What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခြေတံလေးတွေ ရှည်ပြီး သွယ်လျသွားစေမယ့် ဖက်ရှင် (၇) မျိုး

ခြေတံလေးတွေ ရှည်ပြီး သွယ်လျသွားစေမယ့် ဖက်ရှင် (၇) မျိုး google

မိန်းကလေးတစ်ယောက်က ခြေတံရှည်ရှည်သွယ်သွယ်လေးဆိုရင် ကြည့်ရတာအရမ်းလှပါတယ်။ ဒါကြောင့် ခြေတံလေးတွေကို ရှည်ပြီးသွယ်လျသွားစေမယ့် ဖက်ရှင်တွေကို မျှဝေပေးချင်ပါတယ်။

ဒီဖက်ရှင်လေးတွေက အရပ်ပုတဲ့သူတွေဆိုရင်လည်း ခြေတံလေးရှည်သွားစေမယ်။ ၀တဲ့သူတွေဆိုရင်လည်း ပုံမှန်ထက်ပိုပြီး သွယ်သွားစေမှာပါ။

Crop အင်္ကျီလေးတွေကို Waist ဘောင်းဘီရှည်လေးတွေနဲ့ တွဲဝတ်တာဟာ ခြေတံကိုပိုရှည်သွားသလိုဖြစ်စေပါတယ်။ ဒါကြောင့် ခြေတံရှည်တာလေးလိုချင်ရင်တော့ ဒီလိုဖက်ရှင်မျိုးကို ရွေးချယ်လိုက်ပါ။

stripe min


High Waisted Pants နဲ့ Skirts တွေက ခြေတံကို ပုံမှန်ထက်ပိုရှည်သလိုဖြစ်သွားစေတဲ့အတွက် ခြေတံရှည်ရှည်လေးဖြစ်ချင်ရင် ဒီလို High Waisted Pants နဲ့ Skirts တွေကိုပဲ အမြဲဝတ်ပါ။ အရပ်ပုတဲ့သူတွေဆိုလည်း ဒီလိုလေးတွေဝတ်ပြီး ဒေါက်ဖိနပ်လေးသာစီးလိုက်ရင် အရပ်ရှည်သလိုဖြစ်သွားစေမှာပါ။

white min


ဒူးခေါင်းအထက်နားရောက်တဲ့ Pencil Skirt တွေနဲ့ ဒေါင်လိုက်စင်း Skirt လေးတွေက ၀တ်လိုက်တာနဲ့ ခြေတံကိုသွယ်လျပြီး ရှည်သွားစေပါတယ်။ ဒါကြောင့် ဒီလိုဖက်ရှင်မျိုးကိုလည်း ရွေးချယ်နိုင်ပါတယ်။

pencil min


Monochromatic Style လေးကလည်း ၀တ်လိုက်တာနဲ့ ခြေတံလေးကိုသွယ်ပြီး ရှည်သွားစေပါတယ်။ ဒီဖက်ရှင်မျိုးကျတော့ အေးတဲ့နေရာဒေသတွေနဲ့ အအေးပိုင်းဒေသတွေကို ခရီးသွားတဲ့အခါမျိုးမှာ ၀တ်ဆင်လို့အဆင်ပြေပါတယ်။

brown min


Asymmetrical Skirt လေးတွေနဲ့ ဂါဝန်လေးတွေကလည်း ခြေထောက်လေးကို သွယ်လျသွားစေပါတယ်။ ဒီလိုဖက်ရှင်မျိုးကျတော့ ဒေါက်ဖိနပ်လေးတွေစီးတာနဲ့ပဲ ပိုလိုက်ဖက်မှုရှိပါတယ်။ ဒါကြောင့် ခြေတံလေးသွယ်ပြီး ရှည်သွားချင်ရင် နောက်ထပ်ဒီဖက်ရှင်လေးကို ရွေးချယ်နိုင်ပါတယ်။

midi min

ဖက်ရှင်နဲ့ပတ်သက်ပြီး ပြင်ဆင်ပုံ အမှားလေးတွေ

black min


Vertical Lines အ၀တ်အစားဖက်ရှင်တွေကလည်း ခြေတံလေးကိုသွယ်လျပြီးရှည်သွားစေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် ဒီဖက်ရှင်လေးက ၀တ်လိုက်တာနဲ့ အရပ်ကိုရှည်သလိုဖြစ်သွားစေပါတယ်။

short min


ဒေါက်ဖိနပ်အမြင့်တွေစီးပေးတာကလည်း ခြေတံလေးကိုသွယ်ပြီး ရှည်သွားစေပါတယ်။ ဒါကြောင့် ခြေတံရှည်ရှည်သွယ်သွယ်လေးဖြစ်ချင်ရင် ဖိနပ်ရွေးချယ်တာကလည်း အဓိကကျပါတယ်။

heels min

 

Source:my news

Read 1288 times
Rate this item
(2 votes)