ အတော်များများနဲ့ လိုက်ဖက်တယ်’’ လို့ ပရက်စ်မင်က ပြောပြတယ်။
‘‘အများသူငါတို့နဲ့ မတူကွဲပြားစွာ တွေးတတ်တဲ့သူ၊ နယ်နိမိတ်စည်း မထားတဲ့သူ၊ ကိုယ့်ကိစ္စကိုယ်လုပ်တာလို့ ဖော်ပြနေတဲ့အရောင်’’ လို့ သူမက ပြောပြခဲ့ပါတယ်။

Read 1126 times
Rate this item
(0 votes)