What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အိန္ဂ်ယ္ေဘဘီ

(Zaw+Uni)တ႐ုတ္ျပည္ ဖက္ရွင္ေဈးကြက္အတြက္ တ႐ုတ္ႏုိင္ငံမွ စဲလီေတြကုိ ေရြးခ်ယ္ၿပီး brand ambassador

ခန္႔အပ္ၾကတာမွာ အဆင္ေျပၿပီး အႀကီးအကယ်္ ေရာင္းအားတက္သြားတာေတြ ရွိသလုိ မေအာင္ျမင္တာေတြလည္း ရွိခဲ့ဖူးပါတယ္။ 
ၿပီးခဲ့တဲ့ႏွစ္ ေမလတုန္းက ျပင္သစ္မွ ထိပ္တန္း ဖက္ရွင္တုိက္ Christian Dior က တ႐ုတ္ျပည္မွ စဲလီ မင္းသမီး ယန္ယင္းကုိ brand ambassador အျဖစ္ ေရြးခ်ယ္သုံးစြဲခဲ့ပါတယ္ ယန္ယင္းကုိ အိန္ဂ်ယ္ေဘဘီလုိ႔လည္း သိၾကတယ္။ ၿပီးေတာ့ တ႐ုတ္ျပည္ရဲ႕ Kim Kardashian လုိ႔လည္း ေခၚၾကတယ္။ ဘာလုိ႔လဲဆုိေတာ့ Kim Kardashian က Kris Humphries နဲ႔ လက္ထပ္မဂၤလာပြဲ က်င္းပခဲ့တာမွာ အေမရိကန္ေဒၚလာ ၁၀ သန္း၀န္းက်င္ ကုန္က်ခဲ့တယ္။ မဂၤလာကိတ္မုန္႔တစ္လုံးအတြက္ ကန္ေဒၚလာ ႏွစ္ေသာင္း သုံးစြဲခဲ့တယ္။ အဲဒီလုိ လက္ထပ္ခဲ့တဲ့ အိမ္ေထာင္ေရးက ၇၂ ရက္ပဲ ခံၿပီး လင္မယားကြဲသြားခဲ့ၾကလုိ႔ ေျပာစမွတ္တြင္တဲ့ မဂၤလာပြဲ ျဖစ္ခဲ့တယ္။
အိန္ဂ်ယ္ေဘဘီက လက္ထပ္မဂၤလာပြဲ က်င္းပတာမွာ အေမရိကန္ေဒၚလာ ၃၁ သန္း သုံးစြဲခဲ့လုိ႔ လူအမ်ားက အျပစ္ေျပာခံခဲ့ရတယ္။ အဲဒီမွာ တ႐ုတ္ျပည္ရဲ႕ Kim Kardashian လုိ႔ ခုိင္းႏိႈင္းၿပီး ေျပာဆုိၾကတာ ျဖစ္ပါတယ္။
က်မ အႀကိဳက္ဆုံးကေတာ့ Dior ပါလုိ႔ ေျပာဆုိထားတဲ့ ဗီဒီယုိကုိ အင္တာနက္မွာလႊင့္တင္ၿပီး Christian Dior က တ႐ုတ္ျပည္မွ စဲလီ မင္းသမီး ယန္ယင္းကုိ brand ambassador အျဖစ္ ေရြးခ်ယ္ေၾကာင္း Diorရဲ႕ Weibo နဲ႔ WeChat တရား၀င္အေကာင့္ေတြမွာ ေၾကညာလုိက္တယ္ဆုိရင္ပဲ အဲဒီလူမႈကြန္ရက္ေတြမွာ ကန္႔ကြက္ေရးသားမႈေတြ ပလူပ်ံသြားခဲ့ပါတယ္။ Dior ရဲ႕ ျမင့္မားတဲ့ ဂုဏ္အဆင့္အတန္းနဲ႔ လားလားမွ မထုိက္တန္ဘူးလုိ႔ ေရးသားၾကတယ္။ 
စဲလီအေရြးမွားတာေၾကာင့္ brand ရဲ႕ နာမည္မတက္ဘဲ နာမည္ပ်က္ဖုိ႔သာ ရွိလိမ့္မယ္လုိ႔ ေျပာဆုိၾကေပမယ့္ ဖက္ရွင္တုိက္ Dior မွ တာ၀န္ရွိပုဂိၢဳလ္က ခုခံေျပာၾကားခဲ့ပါတယ္။
ယန္ယင္းဟာ ambassador ေကာင္း တစ္ေယာက္ပါ။ သူမဟာ ေဘဘီ မဟုတ္ဘူး။ တကယ္ေတာ့ သူမဟာ မိခင္တစ္ဦးပါ။ က်က္သေရရွိတယ္။ ဆြဲေဆာင္မႈ ရွိလုိ႔ Dior ကုိ ၀ယ္ယူအားေပးသူေတြကုိ ဆြဲေဆာင္ႏုိင္မယ္ လုိ႔ ေျပာၾကားခဲ့ပါတယ္။
ေဈးကြက္ကုိ ေသေသခ်ာခ်ာ သုေတသန လုပ္ၿပီးမွာ ေရြးသင့္တယ္လုိ႔လည္း အႀကံျပဳၾကတယ္။
ပါ၀ါဖက္ရွင္တုိက္ Dior ဟာ ေဈးႀကီးတဲ့ ဖက္ရွင္ေတြကုိ တ႐ုတ္ျပည္တြင္းေဈးကြက္ကုိ ထုိးေဖာက္ေရာင္းခ်တာမွာ အသက္ ၁၅ မွ ၂၄ ႏွစ္ အပုိင္းအျခားအတြင္း ရွိသူေတြကုိ ရည္ရြယ္ထားပါတယ္။ အိန္ဂ်ယ္ေဘဘီရဲ႕ အမာခံပရိသတ္မွာ အမ်ားစုဟာ အဲဒီ အသက္အပုိင္းျခားမွာ ရွိေနၾကတာမုိ႔ အံကုိက္ျဖစ္ေနပါတယ္။ ဘယ္သူေတြက ဘယ္လုိဘဲ ေ၀ဖန္ျပစ္တင္ၾကေပမဲ့ Dior ဟာ ၎ရဲ႕ ဖက္ရွင္ brand အတြက္ အိပ္မက္ထဲမွ မိန္းမလွေလးကုိ ရွာေဖြေတြ႕ရွိခဲ့တာသာ ျဖစ္ပါတယ္။

 

Uni

တရုတ်ပြည် ဖက်ရှင်ဈေးကွက်အတွက် တရုတ်နိုင်ငံမှ စဲလီတွေကို ရွေးချယ်ပြီး brand ambassador ခန့်အပ်ကြတာမှာ

အဆင်ပြပြေီး အကြီးအကယျ် ရောင်းအားတက်သွားတာတွေ ရှိသလို မအောင်မြင်တာတွေလည်း ရှိခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့နှစ် မေလတုန်းက ပြင်သစ်မှ ထိပ်တန်း ဖက်ရှင်တိုက် Christian Dior က တရုတ်ပြည်မှ စဲလီ မင်းသမီး ယန်ယင်းကို

brand ambassador အဖြစ် ရွေးချယ်သုံးစွဲခဲ့ပါတယ် ယန်ယင်းကို အိန်ဂျယ်ဘေဘီလို့လည်း သိကြတယ်။

ပြီးတော့ တရုတ်ပြည်ရဲ့ Kim Kardashian လို့လည်း ခေါ်ကြတယ်။ ဘာလို့လဲဆိုတော့ Kim Kardashian က Kris Humphries နဲ့ လက်ထပ်မင်္ဂလာပွဲ ကျင်းပခဲ့တာမှာ

အမေရိကန်ဒေါ်လာ ၁ဝ သန်းဝန်းကျင် ကုန်ကျခဲ့တယ်။ မင်္ဂလာကိတ်မုန့်တစ်လုံးအတွက် ကန်ဒေါ်လာ နှစ်သောင်း သုံးစွဲခဲ့တယ်။ အဲဒီလို လက်ထပ်ခဲ့တဲ့ အိမ်ထောင်ရေးက ၇၂ ရက်ပဲ ခံပြီး လင်မယားကွဲသွားခဲ့ကြလို့ ပြောစမှတ်တွင်တဲ့ မင်္ဂလာပွဲ ဖြစ်ခဲ့တယ်။
အိန်ဂျယ်ဘေဘီက လက်ထပ်မင်္ဂလာပွဲ ကျင်းပတာမှာ အမေရိကန်ဒေါ်လာ ၃၁ သန်း သုံးစွဲခဲ့လို့ လူအများက အပြစ်ပြောခံခဲ့ရတယ်။

အဲဒီမှာ တရုတ်ပြည်ရဲ့ Kim Kardashian လို့ ခိုင်းနှိုင်းပြီး ပြောဆိုကြတာ ဖြစ်ပါတယ်။
ကျမ အကြိုက်ဆုံးကတော့ Dior ပါလို့ ပြောဆိုထားတဲ့ ဗီဒီယိုကို အင်တာနက်မှာလွှင့်တင်ပြီး Christian Dior က

တရုတ်ပြည်မှ စဲလီ မင်းသမီး ယန်ယင်းကို brand ambassador အဖြစ် ရွေးချယ်ကြောင်း Diorရဲ့ Weibo နဲ့ WeChat တရားဝင်အကောင့်တွေမှာ ကြေညာလိုက်တယ်ဆိုရင်ပဲ

အဲဒီလူမှုကွန်ရက်တွေမှာ ကန့်ကွက်ရေးသားမှုတွေ ပလူပျံသွားခဲ့ပါတယ်။

Dior ရဲ့ မြင့်မားတဲ့ ဂုဏ်အဆင့်အတန်းနဲ့ လားလားမှ မထိုက်တန်ဘူးလို့ ရေးသားကြတယ်။
စဲလီအရွေးမှားတာကြောင့် brand ရဲ့ နာမည်မတက်ဘဲ နာမည်ပျက်ဖို့သာ ရှိလိမ့်မယ်လို့ ပြောဆိုကြပေမယ့်

ဖက်ရှင်တိုက် Dior မှ တာဝန်ရှိသူကခုခံပြောကြားခဲ့ပါတယ်။

ယန်ယင်းဟာ ambassador ကောင်း တစ်ယောက်ပါ။

သူမဟာ ဘေဘီ မဟုတ်ဘူး။ တကယ်တော့ သူမဟာ မိခင်တစ်ဦးပါ။ ကျက်သရေရှိတယ်။ ဆွဲဆောင်မှု ရှိလို့

Dior ကို ဝယ်ယူအားပေးသူတွေကို ဆွဲဆောင်နိုင်မယ် လို့ ပြောကြားခဲ့ပါတယ်။
ဈေးကွက်ကို သေသေချာချာ သုတေသန လုပ်ပြီးမှာ ရွေးသင့်တယ်လို့လည်း အကြံပြုကြတယ်။
ပါဝါဖက်ရှင်တိုက် Dior ဟာ ဈေးကြီးတဲ့ ဖက်ရှင်တွေကို တရုတ်ပြည်တွင်းဈေးကွက်ကို ထိုးဖောက်ရောင်းချတာမှာ အသက် ၁၅ မှ ၂၄ နှစ် အပိုင်းအခြားအတွင်း ရှိသူတွေကို ရည်ရွယ်ထားပါတယ်။

အိန်ဂျယ်ဘေဘီရဲ့ အမာခံပရိသတ်မှာ အများစုဟာ အဲဒီ အသက်အပိုင်းခြားမှာ ရှိနကြေတာမို့ အံကိုက်ဖြစ်နေပါတယ်။ ဘယ်သူတွေက ဘယ်လိုဘဲ ဝေဖန်ပြစ်တင်ကြပေမဲ့ Dior ဟာ၎င်းရဲ့ ဖက်ရှင် brand အတွက် အိပ်မက်ထဲမှ မိန်းမလှလေးကို ရှာဖွေတွေ့ရှိခဲ့တာသာ ဖြစ်ပါတယ်။

Read 903 times
Rate this item
(0 votes)
Tagged under