What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိုးအေးအေးနဲ့ အလိုက်ဖက်ဆုံး ဖက်ရှင်ပုံစံဆိုရင်

မိုးအေးအေးနဲ့ အလိုက်ဖက်ဆုံး ဖက်ရှင်ပုံစံဆိုရင် facebook

Monsoon Special ဆိုတော့ မိုးရာသီ ဖက်ရှင်လမ်းညွှန်လေး ရေးရမှာပေါ့။

ဒါ ပေမယ့် ဘာတွေ ဝတ်၊ ဘာတွေတော့ မလုပ်နဲ့ဆိုတာတွေ ပျင်းလို့ အခုလို မိုး တွေ နေ့တိုင်းရွာစွေနေတဲ့အချိန်မှာ ရာ သီဥတုနဲ့လည်း လိုက်ဖက်ပြီး ဖက်ရှင် လည်း ဖြစ်စေဖို့ အပေါ်ထပ်လေးတွေ ကို အမိစားလေးဖြစ်အောင် ဘယ်လို ဝတ်မလဲဆိုတာလေးပဲ ပြောပြလိုက်မယ် နော်။

မိုးရာသီကတော့ Layer လေးတွေ ထပ် ဝတ်တာ အလိုက်ဖက်ဆုံးပါပဲ။

20264888 1768418976518823 359344758913260134 n

မိုးမရွာ တာနဲ့ ပူလာတာပဲဆိုတော့ ပြန်ချွတ်ထား လို့လည်း ရှိုးမပျက်သွားဘူးပေါ့။

အခု ဓာတ်ကျနေတာကတော့ ခေါင်းစွပ် ဆွယ်တာတွေကိုပါပဲ။

ဒါတွေက ဘောင်း ဘီနဲ့ ပေါ့ပေါ့ပါးပါး ဝတ်သွားလည်း စတိုင်ကျသလို အခုခေတ်စားနေတဲ့ စကတ်အကားလေးတွေ၊ ဂါဝန်လေးတွေ ပေါ်ကနေ ထပ်ဝတ်လည်း မိုက်တာပဲ။

မိန်းကလေးဆန်ဆန် ဆွယ်တာလေး တွေကို ကြိုက်လည်း အခုအချိန်မှာ အို ခေပါပဲ။

ဆွယ်တာဆိုတာမှာ သိုးမွှေးတွေ၊ ကက်ရှ် မီးယားထည်တွေက ဖက်ရှင်အတွက် ပို အထာကျတယ်နော်။

ဂျင်းန်နဲ့ တွဲတွဲ၊ တခြား Fabric တွေနဲ့တွဲတွဲ သူက ပို မိုက်လာစေတာပဲရှိတယ်။

20374617 1768419166518804 2870591836108438149 n

ချစ်စရာ ကောင်းတဲ့ဖီလင်လေးအတွက်လည်း အားသာချက် ရှိပါတယ်။ မိုးမစိုမယ့် နေ့ တော့ ဖြစ်ဖို့လိုတာပေါ့။

မိုးရာသီမို့ အောက်ပိုင်းကိုတော့ အတို လေးတွေ ရွေးတာက မြန်မြန် ပြန် ခြောက်သွေ့ဖို့ အထောက်အကူဖြစ်တာ မို့ အပေါ်ဘက်ကိုတော့ ထူထူထဲထဲ ဖို့ ရို့ဖားယားလေးတွေ နေ့တိုင်းပဲ ရွေးချယ် ပစ်လိုက်ပါ။

အဲဒီတော့ Cardigan အတိုလေးတွေ၊ အရှည်လေးတွေ အားလုံးလည်း ဒီချိန်မှာ အသုံးဝင်ပြီနော်။

20258506 1768419373185450 8531750186583058284 n

 

ဒါတွေကို မဂွမ်းရလေ အောင် ဖိနပ်ကိုတော့ လိုက်လိုက်ဖက် ဖက်လေး ရွေးချယ်ပါလို့ တိုက်တွန်းပါရ စေ။

အပေါ်က ဒူးလောက်အရှည် အပေါ်ထပ်နဲ့ အောက်က ညှပ်ဖိနပ်ကတော့ ကမ်းခြေမှာ ကြည့်ကောင်းပေ မယ့် Casual Wears အနေနဲ့တော့ နိုးဂွတ်ပါ။

ဒါကြောင့် Cardigan တွေ ဆိုရင်တော့ အတွဲအစပ်လုပ်မယ့် ဖိနပ် လေးကိုပါ အာရုံစိုက်ပေးပါ။

ဖိနပ်လို့ဆိုရင်းနဲ့ တစ်ဆက်တည်း ပြော လိုတာက ဒီလိုရာသီမှာ မိုးရာသီနဲ့ လိုက် ဖက်တဲ့ ဖိနပ်မျိုးမှသာ အဆင်ပြေဆုံး ဖြစ်မှာပေမယ့် အခုပြောထားတဲ့ အပေါ် ထပ်တွေနဲ့ တွဲဖို့ကိုတော့ ဖိနပ်အမြင့်တွေ ကိုပဲ ဦးစားပေးပါလို့။ 

ယောကျာ်းဆန်ဆန်လေး ကြိုက်တာဆို ရင် ဂျက်ကက်လေးတွေ ရှိပါတယ်။

20264870 1768419296518791 1961472709902179241 n

 

ထူထူထဲထဲ၊ ပွယောင်းယောင်းတွေထက် ကော်လာမပါတာတွေ၊ အသားပါးပါး ဂျက်ကတ်လေးတွေက အခုလို မိုးလေး သည်းလိုက်၊ နေပြန်ပူလိုက် ရက်တွေမှာ ပိုအဆင်ပြေစေပါတယ်။

ဒါတွေကို ဘောင်းဘီလေးတွေနဲ့ တွဲလည်း ရသလို ဂါဝန်လေးတွေနဲ့ တွဲလည်း ရပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့တော့ အရောင် လေးတွေကို စိုစိုလေးနဲ့ လတ်ဆတ်သွား စေမှာမျိုး ရွေးပေးဖို့ပါ။ နဂိုဝတ်နေကျ တွေထက် ကိုယ့်ကို မြင်လိုက်တာနဲ့ လန်း ဆန်းသွားစေမယ့် အရောင်စိုစိုလေးတွေ က မိုးရာသီနောက်ခံနဲ့ဆို အတော်လေး အလုပ်ဖြစ်ပါတယ်။ အနက်ခရေဇီဆိုရင်တောင် ဒီရာသီမှာတော့ အပြောင်းအလဲ လေး ပြောင်းကြိုက်ကြည့်ပါ။

source now magazine

Read 1135 times
Rate this item
(1 Vote)