What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရင်သွေးရတနာဝတ်စုံကာလာ

မိမိ၏ ရင်သွေးရတနာတို့ကိုအရောင်၏ သဘောသဘာဝဖြင့် အကူအညီပေးနိုင်သည်။

စိတ်နေစိတ်ထားကိုပဲ့ပြင်ပေးနိုင်သည်။ ထို့အပြင် ကလေးသူငယ်တို့၏ ကျန်းမာရေးကိုလည်းဝတ်ဆင်သည့် အ၀တ်အစား၏ အရောင်ဖြင့် ကူညီပေးနိုင်သည်။

မူကြိုတက်သည်အထိကလေးကိုအရောင်စုံစုံလင်လင်ရှိသောပတ်ဝန်းကျင်ကိုဖန်တီးပေးသင့်သည်။ သူ၏ ကစားစရာ၊ သူ၏ အသုံးအဆောင်အစရှိသည်တို့တွင် အရောင်တစ်ရောင် သို့မဟုတ် နှစ်ရောင်တို့သာများနေခြင်းမျိုးကိုမဖြစ်စေရန် သတိထားသင့်သည်။ အထူးသဖြင့် သက်တံအရောင် ခုနှစ် ရောင်ဖြစ်ကြကုန်သောအနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်နှင့် ခရမ်းရောင်တို့ စုံလင်သင့်သည်။ သို့မှသာလျှင် အရောင်လှိုင်းမျိုးကွဲတို့၏ ရိုက်ခတ်မှု၊ တုန်ခါမှုကို မျှမျှတတခံစားနိုင်မည်ဖြစ်သည်။

ကျောင်းနေသောအရွယ်ရောက်သောအခါ အစိမ်းရောင်သည် သင့်လျော်သောအရောင်တစ်ခု ဖြစ်လာသည်။ အစိမ်းရောင်၏ သဘောသဘာဝမှာသစ်ပင်နှင့်တူ၏။ သစ်ပင်သည် ကြီးထွား၏။ ဘေးသို့ဖြာ၏။ မြင့်သထက်မြင့်၏။

ကလေးတို့၏ သဘာဝမှာဆော့ကစား၏။ ထိခိုက်ဒဏ်ရာရလွယ်၏။ အစိမ်းရောင်သည် အနာအကျက်မြန်အောင် ဆောင်ရွက်ပေးနိုင်၏။ စိတ်ပညာရှင်တို့၏ ယူဆချက်အရခွဲစိတ်ဆရာဝန်တို့ သည် အစိမ်းရောင်ကိုသုံးသင့်သည်ဟုဆိုထား၏။ထို့ကြောင့်လည်းခွဲစိတ်ကုသရာတွင်ဝတ်ဆင်ရသည့် အဝတ်အစားကိုအစိမ်းရောင် အဝတ်အစားများသုံးစွဲကြသည်ကိုတွေ့ရမည် ဖြစ်သည်။

surgeyry

ကလေး၏ အခြေအနေကိုစောင့်ကြည့်၍ စိတ်နေစိတ်ထားကိုပဲ့ပြင်ဆုံးမရာ၌လည်းအရောင်သည် လှော်တက် တစ်ခုသဖွယ် အားကိုးအားထား ပြုနိုင်သည်။ ဉာဏ်ရည်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက် အောင် ပြုလုပ်နေစဉ် သက်တံရောင် ခုနှစ်ရောင် စုံအောင် သူ၏ စာကြည့်စားပွဲတွင် ထားသင့်၏။ ထိုသို့ထားရန် အခက်အခဲရှိလျှင် ပလတ်စတစ်ပန်းအတုကိုအရောင်ခုနှစ်ရောင်ဖြစ်အောင် စုံစုံစေ့စေ့ ဝယ်ယူ၍ ပန်းအိုးကလေးဖြင့် စားပွဲပေါ်တွင် တင်ပေးထားသင့်သည်။

အားကစား၌ အားသန်ပြီးဝါသနာပါနေလျှင် အနီနှင့်အစိမ်းနှစ်ရောင်းစလုံးပါအောင် ဝတ်ဆင်ပေးသင့်၏။

အနီရောင်သည် စိတ်ကိုတက်ကြွစေ၏။ လှုပ်ရှားတက်ကြွစေ၏။

အကယ်၍ ကလေးသည် ကစားဖော် ကစားဖက်တို့အပေါ် အနိုင်ကျင့်ရမှ ကျေနပ်သူဖြစ်နေလျှင် အနိုင်ကျင့်ခြင်းသည် မကောင်းကြောင်းရှင်းပြရမည်။ သစ်သီးစိမ်းအရောင်၊ အပြာနုနု၊ အစိမ်းရင့်ရင့် တစ်ရောင်ရောင်များများပါသောဝတ်စုံကိုနေ့စဉ်ရက်ဆက် ဝတ်ဆင်ပေးသင့်၏။ ထိုအရောင်တို့သည် စိတ်ပညာအလိုအရ ကြင်နာလိုစိတ်၊ အကူအညီပေးလိုသောသဒ္ဓါစိတ်ကို ဖြစ်ပေါ်စေ၏။ လိုက်လိုက်ပြိုင်နေတတ်သောစိတ်ကိုပပျောက်စေ၏။

ကလေးသည် ပညာသင်ယူရာ၌ ဖွံ့ဖြိုးမှုနောက်ကျနေသည်ဟုယူဆပါကအဖြူ အနက်နှင့် အစိမ်းရောင် သုံးရောင်စလုံးရောနှော ပါဝင်သောဝတ်စုံကိုဝတ် ပေးသင့်သည်။ ထို့ပြင် စာမလိုက်နိုင်ပါကကလေးသည် စိတ်ညစ်၏။ စိတ်ဓာတ်ကျ၏။ စာတွင် မပျော်ပိုက်တော့သည်အထိ ဖြစ်သွားတတ်သည်။ ထိုသို့ ဖြစ်နေကြောင်းရိပ်စားမိလျှင် အစိမ်းနှင့် အပြာနှစ်ရောင်စလုံးပါဝင်သောဝတ်စုံကိုဝတ်ဆင်ပေးသင့်သည်။

မှိုင်တွေတွေဖြစ်နေတတ်ပြီးသွက်လက်ချက်ချာခြင်းမရှိဖြစ်နေလျှင်ဝတ်စုံတွင် အနီရောင်များများပါအောင် ဝတ်ပေးသင့်သည်။ သို့သော်ညအိပ်ချိန်တွင် ဝတ်ပေးခြင်းမပြုအပ်။ အနီရောင်သည် စိတ်ကိုတက်ကြွစေသောတုန်ခါလှိုင်းရှိပေရာကလေးအဖို့ အိပ်စက်ရာတွင် အနှောင့်အယှက်သဖွယ် ရှိတတ်၏။

မျောက်ရှုံးအောင် ဆော့ကစားသောင်းကျန်းလွန်းနေလျှင်လည်းကောင်း၊ တစ်နေရာတွင် တစ်ခုခုကို ကြာကြာမကစားနိုင်ဖြစ်နေသည်ကိုတွေ့ရလျှင်လည်းကောင်းအနက်ဖြစ်စေ၊ အညိုဖြစ်စေကိုဝတ်ဆင်ပေးရမည်။ အထူးသဖြင့် အညိုရောင်သည် မိဘအပေါ် ကြည်ညိုအားကိုးအောင် ပြုပေးနိုင်၏။

အဝါရောင်သည် လိမ်ညာနေတတ်သောကလေးကိုအမှန်ပြောလာစေနိုင်၏။ အမှန်ကိုမကြောက်မရွံ့ပြောတတ်လာစေ၏။ အပြစ်လုပ်မိလျှင်လည်းဝန်ခံလာစေနိုင်၏။

ကလေးသည် ရင်ကြပ်ရောဂါဖြစ်နေပါကအစိမ်းဖြစ်စေ၊ အပြာလွင်လွင်ကလေးကိုဖြစ်စေဝတ်စုံအဖြစ် ဝတ်ပေးသင့်သည်။ အနက်ရောင် ဝတ်ဆင်ပေးခြင်းမှ ရှောင်သင့်၏။ ရင်ကြပ်ရုံမျှမကချမ်းတုန်နေလျှင် အနီရောင်ကိုဝတ်ပေးသင့်သည်။

ပြဿနာအထွေအထူးမရှိသောကလေးတို့ကိုသက်တံ၏ အရောင်ခုနှစ်ရောင် စုံလင်အောင် အလှည့်ကျ ဝတ်ပေးသင့်၏။နေ့အလိုက် အဓိကထား၍ ဝတ်ဆင်ပေးသင့်သောအရောင်းဇယားမှာအောက်ပါအတိုင်းဖြစ်သည်။

 child colour

(ကားချပ်။ ဤရွေးချယ်မှုမှာသက်တံရောင်စဉ်ကိုအခြေပြု၍ ဂြိုဟ်ခုနှစ်လုံး၏ အရောင်သဘာဝကိုယူ၍ ရွေးထားခြင်းဖြစ်ပါသည်။ ဤနည်းသာအကောင်းဆုံး၊ ဤနည်းသာအမှန်ဆုံးဟုမဆိုလိုပါ)

ကလေး၌ နာကျင်ကိုက်ခဲမှု ဝေဒနာရှိပါကခရမ်းရောင်ကိုနာကျင်သည့် နေရာနားတစ်ဝိုက်တွင် အသားနှင့်ထိနေအောင် ဝတ်ဆင်ပေးပါ။ သွေးထွက် သံယိုဖြစ်ပါကလည်းခရမ်းရောင်ကိုအနာနားတစ်ဝိုက်တွင် ရှိနေအောင် ဝတ်ပေးပါ။ အနားသက်သာ၍ အကျက်မြန်အောင် အစိမ်းရောင်ကိုဆက်လက်ဝတ်ဆင်ပေးသင့်ပါသည်။

Read 1515 times
Rate this item
(1 Vote)